အောက်တို ဘာလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့်
မြောက်ကိုရီးယား နိုင်ငံ၏ အဏုမြူဗုံး စမ်းသပ် ဖောက်ခွဲ မှုသည် ပြင်းထန်သော နိုင်ငံတကာ
တုန့်ပြန် မှုများကို ပေါ်ပေါက် စေပြီးနောက် အောက်တို ဘာလ ၁၄ ရက်နေ့ တွင် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက
မြောက်ကိုရီးယား နိုင်ငံအပေါ် ကုလသမဂ္ဂ ပဋိညာဉ် အခန်း ၇ အရ အရေးယူ ပိတ်ဆို့သည့် ဆုံးဖြတ်ချက်
တစ်ရပ်ကို ချမှတ်ခဲ့ ပါသည်။ တရုတ်နှင့် ရုရှားတို့၏ ကန့်ကွက်မှု ကြောင့် ထို ဆုံးဖြတ်ချက်
တွင် စစ်ရေးအရ အရေးယူရန် ခွင့်ပြုချက် မပါဝင် ခဲ့သော်လည်း မြောက်ကို ရီးယား သဘောင်္ များကို
ရပ်တန့် ရှာဖွေရန် ကိုမူ ခွင့်ပြုထား ခဲ့သည်။ ထို ခွင့်ပြုချက် ကြောင့် မြောက် ကိုရီးယားနှင့်
အမေရိကန် ရေတပ်ဖွဲ့များ အကြား ထိပ်တိုက် ရင်ဆိုင်မှုများ ပေါ်ပေါက် လာမည်ကို စိုးရိမ်မှုများ
ပေါ်ပေါက် လာခဲ့သည်။ မြောက်ကိုရီးယား သံအမတ် ကမူ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို
တရား မျှတမှု မရှိဟု ပယ်ချခဲ့ပြီး အမေရိကန် နိုင်ငံက မြောက် ကိုရီးယားကို ဖိအားပေး မှုများ
တိုးမြှင့် ပြုလုပ်ပါက စစ်ကြေညာ သည်ဟု ယူဆသွားမည်ဟု ပြောကြား ခဲ့ပါသည်။
ဤကဲ့သို့ ကိုရီးယား ကျွန်းဆွယ် ပြဿနာသည်
သံတမန် ရေးအရ ဖြေရှင်းသည့် အဆင့်မှ စစ်ရေး အရ ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခ ဖြစ်ပွားမည့်
အခြေအနေသို့ ဦးတည် နေသော အခြေအနေတွင် မြောက်ကိုရီးယား တပ်မတော်၏ အခန်း ကဏ္ဍသည် ရှေ့တန်းသို့
ရောက်လာပြီ ဖြစ်ရာ ကင်ဂျုံအီလ်နှင့် မြောက်ကိုရီးယား တပ်မတော်ကြား ဆက်ဆံရေး အခြေအနေကို
လေ့လာ ဆန်းစစ် ကြည့်သင့် ပေသည်။
မြောက်ကိုရီးယား နိုင်ငံတွင် နိုင်ငံတော်
အာဏာသည် ကိုရီးယား အလုပ်သမား ပါတီ၊ တပ်မတော်နှင့် လုံခြုံရေး ဆိုင်ရာ အဖွဲ့အစည်း များနှင့်ေ
ခါင်းဆောင်များ၏ မိသားစု ဝင်များ စသည့် အုပ်စုကြီး သုံးစုပေါ်တွင် မူတည် နေသည်ကို တွေ့ရသည်။
ကင်အီဆွန်း လက်ထက်တွင် ထိုအုပ်စု သုံးခုတွင် တန်ခိုး အထွားဆုံး ဖြစ်ခဲ့သော်လည်း ကင်ဂျုံအီလ်
လက်ထက် တွင်မူ တပ်မတော်က ရှေ့တန်းသို့ ရောက်လာသည်ကို တွေ့ရပါသည်။
ပါတီ၊
တပ်မတော်နှင့် စစ်ရေး အဓိက မူဝါဒ
တစ်ပါတီ စနစ် ကျင့်သုံးသော မြောက်ကိုရီးယား
