ပြီးခဲ့သည့် စက်တင် ဘာလ ၄ ရက်နေ့က ဘင်္ဂလား
ပင်လယ် အော်တွင် တစ်ပတ်ကြာ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ခု ပြုလုပ်ခဲ့သည်။
မာလာဘာ ဝ၇-ဝ၂ (Malaba 07-02) ဟု အမည် ပေးထားသည့် လေးနိုင်ငံ ပါဝင်သော ထိုစစ်ရေး လေ့ကျင့်ခန်းက
အာရှ ဒေသတွင် ပေါ်ပေါက် လာနေသော မဟာဗျူဟာ အခင်း အကျင်းသစ် တစ်ရပ်ကို ဖော်ပြ နေပေသည်။
လေးပွင့်ဆိုင်
မဟာမိတ်
အဆိုပါ စစ်ရေး လေ့ကျင့် ခန်းတွင်
အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျ နိုင်ငံ တို့မှ အဓိက အခန်း ကဏ္ဍမှ
ပါဝင်ခဲ့ပြီး စင်္ကာပူ နိုင်ငံမှလည်း တပ်ဖွဲ့ အနည်းငယ် ပါဝင် ခဲ့သည်။ ထိုလေ့ကျင့် ခန်းတွင်
အမေရိကန် ရေတပ်မှ လေယာဉ်တင် သဘောင်္ နှစ်စင်းနှင့် အဏုမြူ ရေငုတ် သဘောင်္ တစ်စီး
အိန္ဒိယ ရေတပ်မှ လေယာဉ်တင် သဘောင်္ တစ်စီး အပါအဝင် စစ်သင်္ဘော ၂၈ စီး၊ စစ်သည်
နှစ်သောင်း ကျော်နှင့် လေယာဉ် ၁၅ဝ စီး ပါဝင်ခဲ့ရာ ဘင်္ဂလား ပင်လယ်အော်တွင်
ပြုလုပ်သမျှ လေ့ကျင့် ခန်းများ အနက် အကြီးဆုံး စစ်ရေး လေ့ကျင့်ခန်း ပင်ဖြစ်သည်။
ထို့ပြင် အဓိက ပါဝင် လေ့ကျင့် ခဲ့သော လေးနိုင်ငံမှာ ယခင်က နှစ်နိုင်ငံချင်း ပူးတွဲ
လေ့ကျင့်မှုများ ပြုလုပ်ခဲ့ ဖူးသော်လည်း လေးနိုင်ငံ စုပေါင်း လေ့ကျင့်မှု မှာမူ ယခုအကြိမ်သည်
ပထမဆုံး အကြိမ် ဖြစ်သည်ကို တွေ့ရ၏။
ယခုကဲ့သို့ လေးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုကို
စတင် အကြံပြု ခဲ့သူမှာ ဂျပန် ဝန်ကြီးချုပ် အာဘေး ဖြစ်သည်။ ပြီးခဲ့သည့် မေလတွင်
ဝန်ကြီးချုပ် အာဘေးက အာရှဒေသ တည်ငြိမ်ရေးနှင့် လုံခြုံမှု အတွက် ဒီမို ကရေစီ နိုင်ငံများ
ဖြစ်သည့် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျတို့ ပူးပေါင်း ဆောင်ရွက်ရန် အဆိုပြု
ခဲ့သည်။ ထို အစည်းအဝေး မတိုင်မီ ဧပြီလ ကလည်း အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယတို့
ပူးပေါင်းပြီး တောင်တရုတ် ပင်လယ်ပြင်တွင် မာလာဘာ ဝ၇-ဝ၁ အမည်ဖြင့် သုံးနိုင်ငံ ပူးပေါင်း
ရေတပ် လေ့ကျင့်ခန်း တစ်ခု ပြုလုပ် ခဲ့သည်။ အာဘေးက ထိုစစ်ရေး လေ့ကျင့်ခန်း များတွင်
သြစတြေးလျကိုပါ ထည့်သွင်းရန် အဆိုပြုခဲ့ ခြင်းဖြစ်သည်။ အာဘေးက လေးပွင့်ဆိုင် ကြံဆချက်
