ကမ္ဘာ့သမိုင်းကို အင်ပါယာ နိုင်ငံများ၏
သမိုင်းဟု ဆိုနိုင်ပေသည်။ သမိုင်းတွင် ပေါ်ထွန်းခဲ့သော အင်ပါယာ နိုင်ငံပေါင်း ငါးဆယ်မှ
ခုနှစ်ဆယ်ကြား ပေါ်ပေါက်ခဲ့ပြီး လူမျိုး ပေါင်းစုံနှင့် ကမ္ဘာ့ အစိတ်အပိုင်း အတော် များများကို
လွှမ်းမိုး အုပ်ချုပ်ခဲ့ ကြသည်။ အချို့ အင်ပါယာ ကြီးများ ပြိုကွဲ ပျောက်ကွယ် သွားသည်မှာ
ကြာမြင့် နေပြီ ဖြစ်သည့်တိုင် ထိုအင်ပါယာ ကြီးများ၏ အကျိုးဆက် များကို ယနေ့အထိ စစ်ရေး၊
စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု ကဏ္ဍ ပေါင်းစုံတွင် ခံစား နေရဆဲ ဖြစ်သည် ကိုလည်း တွေ့နိုင်
ပါသည်။ လူမျိုးရေး ပဋိပက္ခတွေ၊ နယ်နမိတ် အငြင်းပွားမှု တွေစသော ဆိုးကျိုးတွေ ကျန်ခဲ့သလို
စာပေ၊ အနုပညာ လက်ရာများ၊ သိပ္ပံပညာ စသော ကောင်းကျိုး များကိုလည်း ချန်ထားခဲ့ ကြသည်။
ယနေ့ အထိလည်း ထိုအင်ပါယာ နိုင်ငံများသည် အင်ပါယာ အဖြစ်မှ အမျိုးသား နိုင်ငံ ဘဝသို့
လျောကျပြီး ဆက်လက် ရပ်တည် နေသည်ကို ဗြိတိန်၊ ပေါ်တူဂီ၊ စပိန်၊ ပြင်သစ်၊ ရုရှား၊ ဂျပန်၊
ဂျာမနီ တရုတ်၊ စသည် တို့တွင် တွေ့မြင် နိုင်ပေသည်။ အချို့ သမိုင်း ပညာရှင်များ ဆိုပါက
ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီကို အင်ပါယာ နိုင်ငံများ ကလပ်ဟုပင် ငေါ့တော့တော့ အမည် ပေးထား
သည်ကိုလည်း တွေ့ရသည်။ သို့သော် အင်ပါယာ နိုင်ငံများကို လေ့လာ ပါက ခေတ်သစ် အင်ပါယာ နိုင်ငံများ
သည် ၎င်းတို့ရှေ့က ပေါ်ပေါက်ခဲ့သော အင်ပါယာ များထက် တစ်ဖြေးဖြေး သက်တမ်း တိုလာသည်ကို ထူးထူးခြားခြား
တွေ့ရသည်။ ၂ဝ ရာစုအတွင်း ပေါ်ပေါက် ခဲ့သော အင်ပါယာ နိုင်ငံများ ဆိုပါက လက်ချိုး ရေတွက်၍
ရသည် အထိ သက်တမ်း တိုခဲ့သည်ကို လည်း တွေ့ရပါသည်။
ရှေးရှေးတုန်းက
အင်ပါယာများ
အော့တာ ဗီးယန်ဘုရင်က ဧကရာဇ် သြဂတ်စတပ်
အဖြစ် ခံယူခဲ့သော ခရစ်တော် မပေါ်မီ ၂၇ နှစ် ဘီစီ ၂၇ တွင် စတင် ခဲ့သော ရောမ အင်ပါယာသည်