နိုင်ငံတွင် နိုင်ငံရေး ဦးဆောင် ပါတီ ဖြစ်သည့် ကိုရီးယား အလုပ်သမား ပါတီ Korean
Workers Party, KWP က တပ်မတော်ကို နိုင်ငံရေး ဦးဆောင်မှု ပေးသည်ဟု ယူဆရန် ရှိပါသည်။
သို့သော် မြောက်ကိုရီးယား နိုင်ငံတွင် အခြေအနေသည် အခြား ကွန်မြူနစ် နိုင်ငံများနှင့်
မတူ ကွဲပြားနေ သည်ကို လေ့လာ တွေ့ရသည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်အီဆွန်း
လက်ထက်တွင် တပ်မတော်သည် ပါတီ ဗဟို စစ်ကော်မရှင် ၏ ကွပ်ကဲမှု အောက်တွင် ရှိပြီး ကာကွယ်ရေး
ဆိုင်ရာ ကိစ္စများကို ကော်မရှင်ထံမှ တဆင့် ခေါင်းဆောင်ကြီး ကင်အီဆွန်း ထံသို့ ဆက်လက်
တင်ပြခဲ့ ရသည်။ သို့သော် ကင်အီဆွန်း ကွယ်လွန် ပြီးနောက် သားဖြစ်သူ ကင်ဂျုံအီလ် လက်ထက်
၁၉၉၈ ခုနှစ်တွင် ကျင်းပ ခဲ့သည် ၁ဝ ကြိမ်မြောက် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်မှုများ ပြုလုပ်ခဲ့ ပါသည်။ ထိုပြင်ဆင်မှုများ အနက်
အရေး အကြီးဆုံး ပြင်ဆင်ချက်မှာ နိုင်ငံတော် ကာကွယ်ရေး ကော်မရှင် (National Defence
Commissionn,NDC) ကို နိုင်ငံတော်၏ အမြင့်ဆုံးသော အာဏာပိုင် အဖွဲ့အစည်း အဖြစ် သတ်မှတ်
ခဲ့ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ယခင်က ပေါ်လစ် ဗျူရိုနှင့် ဗဟို စစ် ကော်မရှင်၏ အောက်တွင်
ရှိသော အမျိုးသား ကာကွယ်ရေး ကော်မရှင်သည် ပေါ်လစ် ဗျူရို၏ အထက်သို့ ရောက်သွားကာ ကင်ဂျုံအီ၏
အရိုက်အရာ ဆက်ခံရေး အပါအဝင် နိုင်ငံတော်၏ နိုင်ငံရေး၊ ကာကွယ်ရေး၊ စီးပွားရေး မူဝါဒ
များကို ကိုင်တွယ် ဆောင်ရွက်မည့် အာဏာ ရရှိသွား ခဲ့သည်ကို တွေ့ရသည်။ ထိုပြောင်းလဲမှု
များနှင့်အတူ ကင်ဂျုံအီ သည် စစ်ရေးအဓိကမူဝါဒ (Son' gun Chongch'i) ကို ချမှတ်ခဲ့သည်။
ထိုမူဝါဒ အရ နိုင်ငံတော်၏ ကဏ္ဍ အားလုံးသည် နိုင်ငံတော် ကာကွယ်ရေး အတွက် ဦးတည်ေ ပါင်းစပ်
ဆောင်ရွက် ရမည် ဖြစ်သည်။ ထိုမူဝါဒ အရ ကိုရီးယား အလုပ်သမား ပါတီကပင် ပါတီသည် တပ်မတော်
ပင်ဖြစ်သည်။ တပ်မတော် သည်လည်း ပါတီပင် ဖြစ်သည် (The Party is the very Army, The
Army is the very Party) ဟု ကြွေးကျော် သံကို ချမှတ်ခဲ့ ရသည်။ တနည်းအားဖြင့် ကင်ဂျုံအီသည်
အမေရိကန်နှင့် ထိပ်တိုက်တွေ့မည့် အလားအလာ များကို မျှော်မှန်းပြီး နိုင်ငံရေး၊ စီးပွားရေး