(Quadrilateral Initiative, Quad) ဟုအမည်ပေး ထားသည့် အဆိုပြုချက်ကို ကျန် သုံးနိုင်ငံက
လိုလို လားလားနှင့် တုန့်ပြန် ခဲ့ကြသည်။
ထို့ကြောင့် ယခုနှစ် ဇူလိုင် လတွင်
သြစတြေးလျ ကာကွယ်ရေး ဝန်ကြီး ဘရန်ဒါ နယ်လ်ဆင်က လေးနိုင်ငံကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုနှင့်
ပတ်သက်သည့် အခြေခံ မူများကို အဆိုပြု တင်ပြခဲ့ကာ သြဂုတ်လတွင် သြစတြေးလျ ရေတပ် ဦးစီးချုပ်
ရပ်ဆဲလ် ရှော်လ်ဒါ အိန္ဒိယ နိုင်ငံသို့ သွားရောက် လည်ပတ်ပြီး ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းနှင့်
ပတ်သက်သည့် အသေးစိတ် ညှိနှိုင်း များကို ပြုလုပ် ခဲ့ကြ ပါသည်။
ဂျပန် ဝန်ကြီးချုပ် အာဘေး ကလည်း
သြဂုတ်လတွင် အိန္ဒိယ နိုင်ငံသို့ သွားရောက် လည်ပတ်ပြီး စီးပွားရေးနှင့် စစ်ရေး ပူးပေါင်း
ဆောင်ရွက်မှု များကို ဆွေးနွေး ခဲ့သည်။ ထိုခရီးစဉ်တွင် အာဘေးက အမေရိကန်၊ ဂျပန်၊
အိန္ဒိယနှင့် သြစတြေးလျ တို့ပါဝင်သော အာရှ လွပ်လပ်မှု စက်ဝိုင်းခြမ်း (An Asiain Arc
of Freedom) ဖြင့် အိန္ဒိယ သမုဒ္ဒရာမှ ပစိဖိတ် သမုဒ္ဒရာ အထိ ဆန့်တန်းပြီး ဒီမိုကရေစီ နိုင်ငံ
မဟုတ်သည့် အင်အားကြီး နိုင်ငံများ၏ အန္တရာယ်မှ ဒီမိုကရေစီ တန်ဖိုးများကို ကာကွယ် သွားရမည်ဟု ဆိုခဲ့သည်။
အာဘေး၏ စကားကို ထောက်ရှုပါက လေးပွင့်ဆိုင် ကြံဆ ချက် သည် မည်သည့် နိုင်ငံကို
ရည်ရွယ်သည် ဆိုသည်မှာ ထင်ရှားနေပါသည်။
နဂါး
ကြောက်သူများ
၁၉၇ဝနှင့် ၁၉၈ဝ ပြည့်လွန် နှစ်များသည်
ဂျပန်တို့ အတွက် ဖြစ်ခဲ့လျှင် ၁၉၉ဝ နှင့် ၂ဝဝဝ ပြည့်လွန် နှစ်များသည် တရုတ် နိုင်ငံ
အတွက်ဟု ဆိုရပါမည်။ ဂျပန် တို့သည် တရုတ် နိုင်ငံ အာရှ အင်အားကြီး နိုင်ငံ အဖြစ်သို့
ရောက်ရှိ လာခြင်း ကို စိုးရိမ်စရာ အဖြစ် ရှုမြင် ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံကို
အင်အား ချိန်ခွင်လျှာ ထိန်းညှိ နိုင်ရန် အတွက် ဂျပန် နိုင်ငံ၏ စစ် အင်အားကို
တိုးချဲ့ လာသကဲ့သို့ အမေရိကန် နိုင်ငံ အပြင် အခြားနိုင်ငံ များနှင့်ပါ စစ်ရေး ပူးပေါင်း
ဆောင်ရွက် မှုများ ပြုလုပ် လာခဲ့သည်။
ထို့ကြောင့် ဝန်ကြီးချုပ် အာဘေး လက်ထက်တွင်