ရောမကို အခြေခံသော အနောက် ရောမ အင်ပါယာနှင့် ကွန်စတင် တီနိုပယ်မြို့ကို အခြေခံသော အရှေ့ရောမ
အင်ပါယာ (ဘာဇင်တိုင်း အင်ပါယာ) အဖြစ် နှစ်ခြမ်း ကွဲသည့် ခရစ်နှစ် ၃၉၅ အထိ နှစ်ပေါင်း
၄၂၂ နှစ်ကြာ ခဲ့လေသည်။ ဘာဇင်တိုင်း အင်ပါယာ ကမူ ထိုအချိန်မှ စပြီး အော်တိုမန် တူရကီများ
ကွန်စတင် တီနိုပယ်ကို သိမ်းပိုက်လိုက်သည့် ၁၄၅၃ ခုနှစ်အထိ နှစ်ပေါင်း ၁ဝ၅၈ နှစ် ကြာမြင့်ခဲ့သည်။
သာသာနာစောင့် ရောမ အင်ပါယာကမူ ရှာမာလိန်းကို သာသနာစောင့် ဧကရာဇ် အဖြစ် တင်မြှောက်ခဲ့သည့်
၈ဝဝ ပြည့်နှစ်မှ နပိုလီယန်က ရောမ အင်ပါယာ တည်ရှိမှုကို အဆုံးသတ် ခဲ့သည့် ၁၈ဝ၆ ခုနှစ်
အထိ တည်တံခဲ့သည်။ ထို့ကြောင့် ရောမ အင်ပါယာ များ၏ ပျှမ်းမျှ သက်တမ်းမှာ ၈၂၉ နှစ်ဟု
ဆိုရပေမည်။
အထက်ပါ ပုံစံအတိုင်း သက်တမ်း တစ်ခုတည်းဖြင့်
တွက်မည် ဆိုလျှင် ရောမ အင်ပါယာများသည် သမိုင်း တွင် သက်တမ်း အရှည်ဆုံးဟု ဆိုရပေမည်။
အရှေ့ အလယ်ပိုင်းတွင် ပေါ်ပေါက် ခဲ့သော အော်တိုမန်၊ အာဆီးရီးယန် အင်ပါယာ များက ပျမ်းမျှ
နှစ်လေးရာ ကျော်၊ အီဂျစ်နှင့် အရှေ့ဥရောပတွင် ပေါ်ပေါက်ခဲ့သော အင်ပါယာ များက နှစ်ပေါင်း
သုံးရာ့ ငါးဆယ်ခန့်၊ အလားတူပင် တရုတ် အင်ပါယာ (မင်းဆက် ဖြင့်တွက်လျှင်) များသည် လည်း
နှစ်ပေါင်း သုံးရာခန့်သာ ကြာမြင့်ခဲ့ကာ အိန္ဒိယ၊ ပါရှန်နှင့် အနောက် ဥရောပ အင်ပါယာများက
နှစ်ပေါင်း နှစ်ရာနှင့် သုံးရာ ကြားသာ ရပ်တည် နိုင်ခဲ့ ကြသည်ကို တွေ့ရ ပေသည်။ ထူးထူးခြားခြား
ပေါ်တူဂီ အင်ပါယာကမူ နှစ်ပေါင်း ငါးရာကျော် အထိ ကြာခဲ့သည်။
ပုံ ၁။ အင်ပါယာများ ၏ပျမ်းမျှ သက်တမ်း
၂ဝရာစု
အင်ပါယာ နိုင်ငံများ
၂ဝရာစုတွင် ပေါ်ပေါက် လာသော အင်ပါယာ နိုင်ငံများကမူ
နောင်တော် အင်ပါယာများနှင့် ယှဉ်လျှင် သက်တမ်း အလွန် တိုလာသည်ကို တွေ့ရပြန်သည်။ တိုင်ဝမ်ကို
သိမ်းပိုက်သည့် ၁၈၉၅ ခုနှစ်က စတင်လျှင် ဂျပန်တို့၏ အင်ပါယာ သက်တမ်းသည် နှစ်ပေါင်း ငါးဆယ်သာ
တည်တံ့ ခဲ့သည်။ ဗော်လရှီ ဗစ်တို့၏ ဆိုဗီယက် အင်ပါယာက (၁၉၂၂- ၁၉၉၁) နှစ် ခုနှစ်ဆယ် နီးပါး
