အမေရိကန် နိုင်ငံ၏ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး
စစ်ပွဲတွင် အဓိက စစ်မျက်နှာမှာ အီရတ် ဖြစ်ပြီး အဓိက မဟာမိတ်မှာ ပါကစ္စတန် နိုင်ငံ ဖြစ်သည်။
ပါကစ္စတန် သမ္မတ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်၏ ပူးပေါင်း ဆောင်ရွက် မှုသာ မရှိခဲ့လျှင် အမေရိကန်
တို့သည် အာဖဂန်မှ တာလီဘန် အစိုးရနှင့် အယ်လ်ကေဒါ များကို ဖယ်ရှား နိုင်မည် မဟုတ်ပေ။
သို့သော် ဘုရှ် အစိုးရ၏ အီရတ် စစ်ပွဲ အခြေမလှဖြစ်၊ အာဖဂန် ၌လည်း တာလီဘန် တို့ တစ်ကျော့
ပြန်လာမည့် အန္တရာယ်နှင့် ရင်ဆိုင် လာနေရ ချိန်တွင် အမေရိကန်၏ အဓိက မဟာမိတ် ဖြစ်သော
မူရှာရက်ဖ် အစိုးရ မှာလည်း အကျပ် အတည်း ပေါင်းစုံနှင့် ရင်ဆိုင် နေရပေသည်။
အာဏာရှင်နှင့်မိတ်ဆွေ
ဖွဲ့ခြင်း
အကြမ်းဖက် ဝါဒကို တိုက်ဖျက် ရာတွင် ဒီမိုကရေစီ
သည် သာလျှင် အကောင်းဆုံး လက်နက် ဖြစ်သည်၊ ထို့ကြောင့် ကမ္ဘာ တဝန်းတွင် ဒီမို ကရေစီ ထွန်းကားအောင်
ဆောင်ရွက် ရမည်၊ ဒီမိုကရေစီကို ကျင့်သုံးခြင်း မရှိသည့် အစိုးရ များကို ဖယ်ရှား ရမည်ဟု
ကြွေးကျော်နေသည့် ဘုရှ်၏ အဓိက မဟာမိတ် မူရှာရက်ဖ်မှာမူ အာဏာ သိမ်းထားသည့် ဗိုလ်ချုပ်တစ်ဦး
ဖြစ်နေခြင်းမှာ ရယ်စရာ ကောင်းသည့် ကံကြမ္မာ လှည့်ကွက် တစ်ခု ဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် ပါကစ္စတန် ကြည်း တပ်မတော်
ဦးစီးချုပ် ဖြစ်သည့် ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်သည် ရွေးကောက် တင်မြှောက် ထားသည့် ဝန်ကြီးချုပ်
နဝပ်ရှာရစ်ဖ်၏ အစိုးရကို ဖြုတ်ချပြီး အာဏာ သိမ်းခဲ့သည်။ အာဏာ သိမ်းမှု ဖြစ်ပွား ပြီးနောက်
အမေရိကန် တို့က ပါကစ္စတန် နိုင်ငံ အပေါ် စစ်ရေး အကူအညီ ပေးမှုများ ရပ်ဆိုင်းပြီး ဒီမိုကရေစီ
စနစ်သို့ ပြန်လည် ကူးပြောင်းရန် တောင်းဆိုမှု အချို့ ရှိခဲ့ေ သ်ာလည်း စက်တင်ဘာ ၁၁ ရက်နေ့
တိုက်ခိုက်မှု အပြီးတွင်မူ အမေရိကန် တို့၏ ပါကစ္စတန် ဆိုင်ရာ မူဝါဒမှာ ၁၈ဝ ဒီဂရီ အလှည့်
အပြောင်း ဖြစ်သွား ခဲ့သည်။ ယနေ့ အချိန်တွင် ပါကစ္စတန် နိုင်ငံသည် အစ္စရေးနှင့် အီဂျစ်
ပြီးလျှင် အမေရိကန်၏ စစ်ရေး၊ စီးပွားရေး အကူအညီ အများဆုံး ရရှိ နေသော နိုင်ငံ ဖြစ်လာကာ
