အများပြည်သူဝန်ဆောင်မှုမီဒီယာ
( Public Service Media ) ဆိုသည်မှာ
အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာသည် အများ
ပြည်သူက ထောက်ပံ့ သည့် ရန်ပုံငွေဖြင့် ရပ်တည်ပြီး အများ ပြည်သူကို တာဝန်ခံသော မီဒီယာ
ဖြစ်သည်။ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ အယူအဆကို ၁၉၂၆ ခုနှစ် ဗြိတိသျှ အသံလွှင့် ကော်ပိုေ
ရးရှင်း (BBC) ကို ဖွဲ့စည်း ချိန်တွင် စတင် ဖော်ထုတ်ခဲ့ပြီး နောင်တွင် အနောက် ဥရောပ
နိုင်ငံ အများစုတွင် ကျယ်ကျယ် ပြန့်ပြန့် လိုက်နာ ကျင့်သုံး လာခဲ့ သည်ကို တွေ့ရပါသည်။
စစ်အေး တိုက်ပွဲ ပြီးဆုံး ခဲ့ပြီးနောက်
ဒီမိုကရေစီ တတိယလှိုင်း ကာလတွင် ဖွံ့ဖြိုးဆဲ နိုင်ငံအများ အပြား၌ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးကို ဆောင်ရွက် ခဲ့ကြသည်။
ထိုကဲ့သို့ အသွင် ကူးပြောင်းရေး လုပ်ငန်း ဆောင်ရွက် ရာတွင် နိုင်ငံသား များ၏ အသိပညာ ဗဟုသုတ ကြွယ်ဝရေးနှင့် သတင်းအချက် အလက်များ
စုံလင်စွာ ရရှိရေး အတွက် အများ ပြည်သူ ၀န်ဆောင်မှုမီဒီယာကို အဓိကနည်းလမ်းအဖြစ် သုံးစွဲလာခဲ့ကြသည်တွေ့ရပါသည်။
ကုလ သမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု
အဖွဲ့အစည်း (UNESCO) ဒုတိယ ညွှန်ကြား ရေးမှူးချုပ် Dr. Waheed Khan က အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာသည် ပြည်သူ များ၏
ဒီမို ကရေစီ လုပ်ငန်း စဉ်တွင် ပါဝင် နိုင်ခွင့်ကို မြှင့်တင်ရန် အတွက် အကောင်းဆုံး
နည်းလမ်း ဖြစ်သည်၊ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာက သာ နိုင်ငံသား အားလုံး၏ လိုအပ်
ချက်များ၊ မျှော်လင့် ချက်များ၊ စိုးရိမ်မှုများ အားလုံးကို ထင်ဟပ် ပေးနိုင်ပြီး ဗဟု
မီဒီယာ ပတ်ဝန်းကျင်၊ လူမှုရေး ညီမျှမှုနှင့် လူထု အခြေပြု အဖွဲ့အစည်း များအား ကောင်းမှုကို
ဖော်ဆောင် ပေးနိုင်သည်။ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာသည် နိုင်ငံသား တိုင်းက မိမိတို့
ဘ၀ဖွံ့ဖြိုး တိုးတက်ရေး အတွက် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ် နိုင်အောင် လိုအပ်သည့်
သတင်း အချက် အလက် များကို ဖြည့်ဆည်း ပေးနိုင် ခြင်းကြောင့် ရေရှည် တည်တံ့သည့် ဖွံ့ဖြိုး
တိုးတက် ရေးတွင် အဓိက မဏ္ဍိုင် ဖြစ်သည်ဟု ဖွင့်ဆိုခဲ့သည်။
နိုင်ငံများ၏
မီဒီယာ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေကို တိုင်းတာသည့် ယူနက်စကို အဖွဲ့ကြီး ၏ မီဒီယာ