ကြာခဲ့သည်။ အင်ပါယာ ဇတ်ခုံပေါ်တွင် လျှပ်တပြတ် တက်လာသူ ဟစ်တလာ၏ နာဇီ အင်ပါယာကမူ ဟစ်တလာ
အုပ်ချုပ်ခဲ့သည့် ၁၂ နှစ်တာ ကာလအတွင်း အင်ပါယာ အဖြစ် အခြား နယ်မြေများကို သိမ်းပိုက်
အုပ်ချုပ်နိုင်သည့် ကာလမှာ ခြောက်နှစ် ခန့်သာ ရှိခဲ့သည်။ ရောမ အင်ပါယာကို အသက် သွင်းလိုသူ
မူဆိုလိုနီကတော့ အင်ပါယာ အဆင့်တွင် ဖင်ပူ အောင်မထိုင် လိုက်ရပဲ ပျောက်ကွယ် သွားခဲ့သည်။
ပုံ (၂) ၂ဝ ရာစု မတိုင်မီ အင်ပါယာများနှင့်
၂ဝရာစု အင်ပါယာများသ က်တမ်း
အမေရိကန်
အင်ပါယာ
အင်ပါယာ နိုင်ငံများ အကြောင်း ဆွေးနွေးလျှင်
ပေါ်လာသည့် အငြင်းပွား ဖွယ်မေးခွန်းမှာ အမေရိကန် နိုင်ငံသည် အင်ပါယာ နိုင်ငံတစ်ခု ဖြစ်လာပြီလား
ဆိုသော မေးခွန်းပင် ဖြစ်သည်။ ဗြိတိသျှ အင်ပါယာ အောက်မှ လွပ်လပ်ရေး ရလာခဲ့သော အမေရိကန်
ပြည်သူ အများအပြားက အမေရိကန် နိုင်ငံသည် အင်ပါယာနိုင်ငံ ဖြစ်လာ ပြီဆိုသော စွတ်စွဲချက်ကို
ပြင်းပြင်း ထန်ထန် ငြင်းပယ် ခဲ့ကြသည်။ သို့တိုင်အောင် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှု
နောက်ပိုင်းတွင် အမေရိကန် တို့သည် နိုင်ငံခြားရေး မူဝါဒတွင် အင်ပါယာ ပိုဆန် လာသည်ဟု
ယူဆသူ ကမ္ဘာနိုင်ငံ အများ အပြားက ယူဆလာ သည်ကို PEW နိုင်ငံတကာ လေ့လာရေး အဖွဲ့၏ စစ်တမ်း
ကောက်ယူချက် များတွင် ဖော်ပြ လာနေ ပေသည်။ ဘုရှ်အစိုးရ အရာရှိကြီး တစ်ဦးကမူ သတင်းထောက်
Ron Suskind ကို ကျနော်တို့ဟာ သမိုင်းကို ဖန်တီး သူတွေ ဖြစ်လာပြီ၊ ကျနော်တို့ လိုခြင်တဲ့
စံအတိုင်း ကျနော်တို့ ပုံဖော် နိုင်နေပြီ၊ ဒါအင်ပါယာပဲပေါ့ ဟုပြောဆို ခဲ့သည်။ သို့သော်
ကွန်ဆာဗေးတစ် လက်သစ် ဝါဒီများကပင် အမေရိကန် အင်ပါယာ ဆိုသော စကားကို လက်မခံ နိုင်ကြသည်ကို
တွေ့ရသည်။ သူတို့ အမြင်တွင် အမေရိကန် သည် အခြား နိုင်ငံများနှင့် မတူ တစ်မူ ထူးခြား
သည် (American Exceptionalism) ၊ အမေရိကန် တို့၏ ကြီးစိုးမှု သည် အခြား နိုင်ငံများလို