သြစတြေးလျ နိုင်ငံနှင့် စစ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီ ချက်များ
ချုပ်ဆို နိုင်သကဲ့သို့ သြစတြေးလျ နိုင်ငံက ဂျပန်နှင့် အမေရိကန်တို့ ဆောင်ရွက် နေသော
ဒုံးပျံ ကာကွယ်ရေး စနစ်တွင် ပါဝင် ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီမှုကို ရယူ နိုင်ခဲ့သည်။
ဒုံးပျံ ကာကွယ်ရေး စနစ်သည် မြောက် ကိုရီးယား နိုင်ငံကို ရည်ရွယ်သည် ဆိုသော်လည်း
လက်တွေ့တွင် တရုတ်နိုင်ငံကို ရည်ရွယ်သည် ဆိုသည်မှာ ထင်ရှား လှပေသည်။ တစ်ချိန် တည်း၌ပင်
ဂျပန် နိုင်ငံသည် ၎င်း၏ ရေ တပ်မတော် ကိုလည်း အင်အား တိုးချဲ့ လျှက်ရှိရာ မကြာမီ ကာလတွင်
ဗြိတိန် နိုင်ငံ၏ ရေတပ် အင်အားကို ကျော်လွန် သွားတော့မည် ဖြစ်သည်။
စစ်အေး တိုက်ပွဲလွန် ကာလတွင် အမေရိကန်
တို့၏ မဟာ ဗျူဟာ အရ ဦးစားပေး ရမည့် ဒေသသည် ဥရောပ တိုက်မှ အာရှတိုက် ဘက်သို့
လှည့်သွား ခဲ့သည်။ အမေရိကန် တို့က တရုတ် နိုင်ငံသည် အာရှ ဒေသတွင် အမေရိကန် တို့၏
သြဇာ လွှမ်းမိုးမှုကို စိန်ခေါ် နိုင်မည့် အနေအထားသို့ ရောက်လာ နိုင်သည်ဟု ယူဆ သောကြောင့်
၂ဝဝ၆ ခုနှစ် ကာကွယ်ရေး သုံးသပ်ချက် အစီရင် ခံစာတွင် တရုတ် နိုင်ငံကို အနာဂတ်တွင် ပြိုင်ဘက်
ဖြစ်လာ နိုင်သည့် နိုင်ငံအဖြစ် သတ်မှတ် ဖော်ပြ ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ အထူးသဖြင့်
အမေရိကန် တို့က တရုတ်နိုင်ငံ၏ အင်အား ကြီးမား လာမှုသည် ဆိုဗီယက်တို့ စစ်အင်အား ကြီးမား
လာမှုနှင့် လည်းကောင်း၊ ဂျပန်တို့ စီးပွားရေး အင်အား ကောင်းလာ မှုနှင့် လည်းကောင်း
မတူဘဲ စစ်ရေး၊ စီးပွားရေး၊ သံတမန် ရေးရာ အားလုံးမှ အမေရိကန် အပေါ် ဘက်စုံ ခြိမ်းခြောက်
လာနိုင် သည်ဟု ရှုမြင် သုံးသပ် ခဲ့ကြသည်။ ထို့ပြင် တရုတ် ရေတပ်မတော်ကို ခရီးဝေး စစ်ဆင်
နိုင်သည့် စွမ်းရည် ရှိအောင် တည်ဆောက် လာမှုကြောင့် ပစိဖိတ် သမုဒ္ဒရာကို စိုးမိုး ထားသည့်
အမေရိကန် ရေတပ်ကို စိန်ခေါ် လာနိုင် မည်ဟု စိုးရိမ် ခဲ့ကြသည်။ ထို့ကြောင့်
အမေရိကန်နှင့် ဂျပန်တို့က သြစတြေးလျနှင့် အိန္ဒိယကို စည်းရုံးပြီး လေးပွင့်ဆိုင် ပူးပေါင်း
ဆောင်ရွက်မှု အစီအစဉ်ကို အကောင် အထည် ဖော်ခဲ့ခြင်း ဖြစ်ပေသည်။