၂ဝဝ၁ ခုနှစ် နောက်ပိုင်းတွင် အမေရိကန် ထံမှ ဒေါ်လာ ၁ဝ ဘီလီယံခန့် အကူအညီ ရရှိခဲ့ပြီး
ဖြစ်၏။ အီရန်၊ ဆီရီးယား စသော နိုင်ငံတွေကို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေးများ ပြုလုပ်ရန်
ဖိအားပေးမှု၊ ဒဏ်ခတ် မှုတွေ လုပ်နေသော ဘုရှ် အစိုးရမှာ ပါကစ္စတန် နိုင်ငံတွင် ဒီမိုကရေစီ
ထွန်းကား ရေးနှင့် ပတ်သက်ပြီး လေသံမျှပင် မဟတော့ သည်ကို တွေ့ရသည်။ သို့တိုင်အောင် မူရှာရက်ဖ်ကို
စိန်ခေါ်မှု များသည် ယခုနှစ် ပိုင်းအတွင်း အရှိန်အဟုန်နှင့် ပေါ်လာ ခဲ့သည်။
တရားသူကြီးချုပ်
ချောင်ဒရီ အရေးအခင်း
ဗိုလ်ချုပ်ကြီး မူရှာရက်ဖ် သည် ယခုနှစ်မတ်လ
၉ ရက်နေ့က တရားသူကြီးချုပ် ချောင်ဒရီကို လဘ်စားမှု၊ အကျင့် ပျက်မှုများ ရှိသည်ဟု အကြောင်းပြပြီး
ရာထူးမှ ထုတ်ပယ်ခဲ့သည်။ မူရှာရက်ဖ်ကို ဆန့်ကျင်သူများ ကမူ မူရှာရက်ဖ် အစိုးရ၏ လူ့ အခွင့်အရေး
ဖောက်ဖျက်မှု များနှင့် ပတ်သက်သည့် အမှုများတွင် ချောင်ဒရီက အစိုးရကို ထိခိုက်စေမည့်
ဆုံးဖြတ် ချက်များ ချမှတ်ခဲ့ သောကြောင့် ဖယ်ရှားခဲ့ခြင်း ဖြစ်သည်ဟု ဆိုပြီးကန့်ကွက်
ဆန္ဒပြမှုများ ပြုလုပ်ခဲ့ ကြသည်။ ထို ကန့်ကွက်မှုများ အတွင်း ကရာချိ တစ်မြို့တည်း တွင်ပင်
လူ ၄၉ ဦး သေဆုံးကာ တစ်နိုင်ငံ လုံးတွင် လူတစ်ရာ နီးပါး သေဆုံးပြီး ရာပေါင်း များစွာ
ဒဏ်ရာ ရရှိခဲ့ ကြသည်။ တရားသူကြီးချုပ် ချောင်ဒရီကို ထောက်ခံသည့် ဥပဒေ လောကမှ ထင်ရှားသူ
အချို့ မှာလည်း လက်သည် မပေါ်ဘဲ လုပ်ကြံ သက်ဖြတ်ခံ ခဲ့ရသည်ကို တွေ့ခဲ့ရသည်။ တရား သူကြီးချုပ်
ချောင်ဒရီ အရေးအခင်းသည် မူရှာရက်ဖ်ကို ဆန့်ကျင်သူ အားလုံး အတွက် စုစည်းရာ နေရာ ဖြစ်လာခဲ့ပြီး
နိုင်ငံ တစ်ဝှမ်းတွင် ဆန္ဒပြမှုများ၊ သပိတ် မှောက်မှုများ အကြိမ်ကြိမ် ဖြစ်ပွား ခဲ့သည်။
နောက်ဆုံးတွင် ဇူလိုင်လ ၂ဝ ရက်နေ့၌ ပါကစ္စတန် တရားရုံးချုပ်က သမ္မတ၏ အမိန့်သည် ဥပဒေနှင့်
မကိုက်ညီဟု ဆုံးဖြတ်ခဲ့ပြီး တရား သူကြီးချုပ် ချောင်ဒရီကို ပြန်လည် ခန့်အပ်ရန် အမိန့်
ချမှတ် ခဲ့သည်။ တရား သူကြီးချုပ် ချောင်ဒရီ အရေး အခင်းသည် မူရှာရက်ဖ်၏ ရှစ်နှစ်တာ သက်တမ်းတွင်