ကဏ္ဍ အားလုံးကို စစ်ဘက် ချုပ်ကိုင်မှု အောက်သို့ သွတ်သွင်း ထားခဲ့သည်ဟု ဆိုနိုင်ပေသည်။
ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင်
ကင်အီဆွန်းသည် သားဖြစ်သူ ကင်ဂျုံအီလ် ကို ၎င်း၏ အရိုက်အရာကို ဆက်ခံ နိုင်ရေး အတွက် ပြင်ဆင်
ခဲ့ရာတွင် ကင်ဂျုံအီလ်ကို ပါတီ တာဝန်များ ပေးအပ်သည့် နည်းတူ စစ်ဘက် ဆိုင်ရာ တာဝန်များ
ကိုလည်း ပေးအပ် ခဲ့သည်။ ကင်ဂျုံအီလ်သည် ၁၉၈ဝ ပြည့်နှစ်တွင် ဗဟို စစ်ကော်မရှင် ပထမ ဒုတိယ
ဥက္ကဌ ဖြစ်လာ ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် နိုင်ငံတော် ကာကွယ်ရေး ကော်မရှင်၏ ပထမ ဒုတိယ
ဥက္ကဌ ဖြစ်လာခဲ့သည်။ ထို့နောက် ၁၉၉၁ ခုနှစ် ဒီဇင် ဘာလတွင် တပ်မတော် စစ်သေနာ ပတိချုပ်၊
၁၉၉၂ ခုနှစ် သြဂုတ်လတွင် စစ်သူကြီး (Field Marshal)၊ နှင့် ၁၉၉၃ ခုနှစ် ဧပြီလတွင် နိုင်ငံတော်
ကာကွယ်ရေး ကော်မရှင်၏ ဥက္ကဌ အဖြစ် အဆင့်ဆင့် တိုးမြှင့် ခန့်ထားခြင်း ခံခဲ့ရ လေသည်။
ကင်ဂျုံအီလ်သည် ထိုစစ်ဘက် ဆိုင်ရာ ရာထူးနှင့် အရှိန်အဝါ သြဇာများကို အသုံးချပြီး တပ်မတော်
အတွင်း အရေးပါသော ရာထူး နေရာ များတွင် ၎င်း၏ သစ္စာခံများကို ခန့်အပ် ခဲ့သည်။ ထို့ကြောင့်
ဖခင် ဖြစ်သူ ကွယ်လွန် ချိန်တွင် အာဏာရ ကိုရီးယား အလုပ်သမား ပါတီနှင့် အစိုးရ အဖွဲ့အတွင်းမှ
ပြိုင်ဖက် အုပ်စုများကို တပ်မတော်၏ ထောက်ခံမှုဖြင့် တစ်ဖြေးဖြေးခြင်း ဖယ်ရှားကာ ၎င်း၏ သြဇာ
အာဏာကို ခိုင်မာအောင် တည်ဆောက် နိုင်ခဲ့သည်။ ထို့အတွက် ကြောင့်လည်း ကင်ဂျုံအီလ် နိုင်ငံ
ခေါင်းဆောင် ဖြစ်လာချိန်တွင် နိုင်ငံတော် ကာကွယ်ရေး ကော်မရှင် ဥက္ကဌ ရာထူးကို စွန့်လွှတ်ခြင်း
မပြုပဲ ဆက်လက် ရယူထားကာ တပ်မတော်ကို ၎င်း၏ အာဏာ အခြေခံအဖြစ် ဆက်လက် ထားရှိခဲ့သည်။ ထို့အတူ
မြောက်ကိုရီးယား အစိုးရ၏ မူဝါဒ ချမှတ်ခြင်း လုပ်ငန်းစဉ် များတွင်လည်း တပ်မတော်၏ သြဇာ
သက်ရောက်မှုမှာလည်း ပိုမိုကြီးမားလာခဲ့သည်။
တပ်မတော်
အပေါ် စုစည်း ချုပ်ကိုင်မှု
ကင်အီဆွန်း လက်ထက်တွင် နိုင်ငံရေး၊ စစ်ရေး၊
စီးပွားရေး ကိစ္စအားလုံးနှင့် ပတ်သက်သော သတင်း အချက်အလက် များကို ပါတီ ပေါ်လစ် ဗျူရို၊
ဗဟို စစ်ကော်မရှင်နှင့် အတွင်း ရေးမှူးများ အဖွဲ့မှ တဆင့် ရယူခဲ့သည် ကို တွေ့ရသည်။
ကင်ဂျုံအီလ် လက်ထက် တွင်မူ စစ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စများကို နိုင်ငံတော်
