ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပါတီ ဆိုင်ရာ
ဥပဒေကို Organic Act on Political Parties ( 2007) ဟု ခေါ်သည်။ ထိုဥပဒေ သည် သက်ဆင် အစိုးရ
လက်ထက် ထိုင်းရတ်သ် ထိုင်း ပါတီ၏ လုပ်ဆောင် ခဲ့မှုများ အပေါ် အခြေခံပြီး ရေးဆွဲ ခဲ့ခြင်း
ဖြစ်သော ကြောင့် အနာဂတ်တွင် ငွေကို တံတား ခင်းပြီး နိုင်ငံရေး အာဏာ ရယူ ခဲ့သည့် ဖြစ်စဉ်မျိုး
ထပ်မပေါ်အောင် ရည်ရွယ် ရေးဆွဲ ခဲ့ခြင်း ဖြစ်သည် ဟုလည်း ဆိုနိုင်သည်။
ပါတီ
တည်ထောင် သူများ
ထိုင်းနိုင်ငံ ဥပဒေ အရ ထိုင်း နိုင်ငံသား
အသက် ၁၈ နှစ် ပြည့်ပြီးသူ ၁၅ ဦးနှင့် အထက်ဖြင့် နိုင်ငံရေး ပါတီကို ဖွဲ့စည်း နိုင်သည်။
သို့သော် ထိုသူ များသည် ထိုင်း အခြေခံ ဥပဒေ အရ နိုင်ငံရေး လုပ်ဆောင်ခြင်း မပြုရန်
ပိတ်ပင်ခြင်း ခံထား ရသူများ မဖြစ် စေရန် သတ်မှတ် ထားသည်။ ထိုင်းအခြေခံ ဥပဒေတွင်
မိမိ ပိုင်ဆိုင်မှုကို အမှန်အတိုင်း မကြေညာပဲ ဖုံးကွယ် ထားသူများ၊ အထက် လွှတ်တော် အမတ်
အဖြစ်မှ စွတ်စွဲ ပြစ်တင် ဖယ်ရှား ခံရသူ များနှင့် နိုင်ငံရေး ပါတီ ဥပဒေပါ အချက် များကို
ဖောက်ဖျက် သူများကို နိုင်ငံရေး လုပ်ဆောင် ခြင်းမှ ငါးနှစ်အထိ ပိတ်ပင်ရန် သတ်မှတ် ထားပါသည်။
ယခု အချိန်တွင် သက်ဆင်နှင့် ထိုင်းရတ်သ်
ထိုင်း ပါတီ ခေါင်းဆောင် တစ်ရာ ကျော်မှာ နိုင်ငံရေး လုပ်ဆောင်ခြင်း မပြုရန် ပိတ်ပင်
ခံထားရ သူများ ဖြစ်သောကြောင့် နောက်ထပ် ပါတီ တစ်ခု ထပ်မံ တည်ထောင် ခွင့် မရှိသည်ကို
တွေ့ရ ပါသည်။ ထို့ပြင် နိုင်ငံရေး ပါတီ များသည် ဘုရင်ကို နိုင်ငံ အကြီးအကဲ အဖြစ် အသိ
အမှတ်ပြု ထားသည့် အခြေခံ ဥပဒေကို လိုက်နာရန် အတွက်လည်း ကတိ ပြုရန် လိုအပ်ပါသည်။
ထိုင်း ဥပဒေအရ ၁၈ နှစ်ပြည့်ပြီး သူများသည်
ပါတီ ထောင်ခွင့် ရသော်လည်း ပါတီ၏ အရေးကြီးသည့် တာဝန်များ ဖြစ်သည့် ရွေးချယ် တင်မြှောက်
ထားသည့် ခေါင်းဆောင်၊ ဒုတိယ ခေါင်းဆောင်၊ အတွင်း ရေးမှူး၊ ဒုတိယ အတွင်း ရေးမှူး၊ ဘဏ္ဍာထိန်း၊
မော်ကွန်းထိန်း၊ ပြောရေး ဆိုခွင့် ရှိသူနှင့် ဗဟိုအမှုဆောင် ကော်မတီ ၀င်များသည် အသက်
နှစ်ဆယ်ထက် မငယ်သည့် ထိုင်း နိုင်ငံသားများ
ဖြစ်ရန် သတ်မှတ် ထားပါသည်။
ပါတီ
လုပ်ငန်းများ ဆောင်ရွက်ခြင်း
ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပါတီ ဥပဒေတွင်