၎င်း၏ အာဏာ ချုပ်ကိုင်မှု အပေါ် ပထမဆုံး စိန်ခေါ်ခံ ရခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ဒီမို
ကရေစီ လိုလား သူများက ဆန့်ကျင် လာချိန်တွင် အစ္စလမ် အစွန်းရောက် ဝါဒီများ ကလည်း မူရှာရက်ဖ်ကို
စိန်ခေါ် လာခဲ့ ပြန်သည်။
ဗလီနီ
အရေးအခင်း
ပါကစ္စတန် နိုင်ငံ မြို့တော် အစ္စလမ် မာဘတ်ရှိ
ဗလီနီ အမည်ရှိ (Lal Masjid) ဗလီ တစ်ဝိုက်တွင် ဇူလိုင်လ ၃ ရက် နေ့၌ အစ္စလမ် ဘာသာရေး အယူအဆ
ပြင်းထန် သူများနှင့် ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့များ အကြား တိုက်ခိုက် မှုများ စတင်
ဖြစ်ပွား ခဲ့သည်။ ဗလီနီဝင်း အတွင်းတွင် ဖွင့်လှစ် ထားသည့် အစ္စလမ် ဘာသာရေး သင်တန်း ကျောင်းများမှ
ကျောင်းသား၊ ကျောင်းသူ များက အစ္စလမ် ဘာသာရေးဥ ပဒေကို ကျင့်သုံးရန် တောင်းဆို ခြဲ့ပီး
အစ္စလမ် မာဘတ်မြို့ အတွင်းရှိ ညကပွဲရုံများ၊ အနှိပ်ခန်း များကို သွားရောက် ဖျက်ဆီးရာမှ
အာဏာပိုင်များ နှင့် ထိပ်တိုက် တိုးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အစ္စလာမ် စစ်သွေးကြွ
များက ဗလီဝင်းကို ထိန်းချုပ်ထားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ တစ်ထောင် နီးပါးခန့်ကို
ထိန်းသိမ်း ထားခဲ့သည်။
ဇူလိုင်လ ၃ ရက်နေ့ တိုက်ခိုက်မှု များတွင်
လူပေါင်း ၁၉ ဦး သေဆုံး ခဲ့ပြီးနောက် ပါကစ္စတန် တပ်မတော်က ဗလီကို ဝိုင်းရံ ပိတ်ဆို့
ထားခဲ့သည်။ ဇူလိုင်လ ၅ ရက်နေ့တွင်မူ ကျောင်းသား ကျောင်းသူ ခုနှစ်ရာခန့် ဗလီ အတွင်းမှ
ထွက်ခွာပြီး အာဏာပိုင် များထံ လက်နက်ချ ခဲ့သော်လည်း အင်အား သုံးရာေ ကျာ်ခန့်မှာ ဗလီဝင်း
အတွင်း ဆက်လက် ကျန်ရှိ နေခဲ့သည်။ ပါကစ္စတန် တပ်မတော်က စစ်သွေးကြွ များနှင့် ညှိနှိုင်းမှုများ
ဆက်လက် ပြုလုပ်ခဲ့ သော်လည်း အောင်မြင်မှု မရှိသဖြင့် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ကွန်မန်ဒို
တပ်ဖွဲ့ များဖြင့် ဗလီဝင်း အတွင်းသို့ ဝင်ရောက် စီးနင်းခဲ့ရာ ၃၅ နာရီကြာ တိုက်ပွဲ ဖြစ်ပွား
ပြီးနောက် သိမ်းပိုက် နိုင်ခဲ့သည်။ ထို တိုက်ခိုက်မှု အတွင်း ကွန်မန်ဒို တပ်ဖွဲ့ဝင်
