၂ဝဝ၃ ခုနှစ်က စတင် ခဲ့သည့် အီရတ် စစ်ပွဲ
လေးနှစ် သက်တမ်းသို့ ဝင်ရောက် လာချိန်တွင် အမေရိကန် နှင့် ဗြိတိသျှတို့ အနေဖြင့် အီရတ်
စစ်ပွဲတွင် အမြတ်ထက် အရှုံးက ပိုများ နေသည် ဆိုသည်မှာ ထင်ရှား လာပြီ ဖြစ်သည်။ အထူး သဖြင့်
အမေရိကန်သည် နိုင်ငံတကာ အလယ်တွင် နိုင်ငံရေး သိက္ခာကျ ရသကဲ့သို့ ဘုရှ်အတွက် လည်း အီရတ်
စစ်ပွဲ အရှုံး အတွက် တရားခံအဖြစ် မှတ်တမ်းတင် ခံရမည်မှာ သေချာ နေပေပြီ။ ထိုကဲ့သို့ အမေရိကန်တို့
အရှုံးနှင့် ရင်ဆိုင် နေချိန်တွင် အီရတ် စစ်ပွဲကြောင့် အမြတ်ထွက် သူတွေလည်း ရှိနေသည်။
အီရန်
အီရတ် စစ်ပွဲတွင် အမြတ် အထွက်ဆုံး ကတော့
အီရန် နိုင်ငံပင် ဖြစ်သည်။ ပင်လယ်ကွေ့ ဒေသတွင် အီရန်နိုင်ငံ၏ သြဇာ ချဲ့ထွင်မှု အတွက်
အဓိက အတားအဆီး ဖြစ်နေသည့် ဆဒမ် ဟူစိန်ကို အမေရိကန်တို့က ဖယ်ရှား ပေးခြင်းဖြင့် ဘုရှ်အဆိုအရ
မကောင်းဆိုးဝါး နိုင်ငံတစ်ခု ဖြစ်သည့် အီရန် အတွက် အကောင်းဆုံး လက်ဆောင်ကို ဘုရှ်က
ဖန်တီး ပေးအပ် ခဲ့သည်။ ၁၉၈ဝ ပြည်လွန် နှစ်များက အီရတ်နှင့် ဖြစ်ခဲ့သော စစ်ပွဲတွင် အီရန်
လူမျိုးများ သိန်းနှင့်ချီ သေဆုံး ခဲ့ကြရ သလို အီရန် နိုင်ငံရှိ ရှီယာ ဘာသာဝင် များမှာလည်း
နလံ မထူနိုင်အောင် နှိပ်ကွပ် ခံခဲ့ရသည်။ ထို့ကြောင့် ဆဒမ်နှင့် ဘာသ့်ပါတီ အီရတ် မြေပေါ်မှ
ပျောက်ကွယ် သွားခြင်းကို အီရန် ဘာသာရေး ခေါင်းဆောင်များက ဘုရားသခင်၏ ဆုလဒ်အဖြစ် မြင်ခဲ့
ကြသည်။
အမေရိကန် တို့ကတော့ အီရတ် နိုင်ငံတွင်
အနောက်ပုံစံ ဒီမိုကရေစီ ထွန်းကားအောင် ဆောင်ရွက် ခြင်းဖြင့် အီရန်နိုင်ငံမှ အစ္စလမ်
ဝါဒီ အစိုးရကို ဖြုတ်ချမည့် လှုပ်ရှားမှုများ ပေါ်ပေါက် လာအောင် အားပေးရာ ရောက်မည် ဟု
မျှော်လင့် ခဲ့ကြ သော်လည်း လက်တွေ့ ဖြစ်ရပ်များက အခြား တစ်ဖက်ကို ညွန်ပြနေသည်။ အီရန်
ပြည်သူတွေ အတွင်းတွင် ဘာသာရေး အစွန်းရောက် များ၏ တင်းကြပ်သော အုပ်ချုပ်မှုကို မနှစ်သက်
သူများ ရှိနေသည့် တိုင် အီရတ်တွင် ပေါ်ပေါက် နေသော အဖြစ်အပျက် များက အမေရိကန်ကို ယုံပြီး
ပုံအပ်ခဲ့လျှင် ဘယ်လို ဖြစ်မည်ကို အီရန် ပြည်သူ တွေကို သတိပေး နေသည်။ ထို့ပြင် အစိုးရ
ဆန့်ကျင်ရေး လှုပ်ရှားသူများ အနေဖြင့်လည်း အမေရိကန် နောက်လိုက်ဟု အမည်တပ် ခံရမည့် အန္တရယ်ကြောင့်