နဂါး
မျက်စောင်း
တရုတ် နိုင်ငံ အနေဖြင့်
အမေရိကန်နှင့် ဂျပန်တို့၏ လှုပ်ရှားမှု များကို လျစ်လျူရှု ထားသည်တော့ မဟုတ်ပါ။
ယခုနှစ် မေလတွင် ဂျပန်နိုင်ငံက လေးနိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်ကို
တင်ပြချိန် ကပင် တရုတ်နိုင်ငံက လေး နိုင်ငံလုံး သို့ တရားဝင် ကန့်ကွက် ခဲ့သည်။
ထို့ပြင် တရုတ် သမ္မတ ဟူကျင်တောင်က ဇွန်လ ဂျီ ၈ အစည်းအဝေးတွင် အမေရိကန်၊ ဂျပန်နှင့်
အိန္ဒိယ ခေါင်းဆောင် များကို တရုတ်တို့၏ ကန့်ကွက်ချက်ကို ထုတ်ဖော် ပြောကြား ခဲ့ပါသည်။
ထိုသုံးနိုင်ငံ လုံးက ၎င်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုမှာ တရုတ် နိုင်ငံကို ထိန်းချုပ်ရန်
ရည်ရွယ်ခြင်း မဟုတ်ကြောင်း အာမဘန္တေ ခံခဲ့ကြ သော်လည်း တရုတ်တို့ အနေဖြင့်
ထိုအာမခံချက် အပေါ် ယုံကြည်မှု မရှိကြောင်း ခပ်ရှင်းရှင်းပင် ဖော်ပြခဲ့သည်။
အမေရိကန်နှင့် ဂျပန်တို့၏ အစီအမံကို
တုံ့ပြန်ရန် အတွက် တရုတ် တို့က ရှန်းဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ Shanghi
Cooperation Organization, SCO၏ လှုပ်ရှားမှု များကို အရှိန်မြှင့် တင်ခဲ့သည်။ ၂ဝဝ၁
ခုနှစ်တွင် တရုတ်၊ ရုရှား၊ ကာဇက် စတန်၊ ခါဂျစ် စတန်၊ ဥဇဘက် ကစ္စတန်၊ တာဂျစ် ကစ္စတန် တို့ပေါင်းစပ်
ဖွဲ့စည်း ထားသော အဖွဲ့သည် မူလက စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို ဦးစားပေး ခဲ့သော်လည်း
နောက်ပိုင်းတွင် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု များကိုပါ ဆောင်ရွက် လာခဲ့သည်ကို
တွေ့ရ၏။ ၂ဝဝ၅ ခုနှစ် မှစတင်ပြီး တရုတ်နှင့် ရုရှား တို့ကြားတွင် ပူးတွဲ စစ်ရေး လေ့ကျင့်မှု
များကို ဆောင်ရွက် ခဲ့သည်။ ယခုနှစ် သြဂုတ်လက ဂျပန် ဝန်ကြီးချုပ် အာဘေး အိန္ဒိယ နိုင်ငံသို့
သွားရောက် လည်ပတ်ပြီး စစ်ရေး ပူးပေါင်း ဆောင်ရွက် မှုများ ဆွေးနွေး နေချိန်တွင်
ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံ အားလုံး ပူးပေါင်းပြီး
ငြိမ်းချမ်းရေး ရည်မှန်းချက် ၂ဝဝ၇ အမည်ဖြင့် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ခု ပြုလုပ်ခဲ့