၈ ဦး အပါအဝင် လူ ၁ဝ၈ ဦး သေဆုံးကာ ထိုအထဲတွင် ဗလီနီနှင့် ဘသာရေး သင်တန်းကျောင်း များကို
ဦးစီးေ နသည့် ဘာသာရေး ခေါင်းဆောင် ရာရှစ် ဂါဇီလည်း ပါဝင်ခဲ့သည်။
သမ္မတဘုရှ်က ထို တိုက်ခိုက်မှုကို အကြမ်းဖက်
ဝါဒီများကို ချေမှုန်းမှု အဖြစ် ပြောဆိုပြီး မူရှာရက်ဖ် ကို ထောက်ခံကြောင်း ပြောကြား
ခဲ့သော်လည်း ပြည်တွင်းရှိ အစ္စလမ် ဘာသာရေး အသိုင်း အဝိုင်းက ပြင်းထန်စွာ ရှုံ့ချခဲ့ ကြသည်။
ထိုစီးနင်း မှုတွင် သေဆုံးသူ အများ အပြားမှာ ဘာသာာရေး ကျောင်းသူ ကျောင်းသား များဖြစ်သည်
ဆိုသည့် သတင်း များကြောင့် မူရှာရက်ဖ် အပေါ် ဆန့်ကျင် မှုများ ပိုမို တိုးပွား လာခဲ့
လေသည်။
အနောက်မြောက်
ဒေသမှ တိုက်ခိုက်မှုများ
ပါကစ္စတန် နိုင်ငံ အနောက် မြောက်ဘက်ရှိ
အာဖဂန် နိုင်ငံနှင့် ဆက်စပ် နေသည့် နယ်စပ် ဒေသများရှိ တိုင်းရင်းသား လူမျိုးစု ဒေသများ
North West Forntier Province သည် အာဖဂန် စစ်ပွဲအတွင်းက ဆိုဗီယက် ဆန့်ကျင်ရေး မူဂျာ
ဟစ်ဒင် တပ်ဖွဲ့များ အခြေခံရာ ဒေသ ဖြစ်ခဲ့သည်။ တာလီဘန် တို့သည်လည်း ထိုဒေသကို အခြေခံပြီး
အာဖဂန် နိုင်ငံကို သိမ်းပိုက်ခဲ့ သကဲ့သို့ အယ်လ်ကေဒါ အဖွဲ့လည်း အာဖဂန်စစ်ပွဲ အတွင်းက
ထိုဒေသတွင် လေ့ကျင့်ရေး စခန်းများ ဖွင့်လှစ်ခဲ့ ဖူးသည်။ ထို့ကြောင့် အာဖဂန်မှ တာလီဘန်တို့
ပြုတ်ကျ သွားချိန်တွင် တာလီဘန်နှင့် အယ်လ်ကေဒါ တပ်ဖွဲ့များသည် ထိုဒေသ အတွင်းသို့ ပြန်လည်
ဝင်ရောက် ခိုလှုံခဲ့ ကြသည်။ ထိုဒေသသည် တောတောင် ထူထပ်ပြီး ဒေသခံ လူမျိုးစုများ အနေဖြင့်လည်း
တာလီဘန်နှင့် အယ်လ်ကေဒါ တို့အပေါ် စာနာ ထောက်ထား အကူအညီ ပေးနေ သောကြောင့် ပါကစ္စတန် တပ်မတော်အ
နေဖြင့်လည်း ထိထိ ရောက်ရောက် နှိမ်နင်း နိုင်မှု မရှိဘဲ ဖြစ်နေသည်။ မြောက်ပိုင်း ဝါဇာ
ရစ်စတန် နယ်မြေ တွင်မူ အယ်လ်ကေဒါ တပ်ဖွဲ့များကို လိုက်လံ တိုက်ခိုက်သည့် ပါကစ္စတန် တပ်ဖွဲ့များနှင့်
ဒေသခံ လူမျိုးစုများ အကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့သည် ကိုပင် တွေ့ခဲ့ရ သည်။
ထို့ကြောင့် ဗလီနီ တိုက်ခိုက်မှု ပြီးချိန်တွင်
မူရှာရက်ဖ် အစိုးရအပေါ် အစ္စလာမ် စစ်သွေးကြွ များ၏ တန်ပြန် တိုက်ခိုက်မှု များသည် အဆိုပါ