ဖွံ့ဖြိုးမှု အညွှန်းကိန်း ( Media Development Indicator) တွင် အများပြည်သူ ၀န်ဆောင်မှု မီဒီယာသည် အများ ပြည်သူက
ထောက်ပံ့သော ရန်ပုံငွေဖြင့် ရပ်တည်ပြီး အများ ပြည်သူက ထိန်းချုပ် ထားသော မီဒီယာ ဖြစ်သည်။
၎င်းသည် အစိုးရပိုင် မဟုတ် သကဲ့သို့ စီးပွားရေး လုပ်ငန်းလည်း မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံရေး
အရ ၀င်ရောက် စွက်ဖက်မှုမှ ကင်းရှင်း သကဲ့သို့ စီးပွားရေး ဖိအားများ မှလည်း ကင်းလွတ်သည်။
ဗဟု မီဒီယာကို အာမခံခြင်း၊ ကွဲပြား ခြားနားသော အစီအစဉ် အမျိုးမျိုးကို တင်ဆက်ခြင်း၊
အယ်ဒီတာ လွတ်လပ်ခွင့် ရှိခြင်း၊ စီးပွားရေး အကျိုး အမြတ်ကို ထည့်သွင်း စဉ်းစားရန် မလိုအပ်သည့်
လွတ်လပ်သည့် ဘဏ္ဍာရေး ထောက်ပံ့မှု စနစ်ရှိခြင်း၊ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှု ရှိခြင်း
တို့ကြောင့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာသည် ဒီမို ကရေစီ စနစ်၏ အရေးကြီးသည့် အစိတ်အပိုင်း
ဖြစ်သည် ဟု ဖွင့်ဆိုထား သည်ကိုလည်း လေ့လာ တွေ့ရှိရ ပါသည်။
အများပြည်သူ ၀န်ဆောင်မှု မီဒီယာသည် လူ့အခွင့် အရေးကို ဖော်ဆောင် ရာတွင်လည်း အရေးကြီးသည့် အခန်းကဏ္ဍ မှာပါဝင် သည်ကို တွေ့ရမည် ဖြစ်ပါသည်။ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် ၁၉ တွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်သာမက လူတစ်ဦးချင်း အနေဖြင့် သတင်း အကြောင်း အရာနှင့် သဘော တရားများကို လွတ်လပ်စွာ ရှာဖွေ ဆည်းပူး နိုင်ခွင့်၊ လက်ခံရရှိ နိုင်ခွင့်များကိုပါ လူ့အခွင့်အရေး အဖြစ် သတ်မှတ် ထားသည်။ ထို့ကြောင့်လည်း ယူနက်စကို အပါအ၀င် နိုင်ငံတကာ အဖွဲ့ အစည်းများက လွတ်လပ်စွာ ပြောဆိုခွင့် အပြင် ပြည်သူများ အနေဖြင့် မတူကွဲပြား သည့် သတင်း ဌာနများမှ သတင်း အချက် အလက် များကို အလွယ်တကူ ရယူ နိုင်ခွင့်၊ ၎င်းတို့၏ အမြင် သဘောထား များကို မတူ ကွဲပြားသည့် မီဒီယာများ ပေါ်မှ ထုတ်ဖော် ပြောဆို နိုင်ခွင့်များ ပါဝင်သည့် ဗဟု မီဒီယာဝါဒ ( Media Pluralism) ကို မြှင့်တင် ဆောင်ရွက် နေပြီး ၁၉၉၀ ပြည့်နှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ၄၅/ ၇၆ တွင် နိုင်ငံ တိုင်းက သတင်းအချက် အလက်များကို လူမှု အဖွဲ့ အစည်း အတွင်းသို့ တပြေးညီ ပြန့်နှံ့ စေရန် အတွက် မီဒီယာ ဗဟု ဝါဒကို အကောင် အထည် ဖော်ရန် တိုက်တွန်း ခဲ့ခြင်း ဖြစ်သည်။

အများ
ပြည်သူ ၀န်ဆောင်မှု မီဒီယာသည် အထက်ပါ ဗဟု မီဒီယာများ ထွန်းကား စေရန် အတွက် လုပ်ဆောင်ချက်