ပါတီများ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အတော်လေး အသေးစိတ် ရေးထား သည်ကို တွေ့ရသည်။
ထူးခြားချက်မှာ ပါတီ အလုပ် အမှုဆောင် ကော်မတီသည် ပါတီ၏ နိုင်ငံရေး လုပ်ငန်း များကို အခြေခံ ဥပဒေ နှင့်အညီ၊ တရား ဥပဒေနှင့်
အညီ လုပ်ဆောင်ရန် တာဝန် ရှိသည့် အပြင် ပါတီဝင်များ၊ လွှတ်တော် အမတ်များ အနေဖြင့်
အခြေခံ ဥပဒေနှင့် လည်းကောင်း၊ တရားဥပဒေ နှင့်လည်းကောင်း လိုက်နာေ ဆာင်ရွက် စေရန် အတွက်
တာဝန် ရှိသည်ဟု ပုဒ်မ ၁၇ နှင့် ၁၈ တွင် ထည့်သွင်း ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။
ထို့ပြင် ပါတီဝင် ဖြစ်စေရန် အတွက် ငွေကြေး၊ ပစ္စည်း နှင့်အခြား အကျိုး ခံစားခွင့် များဖြင့်
တိုက်ရိုက် သော် လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်း ဆွဲဆောင် စည်းရုံးခြင်း မပြုရန် သတ်မှတ်
ထားသကဲ့သို့ ပါတီဝင် ဖြစ်စေရန် အတွက် ပုဂ္ဂိုလ် တစ်ဦး ဦးထံမှ ဖြစ်စေ ငွေကြေး၊
ပစ္စည်းနှင့် အခြား အကျိုး ခံစားခွင့် တစ်ခုခုကို တောင်းဆိုခြင်း မပြုရန်လည်း ကန့်သတ်
ထားသည်။ ထို ကန့်သတ် ချက်သည် ထိုင်း နိုင်ငံရေး ပါတီများ လုပ်လေ့ ရှိသည့် အခြား ပါတီမှ
အမတ်များကို ငွေကြေး၊ အခွင့်အရေးများ ပေးပြီး ဘက်ပြောင်းအောင် ဆွဲဆောင် သည့် အလေ့အထကို
ကာကွယ်နိုင် ရန် ပြဋ္ဌာန်း ထားခြင်း ဖြစ်ပေသည်။
ထိုင်းနိုင်ငံ ဥပဒေတွင် နိုင်ငံရေး ပါတီ
တည်ထောင် ပြီးနောက် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြည့်မီ ရမည့် စံများကို
မြင့်မြင့် မားမား သတ်မှတ် ထားသည် ကိုလည်း တွေ့ရသည်။ နိုင်ငံရေးပါတီ တစ်ခုအနေဖြင့်
ကော်မရှင်က သတ်မှတ် ပေးထားသည့် ဒေသ တစ်ခုစီတွင် အနည်းဆုံး ပါတီဝင် အင်အား ငါးထောင်
ရအောင် တစ်နှစ် အတွင်း စည်းရုံး ဆောင်ရွက် ရမည် ဖြစ်သည်။ ထို့ပြင် ထိုဒေသများ (
Region and Provinces ) တွင် အနည်းဆုံး ရုံးတစ်ရုံးစီ ဖွင့်လှစ် နိုင်ရမည် ဖြစ်သည့်
အပြင် တစ်နှစ်အတွင်း ထို သတ်မှတ်ချက် နှစ်ခုကို ပြည့်မီအောင် ဆောင်ရွက် နိုင်ခြင်း
မရှိပါက ပါတီအဖြစ်မှ ရပ်ဆိုင်းခြင်း ခံရမည်ဖြစ် ပါသည်။ ထိုင်း ဥပဒေတွင် မှတ်သားစရာ
ကောင်းသည့် အချက်မှာ ပါတီတွင်း ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားရေး အတွက် ဥပဒေဖြင့်
သတ်မှတ် ထားခြင်း ဖြစ်သည်။ နိုင်ငံရေး ပါတီ တစ်ခုသည် သတ်မှတ် ပါတီဝင် အင်အားကို