အနောက်မြောက် နယ်စပ် ဒေသများတွင် အပြင်းထန်ဆုံး ပေါ်ပေါက် ခဲ့သည်။ ဗလီ တိုက်ခိုက်မှု
အပြီးတွင် ငါးရက် အတွင်း ထိုဒေသ၌ အစိုးရ လုံခြုံရေး တပ်ဖွဲ့များ အပေါ် အသေခံဗုံးခွဲ
တိုက်ခိုက်မှုများ ဆက်တိုက် ပေါ်ပေါက် ခဲ့ပြီး တပ်ဖွဲ့ဝင် ခုနှစ်ဆယ် နီးပါး သေဆုံးကာ
ရှစ်ဆယ်ကျော် ဒဏ်ရာ ရရှိခဲ့ သည်ကို တွေ့ရ သည်။ ထိုတိုက်ခိုက် မှုများမှာ စနစ်တကျ ပြင်ဆင်
တိုက်ခိုက်မှု များဖြစ်ပြီး အချိန်တို အတွင်း အကောင် အထည်ဖော် ဆောင်ရွက် ခဲ့ခြင်း
ဖြစ်သောကြောင့် အမေရိကန်ရော ပါကစ္စတန် ထောက်လှမ်းရေး အဖွဲ့များ အတွင်း အကြီး အကျယ် ဂယက်ရိုက်
သွားခဲ့သည်။ ယခု အချိန်ထိလည်း အစိုးရ တပ်ဖွဲ့များ အပေါ် တိုက်ခိုက် မှုများ ဆက်တိုက်
ဖြစ်ပေါ်လျှက် ရှိရာ အယ်လ်ကေဒါ အဖွဲ့၏ ပါကစ္စတန် နိုင်ငံ အတွင်း ထိုးဖောက် ဝင်ရောက်
နိုင်မှု အတိုင်းအတာ အပေါ် စိုးရိမ်မှုများ အကြီး အကျယ် ပေါ်ထွက် လာခဲ့သည်။
မူရှာရက်ဖ်
ရှေ့ရေးနှင့် အမေရိကန် အကျိုးစီးပွား
ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်သည် ပြည်တွင်းတွင်
ဆန့်ကျင်ဘက် အင်အားစု နှစ်ခုနှင့် ရင်ဆိုင် နေရသည်။ ပထမ အုပ်စုမှာ ဒီမို ကရေစီ ပြုပြင်
ပြောင်းလဲရေး လှုပ်ရှားမှုများ ပြုလုပ်ရန် တောင်းဆို နေသည့် နိုင်ငံရေး သမားများ ဖြစ်ပြီး
နောက်အုပ်စုမှာ အစ္စလမ် ဝါဒီများ ဖြစ်သည်။ ဒီမို ကရေစီ တောင်းဆို သူများက ၂ဝဝ၇ ခုနှစ်ကုန်တွင်
ပြုလုပ်မည့် သမ္မတ ရွေးကောက် ပွဲတွင် အခြား ကိုယ်စားလှယ် လောင်းများပါ လွတ်လွတ် လပ်လပ်
ယှဉ်ပြိုင်ခွင့် ရရှိရန်နှင့် မူရှာရက်ဖ် လက်ထက်တွင် ပြုလုပ်ခဲ့သည့် သမ္မတကို လုပ်ပိုင်ခွင့်
အာဏာ ပိုပေး ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက် များကို ပယ်ဖျက် ပေးရန် တောင်းဆိုလျှက်
ရှိကြသည်။ ထို့ပြင် မူရှာရက်ဖ်က ကြည်းတပ် ဦးစီးချုပ် ရာထူးနှင့် သမ္မတ ရာထူး နှစ်ခုလုံး
ရယူထားခြင်း ကိုလည်း ပယ်ဖျက်ပေးရန် တောင်းဆို နေကြသည်။
ထိုအဖွဲ့ များက ပြီးခဲ့သည့် တရား သူကြီးချုပ်
ချောင်ဒရီ အရေး အခင်းတွင် ရရှိခဲ့သည့် နိုင်ငံရေး အရှိန်ကို ဆက်လက် အသုံးချရန် ရည်ရွယ်
ဆောင်ရွက် လာခြင်း ဖြစ်သည်။