တစ်ခုပင် ဖြစ်သည်။ မီဒီယာ ဥပဒေ ပညာရှင် Eric Barendt က အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ
တစ်ခုသည် အင်္ဂါ ခြောက်ရပ်နှင့် ပြည့်စုံရ မည်ဟု
ဆိုသည်-
(က)
|
နိုင်ငံတ၀ှန်းလုံးနီးပါးသို့ရောက်ရှိပြန့်နှံ့ခြင်း။
|
(ခ)
|
အမျိုးသားစရိုက်လက္ခဏာနှင့်
ယဉ်ကျေးမှုများကို ထိန်းသိမ်းခြင်း။
|
( ဂ)
|
အစိုးရ၏ ထိန်းချုပ်မှုမှလည်းကောင်း၊
စီးပွားရေးလုပ်ငန်းများ၏ ထိန်းချုပ်မှုမှလည်း ကောင်းကောင်း လွတ်ပြီး အယ်ဒီတာ လွတ်လပ်
ခွင့်နှင့် ဘဏ္ဍာရေး လွတ်လပ်မှု ရှိခြင်း။
|
(ဃ)
|
ဘက်လိုက်မှု
မရှိခြင်း။
|
(င)
|
ကွဲပြား
ခြားနားသော အစီအစဉ် များ ပါဝင်ခြင်း။
|
(စ)
|
ပြည်သူ့
ရန်ပုံငွေဖြင့် မတည် ဆောင်ရွက်ခြင်း။
|
အထက်ပါ
အခြေခံ မူများကို လေ့လာပါက အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ ထူထောင်ခြင်း သည် ဒီမိုကရေစီ
အသွင် ကူးပြောင်း ရေး၏ လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်ကို ထင်ရှားစွာ တွေ့နိုင် ပါသည်။ ဈေးကွက်
စီးပွားရေး စနစ်အရ ပေါ်ပေါက် လာသည့် ပုဂ္ဂလိက
မီဒီယာများက ဈေးကွက်မှ တောင်းဆိုသည့် အကြောင်း
အရာများကို ဦးစားပေး ဖော်ပြ လေ့ရှိရာ စီးပွားရေး အကျိုး အမြတ်မရှိ သည့်တိုင် ပြည်သူများ
သိသင့် သိထိုက်သည့် သတင်း အချက် အလက်များ၊ လူအများ အာရုံ စိုက်မှုကို မခံရသည့် အင်အား နည်းအုပ်စုများ၊
တိုင်းရင်းသား လူနည်းစု များနှင့် ပတ်သက်သည့် အကြောင်း အရာများကို ဖော်ပြမည့် မီဒီယာ
တစ်ခု လိုအပ်ပြီး ထို လိုအပ်ချက်ကို အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ က ဖြည့်ဆည်း ပေးရမည်
ဖြစ်သည်။
မြန်မာ
နိုင်ငံကဲ့သို့ တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာကျော် ရှိပြီး ဘာသာစကား၊ ယဉ်ကျေးမှု ယုံကြည် ကိုးကွယ်မှု အမျိုးမျိုး ရှိသည့် လူ့အဖွဲ့
အစည်းတွင် နိုင်ငံတ၀န်းလုံးသို့ သတင်း အချက် အလက်များ ဖြန့်ချိ ပေးခြင်း၊ တိုင်းရင်းသား
လူမျိုးစု များ၏ အကျိုး စီးပွား များကို ထင်ဟပ် ဖော်ပြခြင်း တို့ကို ဆောင်ရွက် နိုင်ရန်
အတွက် နိုင်ငံတကာ စံနှုန်း များနှင့် ကိုက်ညီသည့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ တစ်ခု
ပေါ်ပေါက် ရေးသည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး
လုပ်ငန်းစဉ် အတွက် လိုအပ်ချက် ဖြစ်သည် ဟုလည်း ဆိုရမည် ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ဗညားအောင်
No comments:
Post a Comment