ပြည့်မီပါက ရက်ပေါင်း ခြောက်ဆယ် အတွင်း ပါတီ ညီလာခံ ခေါ်ယူပြီး ခေါင်းဆောင် များကို
ပြန်လည် ရွေးချယ်ခြင်း၊ ပါတီ ဖွဲ့စည်းရန် ဆောင်ရွက်စဉ်က ချမှတ် ခဲ့သည့်
မူဝါဒများကို သုံးသပ် အတည် ပြုခြင်းတို့ကို လုပ်ဆောင် ရမည် ဖြစ်သည်။ အကယ်၍
သက်ဆိုင်ရာ ပါတီက ညီလာခံ ခေါ်ယူခြင်း မပြုလျှင် ပါတီ မှတ်ပုံ တင်ခြင်းကို ကြီးကြပ် ရသည့်
အဖွဲ့အစည်းက ထိုအတိုင်း လိုက်နာ ဆောင်ရွက်ရန် အချိန် သတ်မှတ် ညွှန်ကြား နိုင်သည်။ လိုက်နာခြင်း
မပြုလျှင် အရေးယူ နိုင်သည်။
ထို့ပြင် ပါတီ တစ်ခုသည် တစ်နှစ် တစ်ကြိမ်
ပါတီ ညီလာခံကို ခေါ်ယူရန် လိုအပ် သကဲ့သို့ ပါတီဝင် အောက လွှတ်တော် အမတ် လေးပုံ တစ်ပုံ၊ သို့မဟုတ်
အမှုဆောင်ေ က်ာမတီဝင် သုံးပုံ တစ်ပုံ သို့မဟုတ် ပါတီဝင် အားလုံး၏ ဆယ်ပုံ တစ်ပုံ သို့မဟုတ်
နှစ်ထောင် ထက် မနည်းသော ပါတီဝင် များက တောင်းဆို လျှင် အရေးပေါ် ပါတီ ညီလာခံ ခေါ်ယူပေး
ရမည် ဟုလည်း ကန့်သတ် ထားသည် ကို တွေ့ရ၏။
ပါတီရန်ပုံငွေ
ပါတီ ရန်ပုံငွေ ရှာဖွေ ခြင်းနှင့် ပတ်သက်
လျှင် ထိုင်း နိုင်ငံရေး ခေါင်းဆောင် များက ကိုယ်ပိုင် ငွေကြေးကို သုံးပြီး
ကိုယ်ပိုင် ပါတီများ တည်ထောင်သည့် အလေ့ အထကို ထိန်းချုပ် နိုင်ရန် အတွက် ရည်ရွယ် လုပ်ဆောင်
ထားသည် ကို တွေ့ရသည်။ ထို့ကြောင့် ပါတီသို့ လှုဒါန်း ငွေများ အနက် ဘတ်တစ်သိန်း ထက်ကျော်လွန်
သောလှုဒါန်းမှု များကို လှုဒါန်းသူ အမည်နှင့် တကွ တင်ပြရန် သတ်မှတ် ထားသကဲ့ သို့
လူတစ်ဦး တည်းက ဘတ် ဆယ်သန်းထက် ကျော်လွန် လှုဒါန်းမှု များကိုလည်း တားမြစ် ထားပေသည်။
ထို့ပြင် ထိုင်း နိုင်ငံသား မဟုတ်သူများ၊ နိုင်ငံခြား တိုင်းပြည် တစ်ခု၏ ဥပဒေကို လိုက်နာ
ရသူများ၊ ပြည်ပ အဖွဲ့အစည်း များနှင့် အခြား တိုင်းပြည် များမှ အထောက်အပံ့ များကို ရယူထား
သူများ ထံမှ လှုဒါန်းမှု များကို လက်မခံ ရန်လည်း ကန့်သတ် ထားပါသည်။ ထို့ပြင်
ဝန်ကြီးချုပ်နှင့် ၀န်ကြီး တာဝန် ထမ်းဆောင်နေ သူများက အရှိန်အ၀ါ၊ သြဇာကို သုံးပြီး
မိမိပါတီနှင့် အမတ်များ အတွက် ငွေရှာ ပေးခြင်း ကိုလည်း တားမြစ်သည့် အပြင်
ဖောက်ဖျက်ပါက ထောင်ဒဏ် ချမှတ် ရန်လည်း ပြဋ္ဌာန်းထားပါသည်။
နိုင်ငံရေး
ပါတီ အဖြစ်မှ ပျက်ပြယ်ခြင်း
ထိုင်းနိုင်ငံ ဥပဒေတွင် နိုင်ငံရေး ပါတီ
