Monday, September 30, 2013

မလွယ်တဲ့ခရီး

၂ဝ ရာစုကို ဒီမိုကရေစီ ခေတ်လို့ ဆိုကြ သည်။ သမ္မတ ဘုရှ်ကတော့ သူ့မိန့်ခွန်း တစ်ခုမှာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ဒီမိုကရေစ စနစ်၊ ဗဟု ဝါဒကို ပြောင်းလဲ ကျင့်သုံး ခဲ့သည့် နိုင်ငံ အရေ အတွက်အား တန်းစီ ရွတ်ပြသွား ဖူးသည်။ သို့သော် ထိုနိုင်ငံ အားလုံးတွင် ဒီမိုကရေစီ စနစ်ကို စဉ်ဆက် မပြတ် ကျင့်သုံး နိုင်ခြင်း ရှိ၊မရှိ၊ ဒီမိုကရေစီ စံများနှင့် အညီ ကျင့်သုံး ခဲ့ခြင်း ရှိမရှိ ဆိုသည် ကိုတော့ ပြော မသွားခဲ့။ စစ်တမ်း ကောက်ယူချက် များအရ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲ ကျင့်သုံးသည့် နိုင်ငံတိုင်း ထိုစနစ်ကို ရေရှည် ကျင့်သုံး နိုင်ခြင်း မရှိဟု တွေ့ရသည်။ ၁၉၆ဝ ပြည့်လွန် နှစ်များမှ...
Read more

အာရှသား တို့အတွက် ဒီမိုကရေစီ

အာရှသား များက ဒီမိုကရေစီ စနစ် အပေါ် ဘယ်လို ရှုမြင် သည်ကို လေ့လာ လိုလျှင် အရှေ့အာရှ ဒေသသည် အသင့်တော်ဆုံး ဖြစ်သည်။ ထိုဒေသတွင် အာရှ၏ သက်တမ်း အရှည်ဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်သည့် ဂျပန် ရှိသည်။ ၁၉၈၀ ပြည့်လွန် နှစ်များ နှောင်းပိုင်းတွင် ဒီမိုကရေစီ ဘက်သို့ ကူးပြောင်း လာသော ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) လို နိုင်ငံတွေ ရှိသည်။ စစ်အေး တိုက်ပွဲ ပြီးဆုံး ပြီးနောက် နိုင်ငံရေး စနစ် ပြောင်းခဲ့သည့် မွန်ဂို လီးယားလို့ နိုင်ငံ ရှိသည်။ အလားတူပင် တစ်ပါတီ စနစ် ကျင့်သုံး နေသည့် တရုတ် နိုင်ငံ ရှိသကဲ့သို့ တစ်နိုင်ငံ စနစ်နှစ်မျိုး မူနှင့် ကျင့်သုံး နေသည့် ဟောင်ကောင်လို...
Read more

Sunday, September 29, 2013

အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေ

အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေကို The Law Concerning Political Parties ( 2002) ဟု အမည်ပေး ထားသည်။ ထို ဥပဒေသည် ဆူဟာတို၏ လမ်းညွှန် ဒီမို ကရေစီကို စစ်မှန်သော ဒီမိုကရေစီ ပုံစံဖြင့် အစား ထိုးနိုင်ရေး ဆောင်ရွက် နေချိန်တွင် ရေးဆွဲ ခဲ့ခြင်း ဖြစ်သည်။ ဆူဟာတို၏ လမ်းညွှန် ဒီမိုကရေစီ အောက်တွင် အာဏာရ ပါတီ ဖြစ်သည့် ဂိုလ်ကာ ပါတီအပြင် ဘာသာရေး ပါတီများကို စုစည်း ထားသည့် ပါတီကြီး တစ်ခုနှင့် ကျန် နိုင်ငံရေး ပါတီများကို စုစည်း ထားသည့် ပါတီကြီး တစ်ခု စုစုပေါင်း ပါတီကြီး သုံးခုသာ ရပ်တည်ခွင့် ပေးထား ခဲ့သည်။ ထို့ကြောင့် ယခုနိုင်ငံရေး ပါတီ ဥပဒေကို...
Read more

ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပါတီဥပဒေ

ထိုင်းနိုင်ငံ၏ နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေကို Organic Act on Political Parties ( 2007) ဟု ခေါ်သည်။ ထိုဥပဒေ သည် သက်ဆင် အစိုးရ လက်ထက် ထိုင်းရတ်သ် ထိုင်း ပါတီ၏ လုပ်ဆောင် ခဲ့မှုများ အပေါ် အခြေခံပြီး ရေးဆွဲ ခဲ့ခြင်း ဖြစ်သော ကြောင့် အနာဂတ်တွင် ငွေကို တံတား ခင်းပြီး နိုင်ငံရေး အာဏာ ရယူ ခဲ့သည့် ဖြစ်စဉ်မျိုး ထပ်မပေါ်အောင် ရည်ရွယ် ရေးဆွဲ ခဲ့ခြင်း ဖြစ်သည် ဟုလည်း ဆိုနိုင်သည်။ ပါတီ တည်ထောင် သူများ ထိုင်းနိုင်ငံ ဥပဒေ အရ ထိုင်း နိုင်ငံသား အသက် ၁၈ နှစ် ပြည့်ပြီးသူ ၁၅ ဦးနှင့် အထက်ဖြင့် နိုင်ငံရေး ပါတီကို ဖွဲ့စည်း နိုင်သည်။ သို့သော် ထိုသူ များသည် ထိုင်း အခြေခံ...
Read more

Saturday, September 28, 2013

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ(၆)

အာရှဒေသ အခြေအနေ  ဥရောပ တိုက်တွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ အားကောင်း မောင်းသန် ဖွံ့ဖြိုး တိုးတက် နေသော်လည်း အာရှ ဒေသမှာ နောက်ကျ ကျန်နေ ခဲ့ပြီး  အိန္ဒိယ၊ တောင်ကို ရီးယားနှင့် ဂျပန် နိုင်ငံများ တွင်သာ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ ခိုင်ခိုင် မာမာ ထွန်းကား သည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း Aisa- Pacific Institute of Broadcast Development , AIBD က ၁၉၉၀ ပြည့်နှစ် အစပိုင်း များမှပင် စတင်ပြီး ဒေသတွင်း၌ အများပြည်သူ ၀န်ဆောင်မှု မီဒီယာများ ပေါ်ထွက်လာ စေရန် အတွက် ကြိုးပမ်း လုပ်ဆောင် ခဲ့သည်။ သို့သော် AIBD ၏ ညွှန်ကြား ရေးမှူး ဒေါက်တာ ဂျာဗတ်...
Read more

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူ ၀န်ဆောင်မှုမီဒီယာ(၅)

အများပြည်သူဝန်ဆောင်မှုမီဒီယာပတ်ဝန်းကျင် ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးပြီး နိုင်ငံများ သာမက ဒီမိုကရေစီ စနစ်သို့ အသွင် ကူးပြောင်း ခဲ့သည့် နိုင်ငံ အများ အပြားတွင် အရည်အသွေး ပြည့်မီသည့် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ တည်ထောင် နိုင်ရန် ကြိုးစား ခဲ့ကြသည်။ အထူးသဖြင့် ယခင် ဆိုဗီယက် ပြည်ထောင်စု ၀င်နိုင်ငံများနှင့် အရှေ့ ဥရောပ နိုင်ငံ များတွင် အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာများ ထွန်းကားရေး အတွက် ဥရောပ သမဂ္ဂက ဥရောပ သမဂ္ဂ ၀န်ကြီးများ အစည်းအဝေး (၁၉၉၄) ထုတ်ပြန်ချက် နှင့်...
Read more

Friday, September 27, 2013

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူ ၀န်ဆောင်မှုမီဒီယာ(၄)

အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာေ ကာင်စီ အများ ပြည်သူ ၀န်ဆောင်မှု မီဒီယာ၏ လွတ်လပ်မှုကို ထိန်းသိမ်း ပေးသည့် စနစ် တစ်ခုမှာ သီးခြား လွတ်လပ်သည့် အုပ်ချုပ်ရေး ကောင်စီဖြင့် စောင့်ကြည့် ထိန်းကျောင်း ပေးခြင်း ဖြစ်သည်။ အစိုးရပိုင် မီဒီယာ များသည် ပြည်သူ့ ဘဏ္ဍာ ငွေဖြင့် လုပ်ငန်းများေ ဆာင်ရွက် သည်မှာ မှန်သော်လည်း ၎င်းတို့ကို အစိုးရ ၀န်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်း အဖြစ် ဖွဲ့စည်း ထားခြင်း ဖြစ်သည့် အတွက် စီမံခန့်ခွဲရေး ကိစ္စ များတွင် အစိုးရမှ ၀င်ရောက် ကြီးကြပ် နိုင်ပေသည်။...
Read more

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် အများပြည်သူ ၀န်ဆောင်မှုမီဒီယာ(၃)

Normal 0 false false false EN-US X-NONE X-NONE ...
Read more