ကာကွယ်ရေး ကော်မရှင်နှင့် စစ်ဦးစီး ဌာနချုပ် တို့သည် ကင်ဂျုံအီလ် ထံသို့ တိုက်ရိုက်
သတင်းပို့ ဆောင်ရွက် ခဲ့သည်ကို တွေ့ရသည်။ ကင်ဂျုံအီလ် သည် စစ်ဆင်ရေး ကိစ္စရပ် များကို
စစ်ဦးစီး အဖွဲ့ထံမှ လည်းကောင်း၊ ဗိုလ်မှူးချုပ်နှင့် အထက် အရာရှိ ကြီးများနှင့် ပတ်သက်သော
သတင်း အချက်အလက် များကို တပ်မတော် နိုင်ငံရေး ဗျူရို ထံမှ လည်ကောင်း၊ လုံခြုံရေး ဆိုင်ရာ
ကိစ္စများကို နိုင်ငံရေး လုံခြုံမှု ဌာနမှ လည်းကောင်း နေ့စဉ် ရရှိခဲ့သည်။ ထို့ပြင် တပ်မတော်
အတွင်း နိုင်ငံရေး ခံယူချက် ပြည့်ဝမှု အခြေအနေ များကို ပါတီ စည်းရုံးရေး ဌာနကြီး မှလည်း
စောင့်ကြည့်ပြီး နေ့စဉ် တင်ပြခဲ့ ရသဖြင့် ကင်ဂျုံအီလ် သည် တပ်မတော် အတွင်း ဖြစ်ပျက်
နေသမျှ အခြေအနေ အားလုံးကို ဘက်စုံမှ စောင့်ကြည့်ပြီး ထိန်းချုပ် ထားခဲ့သည်။
ကင်ဂျုံအီလ် နိုင်ငံခေါင်းဆောင် ဖြစ်လာချိန်တွင်
တပ်မတော် ထိပ်ပိုင်း ရာထူးကြီးများကို ကင်အီဆွန်းနှင့် ပြောက်ကျား တိုက်ပွဲ အတူ ဆင်နွဲခဲ့သော
အရာရှိ ကြီးများက ရယူထား ခဲ့သည်။ ထိုအရာရှိ ကြီးများသည် ကင်အီဆွန်း အပေါ် အလွန်အမင်း
သစ္စာစောင့်သိ သော်လည်း ကင်ဂျုံအီလ်၏ ခေါင်းဆောင်မှုစွမ်းရည် အပေါ် သံသယ ရှိခဲ့ကြသည်။
သို့သော် ကာကွယ်ရေး ဝန်ကြီး O Chin U ၊ ဒုတိယကာကွယ်ရေးဝန်ကြီး Kinm Kwang Chin ၊ စစ်ဦးစီးချုပ် တို့က ကင်ဂျုံအီလ် အပေါ် ထောက်ခံ ခဲ့သည်။ ကင်ဂျုံအီလ်
ကလည်း ထိုပထမ မျိုးဆက် အရာရှိ ကြီးများကို ဖြုတ်ထုတ်ခြင်း မပြုပဲ၊ လက်ရှိ ရာထူးများတွင်
ဆက်လက် ထားရှိ ခဲ့သည်။ သို့သော် ၁၉၉၉ ခုနှစ်တွင်မူ ထိုအရာရှိ ကြီးများ အားလုံး နီးပါးသည်
ဇရာ၊ မရဏ အကြောင်း ကြောင်းများနှင့် တပ်မတော်မှ ထွက်ခွာ သွားခဲ့ ကြပြီ ဖြစ်သည်။ ထိုနေရာ
များတွင် ကင်ဂျုံအီလ်ကို အဓိက ထောက်ခံသူများ ဖြစ်သည့် ဒုတိယ မျိုးဆက် တပ်မတော် အရာရှိများက
တာဝန်ယူနေပြီ ဖြစ်သည်။ ထိုအရာရှိ ကြီး အများစုမှာ ကင်ဂျုံအီ နှင့်အတူ Mangyongdae တော်လှန်ရေး
တက္ကသိုလ်တွင် အတူ တက်ရောက် ခဲ့ကြသူများ ဖြစ်ပြီး ကင်ဂျုံအီလ် ၏ အဓိက အာဏာ ထောက်တိုင်
များလည်း ဖြစ်ကြသည်။ ထိုဒုတိယ မျိုးဆက် အရာရှိကြီးများ အတွင်းတွင် ကင်ဂျုံအီလ် နှင့်
အနီးစပ်ဆုံး သူများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