အဖြစ်မှ ပျက်ပြယ် ခြင်းနှင့် ပတ်သက်ပြီး အသိအမှတ် ပြုခံရမှု ဆုံးရှုံးခြင်း ( Loss
of Status of Political Parties)၊ ရပ်စဲခြင်း ( Cessation of Political Parties
)နှင့် ဖျက်သိမ်းခြင်း ( Dissolution fo Political Parties) ဟု အသေးစိတ် ခွဲခြား ထားသည်ကို
တွေ့ရ ပါသည်။ အသိအမှတ် ပြုခံရမှု ဆုံးရှုံးခြင်း နှင့် ပတ်သက်လျှင် ပါတီ တစ်ခုသည် တစ်နှစ်
အတွင်း သတ်မှတ် ပါတီဝင် အရေအတွက် ပြည့်မီမှု မရှိခြင်း၊ အောက် လွှတ်တော် သက်တမ်း
နှစ်ကြိမ် သို့မဟုတ် ရှစ်နှစ် အထိ ကိုယ်စားလှယ် လောင်းအမည် စာရင်း တင်သွင်းရန် ပျက်ကွက်
ခြင်း၊ ခိုင်လုံသော အကြောင်း မရှိဘဲ တစ်နှစ် ပတ်လုံး ပါတီ ညီလာခံ ခေါ်ရန် ပျက်ကွက်ခြင်း
တို့ဖြစ် လာလျှင် အသိ အမှတ်ပြု ခံရမှု ဆုံးရှုံးမည်ဟု သတ်မှတ် ထားသည်။ ပါတီ တစ်ခုသည်
ပါတီ စည်းမျဉ်းနှင့် အညီ ပါတီကို ဖျက်သိမ်းလျှင် သို့မဟုတ် အခြား ပါတီ တစ်ခုနှင့် ပူးပေါင်းလျှင်မူ
အလို အလျောက် ပါတီ အဖြစ်မှ ရပ်စဲ သွားမည် ဖြစ်သည်။
ထိုင်း ဥပဒေအရ ပါတီများ ဖျက်သိမ်း ခြင်းကို
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံးကသာ ဆောင်ရွက်နိုင်ပြီး ပါတီ တစ်ခုသည် ဘုရင်မင်းမြတ်ကို
နိုင်ငံတော် အကြီးအကဲ အဖြစ် သတ်မှတ် ထားသော ဒီမို ကရေစီ အစိုးရကို ဖြုတ်ချရန်၊
အခြေခံ ဥပဒေနှင့် မညီသော လုပ်ရပ် များဖြင့် နိုင်ငံတော် အာဏာ ကိုရယူရန် ကြိုးစားလျှင်
ပါတီ အဖြစ်မှ ဖျက်သိမ်း ခံရမည် ဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲ ဥပဒေ များကို
ချိုးဖောက် လျှင်လည်း ပါတီ အဖြစ်မှ ဖျက်သိမ်း ခံရမည် ဖြစ်သည်။ ထိုင်း ရတ်သ်ထိုင်းနှင့်
ချတ်ထိုင်း ပါတီ တို့မှ ရွေးကောက်ပွဲ ဥပဒေပါ မဲဝယ်ခြင်းနှင့် သက်ဆိုင်သည့် ပြစ်မှု များကို
ကျူးလွန် ခဲ့သဖြင့် ပါတီ ဖျက်သိမ်း သည့်အပြင် နိုင်ငံရေး လုပ်ဆောင်ခွင့် ကိုလည်း ပိတ်ပင်
ခံခဲ့ရခြင်း ဖြစ်သည်။ အလားတူပင် ပြည်တွင်း၌ ဖြစ်စေ၊ ပြည်ပ၌ ဖြစ်စေ ထိုင်းနိုင်ငံ၏ လုံခြုံရေးကို
ထိခိုက်အောင် ဆောင်ရွက်ခြင်း၊ ဥပဒေကို ချိုးဖောက်ခြင်း၊ ပြည်သူ လူထု ငြိမ်ဝပ် ပိပြားရေးကို
ထိခိုက်အောင် ဆောင်ရွက်ခြင်း၊ ပြည်သူ လူထု၏ အကျင့် စာရိတ္ထကို ထိခိုက်အောင် ဆောင်ရွက်ခြင်း
စသော ပြစ်မှုများကို ကျူးလွန်လျှင်လည်း ပါတီ ဖျက်သိမ်းရန် သတ်မှတ် ထားသည်ကို တွေ့ရ ပါသည်။
မီဒီယာ