ပြောင်ကျကျ ဆန့်ကျင် လှုပ်ရှားရန် လည်း ဝန်လေးလျှက် ရှိသည်။ ထို့ကြောင့် ဆဒမ် ပြုတ်ကျ
သွားခြင်းကြောင့် အီရန် အစိုးရမှာ ပိုမို အားကောင်း လာသည်ဟု ဆိုရပေမည်။
ထို့ပြင် ဆဒမ် ပြုတ်ကျ သွားခြင်းကြောင့်
အီရတ်တွင် အများစု ဖြစ်သော ရှီယာ မူဆလင်များ အတွက် နိုင်ငံရေး အာဏာ ရယူရန် အခွင့်အလမ်း
ပွင့်သွား ခဲ့သည်။ ထို့ကြောင့်လည်း အီရန် အစိုးရက အမေရိကန်တို့ ကြီးမှူး ပြုလုပ်သည့်
ရွေးကောက်ပွဲ များတွင် ရှီယာတွေ တက်တက်ကြွကြွ မဲပေးရန် လှုံ့ဆော် ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန် တွင် အီရတ်မှာ ရှီယာတွေ ကြီးစိုးသော လွှတ်တော်နှင့် အစိုးရ အဖွဲ့ ရှိနေပြီ။
အီရတ် တောင်ပိုင်း ရှီယာ အများစု နေထိုင်ရာ ဒေသနှင့် အီရန် အကြား နိုင်ငံရေး၊ ဘာသာရေးနှင့်
စီးပွားရေး အရ ကူးလူး ဆက်ဆံမှုတွေ အရှိန်မြင့် နေသည်။ နှစ်စဉ် သိန်းချီသော အီရန် လူမျိုးတွေက
အီရတ် တောင်ပိုင်းကို ဘုရားဖူး ထွက်နေသည်။ အီရတ် နိုင်ငံ လုံခြုံရေးနှင့် တည်ငြိမ်ရေး
အတွက် ပြုလုပ်သည့် ဆွေးနွေး ပွဲတွင် အီရန်က အဓိက ဇာတ်ဆောင် အဖြစ် ပါဝင်နေပြီ ဖြစ်သည်။
ထိုအချက်များ အားလုံးက အမေရိကန် တို့၏ မဟာဗျူဟာ အမှားမှ အီရန်တို့ မည်မျှ အမြတ် ထွက်သွား
သည်ကို ဖော်ပြ နေခြင်း ဖြစ်ပေသည်။
တရုတ်
၂ဝဝ၃ ခုနှစ် အီရတ် စစ်ပွဲတွင် ပြသခဲ့သော
အမေရိကန် တို့၏ စစ်အင်အား ကြီးမားမှု ကြောင့် တရုတ် နိုင်ငံက စိုးရိမ် ခဲ့ရသည် ဆိုလျှင်
ယခု အချိန်တွင် ထိုစိုးရိမ်မှုများ လျော့ပါး သွားပြီဟု ဆိုနိုင်ပေသည်။ အကြီးမား ဆုံးသော
စစ်ရေး အောင်မြင်မှုကို အကြီးမား ဆုံးသော နိုင်ငံရေး အရှုံး ဖြစ်အောင် လုပ်ခဲ့သော ဘုရှ်အစိုးရ၏
မိုက်မဲမှုကြောင့် တရုတ်တို့ အတွက် အကောင်းဆုံး နိုင်ငံတကာ ဆက်ဆံရေး အခွင့် အရေးကို
ရရှိစေ ခဲ့သည်။
တရုတ် တို့သည် ၎င်းတို့၏ စီးပွားရေး၊ စစ်ရေး
အင်အား ကြီးမား လာမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက အန္တရာယ် အဖြစ် မမြင်စေရန် အတွက်
နှစ်ပေါင်း များစွာ ကြိုးစား ခဲ့ရသည်။ အီရတ် စစ်ပွဲတွင် အမေရိကန် တို့၏ တစ်ကိုယ်တော်
ထင်ရာစိုင်း ဝါဒနှင့် အီရတ်တွင် ဒီမိုကရေစီ မဆိုထားနှင့် သာမန် လုံခြုံမှုနှင့် တည်ငြိမ်မှု
ရအောင်ပင် မစွမ်းဆောင် နိုင်သော အခြေအနေ များကြောင့် တရုတ်တို့၏ အခြား နိုင်ငံများ၏