အစ္စလာမ် အစွန်းရောက် ဝါဒီများ ကလည်း
သူတို့ တွက်ကိန်းနှင့် သူတို့ ဖြစ်သည်။ ၎င်းတို့က အာဖဂန်တွင် တာလီဘန် အစိုးရ ပြုတ်ကျပြီး
အမေရိကန် သြဇာခံ အစိုးရ တက်လာခြင်း ကိုလည်းကောင်း၊ မူရှာရက်ဖ်က ကက်ရှမီးယား စစ်သွေးကြွ
များအပေါ် ထောက်ခံမှု လျှော့ချ လာခြင်း ကိုလည်းကောင်း လုံးဝ လက်ခံနိုင်ခြင်း မရှိကြပေ။
၎င်းတို့က မူရှာရက်ဖ်သည် အမေရိကန် တို့အပေါ် အလွန်အကျွံ လိုက်လျော ခဲ့သည်ဟု ယူဆခဲ့ပြီး
မူရှာရက်ဖ်ကို ဖယ်ရှားရန် ကြိုးစား နေခြင်းဖြစ်သည်။
တကယ်တော့ အစ္စလာမ် စစ်သွေးကြွ များနှင့်
ပါကစ္စတန် တပ်မတော်ကြား ဆက်ဆံ ရေးသည် ဆယ်စု နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်သည်။ ပါကစ္စတန်
ထောက်လှမ်းရေး အဖွဲ့များက အစ္စလာမ် ဝါဒီများကို အာဖဂန် စစ်ပွဲနှင့် ကက်ရှမီးယား ပြဿနာ
များတွင် နိုင်ငံရေး လက်နက် အဖြစ် အသုံးပြု ခဲ့ကြ သဖြင့် ပါကစ္စတန် နိုင်ငံ အတွင်းတွင်
အစ္စလာမ် အစွန်းရောက် ဝါဒီများ အင်အား ကောင်းလာခြင်း ဖြစ်သည်။ ၁၉၈ဝ ပြည့်လွန် နှစ်များ
အတွင်းက ဆိုလျှင် အမေရိကန်ရော၊ ပါကစ္စတန် အစိုးရ ကပါ စစ်သွေးကြွ များကို အာဖဂန် နိုင်ငံရှိ
ဆိုဗီယက် တပ်ဖွဲ့များကို တိုက်ခိုက် နိုင်ရန် အတွက် အလုံးအရင်း နှင့် အကူ အညီ ပေးခဲ့ကြ
သည်ကိုေ တွ့ရသည်။ အယ်လ်ကေဒါ အဖွဲ့သည်ပင် ထိုအချိန်က အမေရိကန် စီအိုင်အေ အဖွဲ့၏ အကူအညီကို
ရရှိခဲ့ သေးသည်။ ထို့ပြင် ဗိုလ်ချုပ်ကြီး ဇီယာအူဟတ်ခ် ရော မူရှာရက်ဖ်ပါ အစ္စလာမ် ဝါဒီ
ပါတီများကို အသုံးပြုပြီး အတိုက်အခံ နိုင်ငံရေး သမားများကို နှိပ်ကွပ် ခဲ့မှုများ လည်း
ပြုလုပ် ခဲ့သည့် သာဓကများ ရှိခဲ့သည်။
ယခုအချိန်တွင် မူရှာရက်ဖ် အနေဖြင့် ပြည်တွင်းရှိ
အုပ်စုနှစ်ခု၏ ဖိအား ပေးမှု များကြောင့် နိုင်ငံရေး အကျပ်အတည်း နှင့် ရင်ဆိုင် နေရပြီ
ဖြစ်သည်။ မူရှာရက်ဖ် အကြပ်ရိုက် သကဲ့သို့ ဘုရှ်အစိုးရ မှာလည်း ကျဉ်းထဲကြပ်ထဲ ရောက်နေ
သည်။ ဘုရှ်သည် အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲတွင် ပါကစ္စတန်၏ ပူးပေါင်း ဆောင်ရွက်မှု
ကို ရရှိရန် အတွက် မူရှာရက်ဖ် တစ်ဦးတည်း ပေါ်တွင်သာ ပုံအောပြီး လောင်းကြေး ထပ်ထားခြင်း