ကြသည်။ အီရန် နိုင်ငံက ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့သို့ အမြဲတမ်း အဖွဲ့ဝင်
အဖြစ် ဝင်ရောက်ခွင့် တောင်းခံ ထားခြင်း ကြောင့် ထိုအဖွဲ့သည် အနာဂတ်တွင် ဗဟို အာရှ ဒေသ၌
အမေရိကန် တို့ကို အင်အား ချိန်ခွင်လျှာ ညှိနိုင်မည့် အဖွဲ့ အဖြစ်သို့ ရောက်လာ တော့မည်
ဖြစ်ဟု အကဲခတ်များက သုံးသပ် နေကြသည်။ ယခုလက်ရှိ အချိန်တွင် ရှန်ဟိုင်း အဖွဲ့ဝင် နိုင်ငံများ၌
ကမ္ဘာ့ ရေနံသိုက် ၂ဝ% ရှိနေရာ အီရန် နိုင်ငံသာ ပါဝင် လာခဲ့ပါက ထိုထက် အဆများစွာ တိုးတက်
လာမည် ဖြစ်သည်။ ထို့ကြောင့် တရုတ် အတွက် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့သည်
အမေရိကန်ကို အင်အား ချိန်ခွင်လျှာ ညှိရန်အပြင် စွမ်းအင် လုံခြုံရေး အတွက်ပါ
အကျိုးရှိ နေသည်ဟု ဆိုရပေမည်။
ဘုရှ်၏ အာရှတိုက် ဆိုင်ရာ အကြံပေး အရာရှိ
အဖြစ် တာဝန် ယူခဲ့ဖူးသည့် မိုက်ကယ် ဂရင်းက အမေရိကန်- ဂျပန် ခေါင်းဆောင်သော အုပ်စုနှင့်
တရုတ်- ရုရှား ခေါင်းဆောင်သော အုပ်စု နှစ်ခု ပေါ်ထွက် လာခြင်းကို ရေကြောင်း အင်အားကြီး
အုပ်စုနှင့် ကုန်းတွင်း အင်အားကြီး အုပ်စု (Maritime vs Continetal) တို့ အာရှဒေသ ခေါင်းဆောင်
နေရာကို လုယူခြင်း အဖြစ် သုံးသပ် ခဲ့ကာထိုအား ပြိုင်မှုကြောင့် ကျန်ဒေသတွင်း နိုင်ငံများ
အတွင်း မတည်ငြိမ် မှုများ ပေါ်ပေါက် လာမည်ဟု ပြောဆိုခဲ့သည်။
ပြိုင်ဘက်လား ၊ မိတ်ဖက်လား မိုက်ကယ် ဂရင်း၏
သုံးသပ်ချက်ကို ပညာရှင် အများ အပြားက သဘော မတူကြပါ။ သူတို့က ဂရင်း အနေဖြင့် အာရှ အခြေအနေကို
စစ်အေး ကာလ အမေရိကန်- ဆိုဗီယက် အားပြိုင်မှု ပုံစံခွက် ထဲသို့ ထည့်ကြည့် နေခြင်း ဖြစ်သည်ဟု
ဆိုကြသည်။ အမေရိကန် အောက်လွှတ်တော် အမတ် အဒမ်စမစ် ကမူ တကယ့် အန္တရာယ်မှာ
အမေရိကန်တို့ အနေဖြင့် စစ်အေးခေတ် အယူအဆ များကို ကိုင်ဆွဲပြီး စိတ်ကူးထဲတွင်
ရန်သူများ ဖန်တီး ယူနေခြင်း ဖြစ်ကြောင်းနှင့် တရုတ်ကို စစ်ရေး ခြိမ်းခြောက်မှု အဖြစ်
ယူဆပြီး လက်နက် ပြိုင်ပွဲ ကျင်းပရန် မလို ဟုဝေဖန်ခဲ့သည်။
မျက်မှောက် ကာလ စီးပွားရေး ပူးပေါင်း
ဆောင်ရွက်မှု များကလည်း စစ်အေး ခေတ်ပုံစံ အားပြိုင် မှုများ မဖြစ်ပေါ် နိုင်ကြောင်း ပြဆို