ပြည်တွင်းရေးကို ဝင်ရောက် စွတ်ဖက်ခြင်း မပြုပဲ အပြုသဘော ဆောင်သည့် ဆက်ဆံရေး ပုံစံကို
တတိယ ကမ္ဘာ နိုင်ငံများ အတွင်းတွင် လူကြိုက်များ လာခဲ့သည်။ ထို့ကြောင့်လည်း အမေရိကန်တို့
အီရတ် နွံတောထဲမှ နစ်နေစဉ် တရုတ် နိုင်ငံက အာရှ အပြင်ကို ထွက်ပြီး အာဖရိက၊ အရှေ့ အလယ်ပိုင်းနှင့်
တောင် အမေရိက ဒေသများမှ လက်သွက် ခြေသွက်ဖြင့် လှုပ်ရှား နိုင်ခဲ့သည်။ ထို့ပြင် ၂ဝဝ၃
ခုနှစ်က တရုတ် (တိုင်ပေ) ကို ပြင်းပြင်းထန်ထန် ထောက်ခံ ခဲ့သော အမေရိကန် နိုင်ငံသည်
အာရှ ဒေသတွင် နောက်ထပ် တင်းမာမှု များကို ရင်ဆိုင်ရန် မလိုလားတော့ သည်ကို တွေ့လာ ရသည်။
ထို့ကြောင့် ဘုရှ် အစိုးရက တရုတ်နှင့် တင်းမာမှုကို ဖြစ်စေမည့် တရုတ် (တိုင်ပေ) ခွဲထွက်ရေး
အတွက် ပြောဆိုမှု များကို မနှစ်မျို့သည့် လက္ခာများ အတိအလင်း ပြသ လာသည်ကို တွေ့ရသည်။
တရုတ်တို့ အတွက် သံတမန် ရေးအရ နှစ်ပေါင်း များစွာ လုပ်ဆောင် ရမည့် လုပ်ငန်းများမှာ
အီရတ် စစ်ပွဲကြောင့် အချိန်တို အတွင်း အောင်မြင် လာခဲ့ ပေသည်။
အာရပ်
အာဏာရှင်များ
အရှေ့ အလယ်ပိုင်းရှိ အာရပ် နိုင်ငံများတွင်
ဆော်ဒီ အာရေး ဗီးယားနှင့် အီဂျစ် နိုင်ငံ များသည် အမေရိကန် တို့၏ အဓိက မဟာမိတ် နိုင်ငံများ
ဖြစ်သည်။ ဆော်ဒီတွင် ဘုရင့် မိသားစုက လည်းကောင်း၊ အီဂျစ်တွင် မူဘာရက် က လည်းကောင်း
အာဏာရှင် ဆန်ဆန် အုပ်ချုပ် နေခဲ့ေ သ်ာလည်း အမေရိကန် အစိုးရ အဆက်ဆက်က ထိုနိုင်ငံ များတွင်
ပေါ်ပေါက် နေသည့် ဘာသာရေး ဖိနှိပ်မှုများ၊ လူ့အခွင့် အရေး ချိုးဖောက်မှု များကို လျစ်လျူ
ရှုထား ခဲ့ကြ သည်။ ၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ေ နာက်ပိုင်း တွင်မူ အခြေအနေက ပြောင်းလဲ
သွားခဲ့သည်။ အမေရိကန် တို့က အရှေ့ အလယ်ပိုင်းတွင် ဒီမိုကရေစီ ထွန်းကားအောင် ဆောင်ရွက်
နိုင်မှ သာလျှင် ဘာသာရေး အစွန်းရောက် အကြမ်းဖက် သမားများ အတွက် အခြေခံ နယ်မြေများ
ပျောက်ကွယ် သွားမည်ဟု ယူဆပြီး အာရပ် နိုင်ငံ များတွင် အနောက် ပုံစံ ဒီမို ကရေစီ ပြုပြင်
ပြောင်းလဲ မှုများ ပြုလုပ်ရန် ဖိအားပေး ခဲ့သည်။
ထိုအထဲတွင် အရှေ့ အလယ် ပိုင်းတွင် မဟာ
ဗျူဟာ အရ အရေး ပါသော မဟာမိတ် နိုင်ငံများ ဖြစ်သည့် ဆော်ဒီနှင့် အီဂျစ် တို့မှာ ဖိအားဒဏ်