ဖြစ်သည်။ ထို့ကြောင့် မူရှာရက်ဖ်ကို ဒီမို ကရေစီ ပြုပြင် ပြောင်းလဲ ရေးများ လုပ်ပါဟု
အတင်းအကြပ် ဖိအား မပေးရဲဘဲ ရှိနေ၏။ တစ်ဘက် ကလည်း တစ်ဖြေးဖြေး လူကြိုက် နည်းလာ နေသည့်
မူရှာရက်ဖ် အစိုးရ ပြုတ်ကျ သွားပြီး အစွန်းရောက် ဝါဒီများ အာဏာ ရလာမည့် အရေးကိုလည်း
မတွေးရဲဘဲ ဖြစ်နေပြန်သည်။
ပြီးခဲ့သည့် အပတ်ကမူ မူရှာရက်ဖ်က လိုအပ်လျှင်
အရေးပေါ် အခြေအနေ ကြေညာမ ည်ဟု သတိပေး ခဲ့သည်။ သို့သော် ကွန်ဒို လီဇာရိုက်စ်က ဖုန်းဆက်ပြီး
ထိုသို့ ကြေညာလျှင် အခြေ အနေများ ပိုမို တင်းမာလာနိုင် သည်ဟု သတိပေး တားမြစ် ခဲ့သည်
ဆိုသည့် သတင်းများ ပေါ်ထွက် လာပြီးနောက် အစိုးရက အရေးပေါ် အခြေအနေ ကြေညာမည် မဟုတ်ကြောင်း
အတည်ပြု ပြောကြား ခဲ့သည်။ သို့သော် မူရှာရက်ဖ်ကို ဆန့်ကျင်နေသည့် အုပ်စု နှစ်ခု လုံးက
ဆက်လက် ဖိအားပေး မှုများ ပြုလုပ် နေဦး မည်သာ ဖြစ်သော ကြောင့် ပါကစ္စတန် နိုင်ငံရေး အကျပ်
အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်မည့် အခွင့် အလမ်းမှာ နည်းပါး လှသည်။
အကယ်၍သာ အနုမြူ လက်နက် ပိုင်ဆိုင်သည့်
တစ်ခု တည်းသော အစ္စလာမ် နိုင်ငံဖြစ်သည့် ပါကစ္စတန် နိုင်ငံတွင်သာ အစွန်းရောက် ဝါဒီများ
အာဏာရ သွားခဲ့လျှင် ဘုရှ်၏ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး စစ်ပွဲ မှာလည်း ရေစုံမျော တော့မည်
ဖြစ်သည်။ ထို့ကြောင့် ဘုရှ်အစိုးရ အနေဖြင့် မူရှာရက်ဖ်ကို ပြည်တွင်းရှိ အလယ် အလတ်ဝါဒီ
နိုင်ငံရေး ပါတီများနှင့် ပူးပေါင်း ဆောင်ရွက်ပြီး အစွန်းရောက် ဝါဒီများကို ထိန်းချုပ်ရန်
အတွက် ဖြောင်းဖြ ပြောကြား ရမည့် အချိန်သို့ ရောက်နေပြီ ဖြစ်သည်။ တစ်ဖက်ကလည်း ဘုရှ်အစိုးရ
အနေဖြင့် မူရှာရက်ဖ် ခေတ်လွန် ကာလ အတွက်လည်း ယခုတည်းက ကြိုတင် စဉ်စား ပြင်ဆင် ထားရမည့်
အချိန်သို့ ရောက်ရှိ နေပြီဖြစ် သည်ဟု ဆိုရပေ တော့မည်။
ရဲထွဋ်
International Eleven: 23-8-2007
မှီငြမ်းပြုစာစောင်များ
၁။
|
Pakistan at the cross
road by Phalip H Gordon
|
၂။
|
BBC News, 11-7-2007,
13-7-2007
|
၃။
|
Newsweek , 30-7-2007
|
No comments:
Post a Comment