နေပါသည်။ တရုတ် နိုင်ငံသည် ဆိုဗီယက် နိုင်ငံနှင့် ယှဉ်လျှင် အနောက် အုပ်စု နှင့်
စီးပွားရေး အရ ပေါင်းစည်း ယှက်နွယ်မှု ပိုမို များပြား သည်ကို တွေ့နိုင်သည်။ အိန္ဒိယ
နိုင်ငံ သည်လည်း ၂ဝဝ၅ ခုနှစ် တည်းက တရုတ်နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု စာချုပ်များ
လက်မှတ် ရေးထိုး ခဲ့ကာ မကြာခင်က လည်း စွမ်းအင် ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ရန်
သဘောတူ ခဲ့ကြသည်။
သြစတြေးလျ နိုင်ငံ အတွက်လည်း တရုတ် နိုင်ငံသည်
အဓိက ကုန်သွယ်ဖက် နိုင်ငံ ဖြစ်နေပြီး မကြာမီ နှစ်များမှ စတင်က တရုတ် နိုင်ငံသည်
အမေရိကန်ကို ကျော်လွှားကာ ဂျပန်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံ ဖြစ်လာ ခဲ့သည်ကို
တွေ့ရသည်။ ထို့ကြောင့် တရုတ် (တိုင်ပေ) ကာကွယ်ရေး ဌာနမှ အရာရှိ လင်ချောင်ပင်းက
အပေါ်ယံ မှာတော့ အုပ်စု နှစ်ခုပုံစံ ပေါ်ပေါက် နေပေမယ့် အောက်ခြေ မှာတော့ အမြစ်ချင်း
နက်နက် ရှိုင်းရှိုင်း ဆက်နွယ် စပ်ယှက် နေတယ်၊ ဟုဆိုခဲ့ခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ထိုအုပ်စု နှစ်ခု အနေဖြင့်
မိမိတို့ အမျိုးသား အကျိုး စီးပွား များကို အကောင် အထည်ဖော် ရာတွင် အထောက်အပံ ရရှိစေရန်
အတွက် အုပ်စုဖွဲ့ လှုပ်ရှား နေသော်လည်း စစ်အေး တိုက်ပွဲပုံစံ အားပြိုင် မှုမျိုးထိ
ဖြစ်ပေါ် လာရန် အလား အလာ မရှိဟု ဆိုရ ပါမည်။ အမေရိကန်- ဂျပန် တို့က အင်အား ဗဟိုချက်မ
တစ်ခု၊ တရုတ်-ရှရှား တို့က အင်အား ဗဟို ချက်မ တစ်ခု အဖြစ် တည်ရှိနေပြီး ကျန် နိုင်ငံ
ငယ်များက မိမိတို့ တစ်ဦးချင်း အကျိုး စီးပွားပေါ် မူတည်ကာ ထို ဗဟိုချက် များ၏
ပတ်လမ်းကြောင်း များအတွင်း ပူးတုံ ခွာတုံဖြင့် လည်ပတ် နေသည့် အခင်းအကျင်း သည်သာ
အနာဂတ် အတွက် အာရှ ဒေသ ပထဝီ နိုင်ငံရေး အခင်းအကျင်း ဖြစ်မည်ဟု ဆိုလျှင် မှားမည် မထင်ပါ။
ရဲထွဋ်
International Eleven: 21-9-2007
မှီငြမ်းပြုစာစောင်များ
၁။
|
Asia's Dangerous
Divide Newsweek 10-9-07
|
၂။
|
New 'strategic
partnership' against China, BBC News 3-9-2007
|
၃။
|
Perils of a new
Pacific arms race, BBC Radio 4, 14-8-2007
|
No comments:
Post a Comment