(က)
|
ဗိုလ်ချုပ်ကြီး
Pak Chae Kyong ။ တပ်မတော် နိုင်ငံရေး ဗျူရို၏ ဒုတိယ အကြီးအကဲ
ဖြစ်သည်။ တပ်မတော် အတွင်း သဘောတရား ရေးရာ ခိုင်မာမှု ရှိစေရန်၊ လေ့ကျင့် ပညာ ပေးခြင်း၊
ဝါဒ ဖြန့်ချီခြင်း လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်သည်။
|
(ခ)
|
ဗိုလ်ချုပ်ကြီး
Yi Myong Su။ စစ်ဦးစီး အဖွဲ့၏ စစ်ဆင်ရေး ဌာနကြီးမှူး
ဖြစ်သည်။ ကြည်း တပ်မတော် အတွက် သာမက လေတပ်၊ ရေတပ်၊ အလုပ်သမား၊ လယ်သမား တပ်ဖွဲ့နှင့်
ပြည်သူ့စစ် တပ်ဖွဲ့များ၏ေ လ့ကျင့်ရေး၊ စစ်ဆင်ရေး ကိစ္စများကို တာဝန်ယူ ဆောင်ရွက်သည်။
စစ်ဦးစီးချုပ်များကို ကျော်လွန်ပြီး ကင်ဂျုံအီလ်ထံ တိုက်ရိုက် တွေ့ဆုံ သတင်းပို့
နိုင်ခွင့် ရှိသူ ဖြစ်သည်။
|
(ဂ)
|
ဗိုလ်ချုပ်ကြီး
Hyon Choi Hae။ ၁၉၉ဝ ပြည့်လွန် နှစ်များတွင် တပ်မတော် အုပ်ချုပ်
ထောက်ပံ့ရေး ဌာနကြီးမှူး အဖြစ် တာဝန်ယူစဉ် ကင်ဂျုံအီလ်မှ သဘောကျပြီး ခေါ်ယူ မြှောက်စားခြင်း
ခံရသူ ဖြစ်သည်။ နိုင်ငံရေး ဌာနတွင် စည်းရုံးရေး တာဝန် ယူခဲ့ပြီးနောက် ယခု အချိန်တွင်
အသစ် ဖွဲ့စည်းသည့် အုပ်ချုပ်ရေး ဌာန၏ ဒုတိယ တာဝန်ခံ အဖြစ် တာဝန် ထမ်းဆောင်လျှက် ရှိသည်။
၎င်း၏ အဓိက တာဝန်မှာ ကင်ဂျုံအီလ်၏ အရိုက်အရာကို ဆက်ခံမည့် သူအား စစ်ဘက် ဆိုင်ရာများ
လေ့ကျင့် သင်ကြား ပေးရေးနှင့် ကင်ဂျုံအီလ်၏ တပ်မတော် တပ်ဖွဲ့များကို လှည့်လည် စစ်ဆေးသည့်
ခရီးစဉ်များအား စီစဉ် ညွှန်ကြား ရခြင်းဖြစ်သည်။
|
တစ်ချိန် တည်းတွင်ပင် အမေရိကန် နိုင်ငံနှင့်
ဆက်ဆံရေး တင်းမာ လာသည် နှင့်အမျှ ကင်ဂျုံအီလ်သည် တပ်မတော် အရာရှိ ကြီးများကို သူ၏ အတွင်းစည်း
အဖွဲ့အတွင်း၌ ပိုမို နေရာ ပေးလာသည် ကိုလည်း တွေ့ရပါသည်။
၂ဝဝ၃ ခုနှစ်မှ စတင်ပြီး ကင်ဂျုံအီလ်၏
လူထု ရှေ့မှောက်သို့ ထွက်ပေါ် ခဲ့သည့် အခမ်းအနားများ၊ ခရီးစဉ်များ၏ ၅ဝ% ကျော်မှာ စစ်ရေးနှင့်
ပတ်သက် သည်ကို တွေ့ရပါသည်။ အလားတူပင် ယခင်က ကင်ဂျုံအီလ်၏ စစ်ဆေးရေး ခရီးစဉ် များတွင်
လိုက်ပါသူ အများစုမှာ ပါတီ အရာရှိများ ဖြစ်သော်လည်း ၂ဝဝ၃ ခုနှစ်မှ စတင်ပြီး စစ်ဘက်
အရာရှိများက အများစု ဖြစ်လာ သည်ကို တွေ့ရပါသည်။ ထို့ပြင် ၁၉၉၁ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်