မိမိ အကျိုးအမြတ် အတွက် မဟုတ် အများ ကောင်းကျိုးအ တွက် ဝင်ရောက် စွတ်ဖက် လွှမ်းမိုးရခြင်း
(Benevolent Hegemony) သာ ဖြစ်သည်ဟု ယူဆ ခဲ့သည်။ သို့သော် ထိုအယူအဆ သည် ဗြိတိသျှ၊ ပြင်သစ်၊
စပိန်၊ ဒတ်ခ်ျနှင့် ပေါ်တူဂီတို့ အင်ပါယာများ ထူထောင် ခဲ့စဉ်က ပြောခဲ့သည့် မယဉ်ကျေး
သေးသော အရိုင်းအစိုင်း များကို ယဉ်ကျေးအောင် ဆောင်ရွက် ပေးရန် ဆိုသည့် အယူအဆနှင့် အတူတူ
သာ ဖြစ်သည်ဟု ဆိုသူတွေ လည်း ရှိနေ ပါသည်။
အခြား နိုင်ငံများ၏ နယ်မြေများကို သိမ်းပိုက်
ခြင်းဖြင့် အင်ပါယာဘဝကို ရောက်ရှိ သည်ဟု ဆိုလျှင် အမေရိကန် တို့သည် အင်ပါယာ ဘဝကို စစ်အေး
တိုက်ပွဲ မပြီးဆုံး မီကပင် ရောက်ရှိ ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ အမေရိကန် တို့သည် အမေရိကန်-
စပိန်စစ်ပွဲ ၁၈၉၈ အပြီးတွင် စပိန်ပိုင် နယ်မြေများကို စတင် သိမ်းသွင်း ခြင်းဖြင့် ပင်လယ်
ရပ်ခြားတွင် နယ်မြေ ပိုင်ဆိုင်မှုကို အစပြုခဲ့ရာ ဆာမို အာကျွန်း၊ ဂူအမ်ကျွန်း၊ မာရီနာကျွန်း၊
ဗာဂျင်းကျွန်းစု နှင့်ပြူတိုရီကို ကျွန်းများသည် ယနေ့တိုင် အမေရိကန် နိုင်ငံ၏ အစောင့်ရှောက်ခံ
ကျွန်းများ ဖြစ်နေဆဲ ဖြစ်ကာ ဟာဝိုင်ယီ ကျွန်းကမူ အမေရိကန် ပြည်နယ် တစ်ခု ဖြစ်သွား ခဲ့သည်။
နှစ်ဆယ်ရာစု အတွင်းတွင်မူ အမေရိကန် တို့သည် ပနားမား နိုင်ငံ နယ်မြေအချို့ကို ၇၄ နှစ်၊
ဖိလစ်ပိုင် နိုင်ငံကို ၄၈ နှစ်၊ ပါလူးကျွန်းကို ၄၇ နှစ်၊ မာရှယ်နှင့် မိုက်ခရို နီးရှား
ကျွန်းများကို ၃၉ နှစ်၊ ဟေတီကို ၁၉ နှစ်နှင့် ဒိုမီနီကန် သမ္မတ နိုင်ငံကို ၈ နှစ် သိမ်းပိုက်
အုပ်ချုပ်ခဲ့ သည်ကို တွေ့ရမည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဂျာမနီနှင့် ဂျပန် နိုင်ငံကို
စစ်နိုင်သူ အနေဖြင့် ခေတ္တ အုပ်ချုပ်ခဲ့ကာ ယခု အချိန်အထိ အမေရိကန် တပ်များ ရှိနေဆဲ
ဖြစ်သည်။ သို့သော် အာဖဂန်နှင့် အီရတ် စစ်ပွဲများ နောက်ပိုင်းမှသာ အမေရိကန် အင်ပါယာ