ကျင့်ဝတ်များ
ထိုင်း နိုင်ငံရေးတွင် နိုင်ငံရေး သမားများ
တစ်ဦးနှင့် တစ်ဦး အပုတ်ချခြင်း၊ မမှန်မကန် စွတ်စွဲချက် များဖြင့် သိက္ခ ကျအောင် လုပ်ခြင်း
တို့မှာ ထုံးတမ်း စဉ်လာလို ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် ၂၀၀၇ နှစ် နိုင်ငံရေး
ပါတီများ ဥပဒေ တွင်မူ ထိုအမူ အကျင့် များကို ပြုပြင်ရန် အတွက် ကြိုးစား လာသည် ကို
ထင်ထင် ရှားရှား တွေ့လာ ရသည်။ ထိုင်း ဥပဒေတွင် ပါတီဝင် တစ်ဦးသည် အခြား ပါတီ တစ်ခု
သို့မဟုတ် အခြား ပါတီဝင် တစ်ဦးကို မမှန်မကန် လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်လျှင်
ထို ဥပဒေများ အတွက် ပြဋ္ဌာန်း ထားသည့် ပြစ်ဒဏ်၏ နှစ်ဆကို ကျခံရမည် ဖြစ်ပြီး ပါတီက ဆောင်ရွက်ခြင်း
ဖြစ်ပါက ပါတီကို ဖျက်သိမ်း သည် အထိ ပြစ်ဒဏ် ချမှတ်နိုင် ကြောင်း ဖော်ပြ ထားသည်။
ပြစ်မှုနှင့်
ပြစ်ဒဏ်များ
ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပါတီ ဥပဒေသည်
အခြား နိုင်ငံများ၏ နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေ များနှင့် နှိုင်းယှဉ်လျှင်
ပြစ်မှုနှင့် ပြစ်ဒဏ်များကို ကျယ်ကျယ် ပြန့်ပြန့် သတ်မှတ် ထားသည်ကို တွေ့ရ ပါသည်။
ပြစ်မှုနှင့် ပြစ်ဒဏ် များနှင့် ပတ်သက်လျှင် အခန်း(၅) တွင် ပုဒ်မ ၁၀၄ မှ ၁၃၂ အထိ
ပြဋ္ဌာန်း ထားပြီး ချမှတ် နိုင်သော ပြစ်ဒဏ် များကိုလည်း ရာဇ၀တ် ကြောင်းအရ ( Criminal Penalities ) နှင့် အုပ်ချုပ်မှု နည်းလမ်း အရ (
Adminiatrative Penalities) ဟု နှစ်ပိုင်း ခွဲထား သည်ကို တွေ့ရ ပါသည်။ ပြစ်ဒဏ်
များမှာ ဘတ် သုံးထောင်မှ သုံးသောင်း အထိ ဒဏ်ငွေမှ အစပြုပြီး ထောင်ဒဏ် ဆယ်နှစ်နှင့်
ဘတ်ငွေ နှစ်သိန်း အထိ ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်း ထားသည်ကို တွေ့ရပါသည်။ ထို့ပြင်
သက်ဆိုင်ရာ နိုင်ငံရေး ပါတီကို ဖျက်သိမ်းခြင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ် များကို
နိုင်ငံရေး လုပ်ဆောင် ခွင့်မှ ငါးနှစ် အထိ ပိတ်ပင်ခြင်း စသည့် ပြစ်ဒဏ် များကို
ချမှတ် နိုင်ကြောင်း ဖော်ပြ ထားသည် ကိုလည်း တွေ့ရပါသည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်
Organic Act on Political Parties ( 2007) ,
Unofficial Translation provided by IFES
No comments:
Post a Comment