အတွင်းတွင် ကင်ဂျုံအီလ်သည် တပ်မတော် အရာရှိကြီးပေါင်း တစ်ထောင့် နှစ်ရာ ကျော်အား ဗိုလ်ချုပ်နှင့်
အထက် ရာထူးများသို့တိုးမြှင့် ခန့်အပ်ပြီး အရေးကြီးသော ရာထူး နေရာများတွင် တာဝန် ပေးခြင်းဖြင့်
တပ်မတော် အတွင်း ၎င်း၏ အနေအထားကို ခိုင်မာအောင် ဆောင်ရွက် ခဲ့သည်ကို တွေ့ရပါသည်။
နိုင်ငံခြားရေး
မူဝါဒ
ယျေဘူယျ အားဖြင့် မြောက် ကိုရီးယားနိုင်ငံ၏
နိုင်ငံခြား ရေးမူဝါဒကို ပါတီနှင့် အစိုးရအဖွဲ့မှ ချမှတ် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း
ကင်ဂျုံအီလ် အနေဖြင့် စစ်ဘက်၏ သဘောထားများကို အလေးပေး စဉ်းစား ခဲ့သည်ကို တွေ့ရ ပါသည်။
မြောက် ကိုရီးယား တပ်မတော် အနေဖြင့် အမေရိကန် နိုင်ငံ၏ ခြိမ်းချောက်မှု အန္တရာယ်မှ ကာကွယ်ရန်
အကောင်းဆုံး နည်းလမ်းမှာ အဏုမြူ လက်နက် ပိုင်ဆိုင်ခြင်း သာဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ကင်အီဆွန်း
လက်ထက် ၁၉၉၄ ခုနှစ်တွင် အဏုမြူ လက်နက် အစီအစဉ်ကို ရပ်ဆိုင်းပြီး အမေရိကန် ပြည်ထောင်စုနှင့်
အပေးအယူ ပြုလုပ် ခဲ့မှုကို ကျေနပ်မှု မရှိလှ သော်လည်း ကင်အီဆွန်း၏ အရှိန်အဝါကြောင့် လက်ခံ
ခဲ့ရသည်။ ကင်ဂျုံအီလ် လက်ထက် တွင်လည်း ၁၉၉၄ခုနှစ် သဘော တူညီချက်ကို ဆက်လက် ထိန်းသိမ်းထား
ခဲ့သည်။ သို့သော် ဘုရှ်အစိုးရ အာဏာ ရလာ ချိန်တွင်မူ တပ်မတော် အတွင်းရှိ သဘောထား ပြင်းထန်
သူများ စောင့်စား နေသော အခွင့်အရေးကို အမေရိကန် တို့က ဖန်တီး ပေးခဲ့ တော့သည်။ ရီပတ်
ဘလီကင် ပါတီမှ ကွန်ဆာ ဗေးတစ် လက်သစ် ဝါဒီများသည် ကလင်တန် ဆောင်ရွက် ခဲ့သော မြောက် ကိုရီးယားတို့၏
အဏုမြူ လက်နက် စီမံကိန်းကို ရပ်ဆိုင်းပြီး အမေရိကန်နှင့် တောင်ကိုရီးယား ဂျပန်တို့က
အပြန်အ လှန်အားဖြင့် ရေနံ လောင်စာ ထောက်ပံ့ခြင်း၊ အဏုမြူ ဗုံး ထုတ်လုပ်၍ မရသည် အဏုမြူ
ဓာတ်အားပေး စက်ရုံတစ်ခု တည်ဆောက် ပေးသည့် သဘော တူညီချက်ကို လုံးဝ သဘောကျ ခဲ့သူများ
မဟုတ်ပေ၊ ၎င်းတို့က မြောက်ကိုရီးယားကို အပေးအယူ လုပ်ရန် မလို၊ ဖိအားပေးလျှင် ဆိုဗီယက်
ပြည်ထောင်စု လိုပင် အချိန်တန်လျှင် ပြိုကွဲ သွားမည်ဟု ယူဆ သူများဖြစ်ရာ ၂ဝဝ၂ ခုနှစ်အစတွင်
မြောက်ကိုရီးယား ကို မကောင်းဆိုးဝါး နိုင်ငံ သုံးနိုင်ငံ စာရင်းတွင် ထည့်သွင်း ခြင်းဖြင့်
ဖိအားပေး မှုများကို စတင်ခဲ့သည်။ ထိုနှစ် ကုန်ခါနီး တွင်မူ ဘုရှ်က မြောက် ကိုရီးယားနိုင်ငံ