အခံရဆုံး ဖြစ်ခဲ့ရသည်။ ဘုရှ်၊ ချေယင်နီနှင့် အခြား ထိပ်တန်း အရာရှိများက ဆော်ဒီ ဘုရင့်
မိသားစုနှင့် မူဘာရတ် တို့ကို ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးစ နစ်အကြောင်း အကြိမ်ကြိမ်
ဟောပြော ခဲ့သလို အမေရိကန် အစိုးရ နှစ်ပတ်လည် လူ့ အခွင့်အရေး အစီရင်ခံစာ များတွင်လည်း
အရှေ့ အလယ် ပိုင်းက အာရပ် အစိုးရ များကို ပိုမိုဝေဖန် လာခဲ့သည်။ ဘုရှ် အစိုးရက အာဏာရှင်
အစိုးရ တွေကို ရေတို အကျိုးစီးပွား ကို ကြည့်ပြီး ခွင့်လွှတ် ဆက်ဆံ ခဲ့သည့်ခေတ် ကုန်သွားပြီ၊
ဒီမိုကရေစီ သည်သာ အထိရောက်ဆုံး ရေရှည် အကျိုး စီးပွား ဖြစ်သည်ဟု ခပ်တင်းတင်း ပြောလာ
ခဲ့သည်။ ထိုအပြောကို သက်သေ ပြသည့် အနေဖြင့် အီဂျစ်နှင့် ချုပ်ဆိုမည့် လွပ်လပ်သော ကုန်သွယ်မှု
စာချုပ်ကို ရပ်ဆိုင်း ထားပြီး မူဘာရက်ကို နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုများ ပြုလုပ်ရန်
ဖိအားပေး ခဲ့သည်။ အီရတ်ကို အမေရိကန်တို့ သိမ်းပြီးချိန် တွင်တော့ ဘုရှ်က အီရတ်ကို ဒီမိုကရေစီ
နိုင်ငံအဖြစ် ထူထောင်ပြီး အာရပ် တွေကို ဘယ်လို ဒီမို ကရေစီ ကျင့်သုံး ရမယ် ဆိုတာ နမူနာ
ပြမည်ဟု ကျုံးဝါးခဲ့ ပြန်သည်။
သို့သော် အီရတ်တွင် မှန်းချက်နှင့် နှမ်းထွက်
မကိုက်သည့် အပြင် အီရန်နှင့် ဆီရီယားက အီရတ် နှင့် လက်ဘနွန်တွင် အရေးပါသော ဇာတ်ကောင်များ
ဖြစ်လာ ချိန်တွင် ဆော်ဒီနှင့် အီဂျစ် တို့သည် အမေရိကန် အတွက် ချစ်စရာ မဟာမိတ်များ ဖြစ်လာ
ပြန်သည်။ လက်ရှိ အချိန်အထိ ထို နှစ်နိုင်ငံတွင် ဒီမိုကရေစီ အရိပ်အယောင် မပေါ်ပေါက် သေးသော်လည်း
ဘုရှ် အစိုးရက အမေရိကန် မိတ်ဆွေ အာဏာရှင် နိုင်ငံ ဖြစ်နေတာက တော်သေးသည် ဆိုသည့် စစ်အေးခတ်
ကာလ သဘောထားကို ပြန်လည် ကျင့်သုံး ခဲ့ရသည်။ အမေရိကန် အစိုးရ အရာရှိများ အနေဖြင့် မိန့်ခွန်း
များတွင် အာရပ် ဒီမို ကရေစီ ဆိုသော စကားလုံးကို တွင်တွင်ကြီး သုံးနေ သေးသည့်တိုင် လက်တွေ့
အကောင်အထည် ဖော်ရန် ကြိုးစားမှု များကတော့ မရှိသလောက် ဖြစ်နေသည်။ ထို့ကြောင့် ဆော်ဒီ
ဘုရင် မိသားစုနှင့် သမ္မတ မူဘာရက် တို့အတွက် ပိုနေမြဲ၊ ကျားနေမြဲ ဆက်နေရန် အခွင့် ရသွားပြီ
ဖြစ်သည်။
အယ်လ်ကေဒါ
အာဖဂန် စစ်ပွဲ ပြီးဆုံး သွားချိန်တွင်