ဖြစ်လာပြီးလား ဆိုသော မေးခွန်းများ ပိုမို ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။
အမေရိကန်
အင်ပါယာ မဖြစ်နိုင်ပါ
ဟားဗတ် တက္ကသိုလ် သမိုင်းပ ညာရှင် နီယေးလ်
ဖာဂူဆန်ကမူ အမေရိကန်သည် အင်ပါယာ စိတ်ရှိလျှင် ပင် ယခင် အင်ပါယာ နိုင်ငံများ ကဲ့သို့
စစ်ပွဲကြီးများ နှစ်ရှည် ဆင်နွဲ၊ ပြည်သိမ်း တပ်တွေ အများအပြား ချထားသည့် ပုံစံဖြင့်
ရပ်တည် နိုင်မည် မဟုတ်ဟု ဆိုပါသည်။ ဖာဂူဆန်က ထိုသို့ မဖြစ်နိုင်ခြင်းမှာ ပြည်တွင်း
အခြေအနေများ ကြောင့် ဟု ဆိုကာ အောက်ပါ အခြေအနေ သုံးရပ်ကို ထောက်ပြ ခဲ့သည်။
ပထမအ ခြေအနေမှာ တပ်အင်အား နည်းပါးမှုနှင့်
လူအသေပျောက် အဆုံးအရှုံး မခံနိုင်မှု ဖြစ်သည်။ အမေရိကန် တပ်မတော်သည် ဆန္ဒအလျှောက် စစ်မှုထမ်းသည့်
စနစ်ကို ကျင့်သုံး ချိန်မှစပြီး အင်အား နည်းနည်းနှင့် အရည်အချင်း ပြည့်ဝသော တပ်မတော်ကို
တည်ဆောက် ခဲ့သည်။ ထိုတပ်မတော်ကို အရန် တပ်ဖွဲ့များနှင့် အထောက် အကူ ပေးထား ခဲ့သည်။
ထို့ကြောင့် အီရတ်နှင့် အာဖဂန်တွင် တိုက်ပွဲ ကာလ ကြာလာသည် နှင့်အမျှ အရန်တပ်များ ကို
ဆင့်ခေါ် ရသည့် အကြိမ်နှင့် တာဝန် ထမ်းဆောင် ရသည့် ကာလ ကြာမြင့် လာသည်။ ထိုအချက်နှင့်
အရန်တပ်များ ထိခိုက် ကျဆုံးမှု များလာခြင်းက အမေရိကန် ပြည်သူတွေ၏ စစ်ပွဲကို ထောက်ခံမှုအား
လျော့ကျ စေခဲ့သည်။ ထိုသို့ အရန် တပ်များနှင့် အားဖြည့် သည့်တိုင် အီရတ်တွင် အမေရိကန်
တပ်ဖွဲ့များ၏ အရေအတွက် အီရတ် ပြည်သူ ၂၁ဝ ဦးတွင် အမေရိကန် စစ်သား တစ်ဦးသာ ရှိနေသည်။
၁၉၂ဝ ခုနှစ် များက ဗြိတိသျှတို့ အီရတ်ကို အုပ်ချုပ်ခဲ့ စဉ်က အီရတ် ၂၃ ဦးတွင် ဗြိတိသျှ
စစ်သား တစ်ဦးနှုန်းဖြင့် အုပ်ချုပ်သည့်တိုင် အောင်မြင်မှု မရခဲ့ သည်ကို တွေ့ရသည်။
ဒုတိယ အခြေအနေမှာ ဘတ်ဂျက် ပြဿနာ ဖြစ်သည်။
၂ဝဝ၃ ခုနှစ်မှ စပြီး အီရတ် စစ်ပွဲ တစ်ခုတည်း အတွက် ဒေါ်လာ ၂၉ဝ ဘီလျံ ကုန်ကျခဲ့ရာ အမေရိကန်
ဂျီဒီပီ၏ ၂% ကျော်နေပြီ ဖြစ်သည်။ ဘတ်ဂျက် လိုငွေပြမှုနှင့် စစ်ပွဲ ပြီးဆုံးမည့် အရိပ်