အပေါ် ရေနံ ထောက်ပံ့ ကူညီမှုများ ဆက်လက် ပြုလုပ်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး မြောက်
ကိုရီးယားသည် အဏုမြူ စီမံကိန်းကို လျှို့ဝှက် လုပ်ဆောင် နေကြောင်း စွပ်စွဲ ခဲ့သည်။
ထိုအချိန်တွင် မြောက် ကိုရီးယားနိုင်ငံရှိ အဏုမြူ ဓာတ်အားပေး စက်ရုံများကို ၁၉၉၄ ခုနှစ်
သဘော တူညီချက် အရ နိုင်ငံတကာ အဏုမြူ စွမ်းအင် ကော်မရှင်က ချိတ်ပိတ် ထားခြင်း၊ စောင့်ကြည့်သည့်
ကင်မရာများ တပ်ဆင်ခြင်း တို့ကို ပြုလုပ်ထားရာ အမေရိကန် တို့၏ စွပ်စွဲချက် အပေါ် ယုံကြည်မှု
မရှိသူ အများအပြား ရှိခဲ့ ကြသည်။
မြောက် ကိုရီးယား စစ်ခေါင်းဆောင်များက
အမေရိကန်တို့သည် မြောက် ကိုရီးယားကို ဖြိုခွဲမည့် အကြံအစည်ကို မည်သည့် အခါမျှ လက်လျှော့မည်
မဟုတ်ကြောင်း ယခု အဖြစ် အပျက်က သက်သေခံ နေသည်ဟု ယုံကြည်ခဲ့ ကြသည်။ ကင်ဂျုံအီလ် ကလည်း
ထိုသဘောထား ကို လက်ခံခဲ့ဟန် တူသည်။ ထို့ကြောင့် ၂ဝဝ၂ ခုနှစ်ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်
အဏုမြူ စက်ရုံများကို ချိတ်ပိတ် ထားမှုများ၊ ကင်မရာ တပ်ဆင် ထားမှုများကို ဖယ်ရှားပြီး
ယူရေနီယံ သန့်စင်မှု များကို ပြန်လည် ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ ထိုမှ စတင်ခဲ့သော
တင်းမာမှု များသည် ယခု အဏုမြူ စမ်းသပ်မှု အထိ ရောက်ရှိ ခဲ့ရခြင်း ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ယခုအချိန်တွင် နှစ်နိုင်ငံလုံးမှ
မူဝါဒ ချမှတ်သူများအကြားတွင် စစ်ရေး နည်းလမ်းဖြင့် ဖြေရှင်း လိုသူများက အားကောင်း
နေပေရာ တင်းမာမှု အရှိန်အဟုန်မှာ ဆက်လက် မြင့်မားရန်သာ ရှိနေပေသည်။ ထိုကဲ့သို့ တင်းမာမှု
မြင့်တက် လာသည် နှင့်အမျှ မြောက်ကိုရီးယား တပ်မတော်နှင့် အခန်းကဏ္ဍမှာ လည်း ပိုမို အရေးပါ
လာမည်သာ ဖြစ်ပေသည်။ ထိုသို့သော အခြေအနေကို အာဏာရ ကိုရီးယား အလုပ်သမား ပါတီ အနေဖြင့်
ရေရှည်တွင် လက်ခံနိုင်စွမ်း ရှိမရှိ ကိုမူ စောင့်ကြည့် ရပေ တော့မည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်
၁။
|
North Korean Civil -
Military Trends by Ken E. Gause, Strategic Study Institute, September 2006
|
၂။
|
Time Line; North
Korea Nuclear Stand Off, BBC.com
|
No comments:
Post a Comment