အယ်လ်ကေဒါတို့ အခြေအနေမှာ မျှော်လင့်ချက် ကင်းမဲ့ နေခဲ့သည်။ ဘင်အလာဒင် အပါအဝင် ထိပ်တန်း
ခေါင်းများမှာ သေပြေး ရှင်းပြေး ထွက်ပြေး ပုန်းအောင်း နေရသကဲ့သို့ တစ်ကမ္ဘာလုံးရှိ အယ်လ်ကေဒါ
အဖွဲ့ခွဲများနှင့် ထောက်ခံသူ များမှာလည်း တစ်ခုပြီး တစ်ခု ဖော်ထုတ် ရှင်းလင်းခြင်း
ခံနေရသည်။ အကြမ်းဖက် လှုပ်ရှားမှု များကို နောက်ကွယ်က ငွေကြေး ထောက်ပံ့ နေသော ကွန်ယက်မှာ
လည်း အပိုင်းပိုင်း ဖြတ်တောက်ခံ ခဲ့ရသည်။ အယ်လ်ကေဒါ ခေါင်းဆောင် များနှင့် နောက်လိုက်များ
အကြား ဆက်သွယ်မှု ပြတ်တောက် သွားခဲ့သည်။ ထို့ပြင် ဘင်အလာဒင် မှာလည်း အမေရိကန်ကို မဆင်မခြင်
ရန်စ ခဲ့ခြင်းကြောင့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော စစ်မှန်သည့် အစ္စလမ် အစိုးရ ဖြစ်သည့်
တာလီဘန်တို့ ပြုတ်ကျ ခဲ့ရသည် ဆိုသည့် အပြစ်တင်မှု များနှင့် ရင်ဆိုင် နေခဲ့ရ သည်။ ထိုအချိန်က
အမေရိကန်တို့က အယ်လ်ကေဒါတို့ ၏ နောက်ဆုံး ရက်များ နီးနေပြီဟု ယုံကြည် ခဲ့ကြသည်။
အီရတ် စစ်ပွဲက ထိုအခြေအနေ အားလုံးကို
ပြောင်းပြန် လှန်ပစ် လိုက်သည်။ ၂ဝဝ၄ ခုနှစ်တွင် အယ်လ်ကေဒါ ထိပ်တန်း ခေါင်းဆောင် အယ်လ်ဇာ
ဝါဟီရီက အမေရိကန်တို့ အီရတ်မှာ ညှပ်ပူး ညှပ်ပိတ် မိနေ လိမ့်မည်။ အီရတ်က ဆုတ်ခွာရင်
အရှက်ကွဲပြီ၊ ဆက်နေ ရင်လည်း တစ်ဖြေးဖြေးနဲ့ ခြေကုန် လက်ပန်းကျပြီး ရှုံးလိမ့် မည်ဟု
ပြောဆို ခဲ့စဉ်က သူ့စကားကို အလေးအနက် ထားသူ အနည်းငယ် သာရှိခဲ့သည်။ အမေရိကန် တို့က အာဖဂန်တွင်
အခြေ ခိုင်အောင် လုပ်ရမည့် အစား အီရတ်သို့ အာရုံ ပြောင်းသွားသည့် အတွက် တာလီဘန်နှင့်
အယ်လ်ကေဒါတို့ ပြန်လည် ခေါင်းထောင် လာနိုင် ခဲ့သည်။
အီရတ်ကို အမေရိကန်တို့ ဝင်တိုက်ခြင်းက
ဘင်အလာဒင်၏ အစ္စလမ် ကမ္ဘာ၏ အဓိက ရန်သူသည် အမေရိကန် ဖြစ်သည်။ အမေရိကန်နှင့် အစ္စရေး တို့က
အစ္စလမ် ဘာသာ အပေါ် ခရူးဆိတ် စစ်ပွဲ ဆင်နွဲ နေသည် ဆိုသည့် အယူအဆကို အတည်ပြု ပေးရာ ရောက်သွား
ခဲ့သည်။ ထို့ကြောင့်ပင် ဆိုဗီယက်တို့ အာဖဂန်မှ ဆုတ်ခွာ သွားချိန်မှ စပြီး သွေးအေး နေခဲ့သော
ဂျီဟဒ် လှုပ်ရှားမှုများ ပြန်အသက် ဝင်လာပြီး ကမ္ဘာအနံှံ့မှ မူဆလင် လူငယ် အများ အပြားသည်
ဘာသာရေး စစ်ပွဲ နွဲရန် အတွက် အီရတ်သို့ နည်းမျိုး စုံဖြင့် ချီတက် သွားကြသည်။ တကယ်တော့