အယောင် မတွေ့ ရခြင်းတို့က ကွန်ဂရက်မှ ကာကွယ်ရေး အသုံးစရိတ် တောင်းခံရာတွင် ပြဿနာ တက်နေလေရာ
ဆူပူ နေသော နိုင်ငံ တစ်ခုကို အမေရိကန်တို့ ရေရှည် သိမ်းပိုက် အုပ်ချုပ်ရန်မှာ မဖြစ်နိုင်
သလောက်ပင် ဖြစ်သည်။
တတိယ အခြေအနေက အမေရိကန် ပြည်သူများ၏ သဘောထား
ဖြစ်ကာ အရေးအကြီးဆုံး လည်းဖြစ်သည်။ အင်ပါယာ နိုင်ငံသည် ရေခြား မြေခြားတွင် တပ်များ
ချထား အုပ်ချုပ်ရန်အ တွက် တပ်မတော်၊ ငွေကြေး သာမက ပြည်သူတွေ၏ ထောက်ခံမှုလည်း ရရန်လိုပေသည်။
၂၁ရာစုတွင် အမေရိကန် ပြည်သူတွေက စစ်ပွဲများအပေါ် ထောက်ခံသည့် အချိန်ကာလ ပိုတိုတောင်း
လာသည်ကို တွေ့ရသည်။ လူကြိုက် နည်းလှသော ဗီယက်နမ် စစ်ပွဲ၌ပင် စစ်ပွဲကာလ သုံးနှစ်ကျော်
အမေရိကန် စစ်သားတွေ သေဆုံးမှု သုံးသောင်း လောက်ရှိမှ ပြည်သူတွေက ဗီယက်နမ် စစ်ကို ဆန့်ကျင်
လာကြသည်။ သို့သော် ယခုအခါ တွင်မူ အီရတ် စစ်ပွဲစပြီး ၁၈ လအကြာ၊ သေဆုံးမှုက တစ်ထောင် လောက်သာ
ရှိနေချိန်တွင် အီရတ် စစ်ပွဲကို မှားယွင်း သည်ဟု ယူဆသူက အများစု ဖြစ်လာ သည်ကို တွေ့ရသည်။
သို့သော် ဖာဂူဆန်က ယနေ့ အချိန်တွင် အမေရိကန်
သည် လည်းကောင်း၊ အခြား အင်အားကြီး နိုင်ငံများ ဖြစ်သည့် ရုရှားနှင့် တရုတ် တို့သည်
လည်းကောင်း အင်ပါယာ နိုင်ငံများ ဖြစ်မလာ နိုင်သော်လည်း မဟာ ဗျူဟာအရ အရေးကြီးသည့် ရေနံ
ကဲ့သို့သော သံယာဇာတများ ရှားပါး လာချိန်တွင်မူ အင်ပါယာ ဖြစ်ရခြင်း အကျိုးက အပြစ်ထက်
ပိုများ လာလျှင်တော့ အင်ပါယာ နိုင်ငံသစ် များသည် ပုံစံသစ်ဖြင့် ပေါ်ထွန်း လာနိုင် ပေသည်
ဟု သူ့အဆိုကို အဖွင့်အပိတ် နှင့် နိဂုံးချုပ် ထားပေရာ ၂၁ရာစု၏ အင်ပါယာ နိုင်ငံသစ်မည်သူ
ဖြစ်လာမည်ကို စောင့်ကြည့် ရပေ လိမ့်မည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။
|
Empires
with Expiration Dates By Niall Ferguson , September
2006
|
၂။
|
After the Neocons By
Francis Fukuyama
|
No comments:
Post a Comment