မူလကပင် ဘင်အလာဒင် အနေဖြင့် ဆော်ဒီ အာရေး ဗီးယားတွင် အခြေခံပြီး အယ်လ်ကေဒါ လှုပ်ရှားမှုကို
ဆောင်ရွက် လိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆော်ဒီ အစိုးရက နှိပ်ကွပ် ခဲ့သောကြောင့်
ဝေးလံ ခေါင်းပါး လှသော အာဖဂန်တွင် သွားရောက် အခြေစိုက် နေခဲ့ရ ခြင်းသာ ဖြစ်၏။ ယခုတော့
ဘုရှ်၏ ကျေးဇူးဖြင့် အယ်လ်ကေဒါ အဖွဲ့သည့် အာရပ် ကမ္ဘာ၏ အချက်အခြာ ကျသော အီရတ် နိုင်ငံတွင်
အယ်လ်ကေဒါ တို့၏ ဘာသာရေး စစ်ပွဲကို ဆင်နွဲခွင့် ရခဲ့ပြီ ဖြစ်သည်။
ဆိုဗီယက် တို့အပေါ် ဆင်နွဲ ခဲ့သည့် အာဖဂန်
စစ်ပွဲက စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုကို ကျူးလွန် ခဲ့သည့် အစွန်းရောက် အကြမ်းဖက်
သမား မျိုးဆက်များကို မွေးထုတ် ပေးခဲ့သည် ဆိုလျှင် အီရတ် စစ်ပွဲ ပိုမို ထက်မြတ်သည့်
နောက်ထပ် အကြမ်းဖက် မျိုးဆက် သစ်တစ်ခုကို ထပ်မံ မွေးထုတ် ပေးနေပြီ ဖြစ်သည်။ အီရတ်တွင်
အကြမ်းဖက် အဖွဲ့များ အသုံးပြုသည့် ဗုံးခွဲ တိုက်ခိုက်မှု များက ပိုမို နည်းပညာ အဆင့်မြင့်မား
သကဲ့သို့ အင်တာနက် ပေါ်မှ ဝါဒ ဖြန့်ချီမှု များကလည်း ထိရောက် လှသည်။ ယခု ထိုတိုက်ပွဲများတွင်
ပါဝင်ခဲ့သော နိုင်ငံခြားသား တိုက်ခိုက်ရေး သမားများက ထိုနည်း ပညာများ၊ အတွေ့ အကြုံများကို
ဇာတိမြေသို့ ပြန်သယ် သွားပြီး နောက်ထပ် ဘာသာရေး စစ်ပွဲများကို ဆင်နွဲ ကြတော့မည် ဖြစ်သည်။
ယခုပင်လျှင် အာဖဂန်၊ ကက်ရှမီးယား နှင့် ချေချင်ညှာ တို့တွင် အီရတ် ပုံစံ အကြမ်းဖက်
တိုက်ခိုက် မှုများ စတင် တွေ့ရှိ နေရပြီ ဖြစ်သည်။ အလားတူပင် ဂျော်ဒန်နှင့် လက်ဘနွန်တွင်
ပေါ်ပေါက် ခဲ့သော ဗုံးခွဲ တိုက်ခိုက်မှု များမှာလည်း အီရတ်တွင် အခြေခံခဲ့သည့် အထောက်
အထားများ တွေ့နေရပြီ ဖြစ်သည်။ တကယ်တော့ အမေရိကန် တို့သည် သူတို့၏ မဟာရန်သူ အယ်လ်ကေဒါ
အသက် ဆက်နိုင်ရန် အတွက် အကောင်းဆုံး အခွင့်အရေးကို အီရတ် စစ်ပွဲဖြင့် ဖန်တီး ပေးလိုက်
ခြင်းသာ ဖြစ်ပေသည်။ ယခုအချိန်တွင် အယ်လ်ကေဒါ အတွက် အကောင်းဆုံး စစ်သား စုဆောင်း ပေးသူကို
ပြောပါဆိုလျှင် ဘုရှ်ကိုသာ လက်ညှိုးထိုး ပြရမည်သာ ဖြစ်သည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။
|
Who win in Iraq,
Foreign Policy , March, 2007
|
၂။
|
www.wikipedia.com
|
No comments:
Post a Comment