Wednesday, October 30, 2013

အလှမ်းဝေးနေသေးတဲ့ အီရတ်ငြိမ်းချမ်းရေး

ပြီးခဲ့သည့် ဇူလိုင်လ အတွင်း၌ သမ္မတ ဘုရှ်က အီရတ် အခြေအနေနှင့် ပတ်သက်သည့် ပဏာမ အစီရင် ခံစာကို ထုတ်ပြန် ခဲ့သည်။ ထိုအစီရင် ခံစာ၌ ဘုရှ်က ကွန်ဂရက် လွှတ်တော်မှ သတ်မှတ် ထားသည့် အီရတ် နိုင်ငံတွင် ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတွက် ပြည့်မီ ရမည့် စံ (၁၈) ချက်အပေါ် အကောင် အထည် ဖော်နိုင်မှုကို သုံးသပ် တင်ပြ ခဲ့ရာတွင် စံ ၁၈ ချက်တွင် ၉ ချက်ကို ပြည့်မီ နေကြောင်း နှင့်ကျန် ၉ ချက်တွင် တိုးတက်မှု လိုနေ သေးကြောင်း သို့သော် နောက်ဆုံး အစီရင်ခံစာ တင်ရမည့် စက်တင် ဘာလတွင် အခြေအနေတွေ ပိုကောင်း လာမည်ဟု ထင်ကြောင်း ဖော်ပြ ထားခဲ့သည်။ သို့သော် နိုင်ငံရေးနှင့် စစ်ရေး လေ့လာ အကဲခတ် သူများကမူ ဘုရှ်၏ အစီရင် ခံစာက အခြေအနေများကို အကောင်း မြင်လွန်း နေကြောင်း၊ အထူးသဖြင့် အီရတ် အစိုးရ ဘက်မှ အကောင် အထည် ဖော်ရမည့် ကိစ္စများ အပေါ် သာသာ ထိုးထိုး သုံးသပ် ထားကြောင်း စသည်ဖြင့် ဝေဖန် ခဲ့ကြသည်။ ပြီးခဲ့သည့် သြဂုတ်လ တွင်မူ အမေရိကန် ထောက်လှမ်းရေး အဖွဲ့များနှင့် ကျန်အဖွဲ့ များ၏ အစီရင်ခံစာ များက ဘုရှ် ဖော်ပြ သည်နှင့် ကွဲလွဲသည့် အီရတ် အခြေအနေ အစီရင် ခံစာများကို တင်ပြ လာခဲ့ သည်ကို တွေ့ရသည်။
စက်တင်ဘာ ၁၁ ရက်နေ့တိုက်ခိုက်မှု နောက်ပိုင်းတွင် လွှတ်တော်မှ အမေရိကန် ထောက်လှမ်းရေး အဖွဲ့များကို ပြန်လည် ပြင်ဆင် ခဲ့ရာ၌ ထောက်လှမ်းရေး အဖွဲ့အစည်း အားလုံးကို ပေါင်းစပ် ညှိနှိုင်း ပေးရန်နှင့် ထောက်လှမ်းရေး ဆိုင်ရာနှင့် ပတ်သက်ပြီး သမ္မတ၏ တစ်ဦး တည်းသော အကြံပေး ပုဂ္ဂိုလ် အဖြစ် ဆောင်ရွက်ရန်၊ အမျိုးသား ထောက်လှမ်းရေး ညွန်ကြား ရေးမှူး Director of National Intelligence ရာထူးကို တီထွင် သတ်မှတ်ပေး ခဲ့သည်။ ထို့နောက် ၎င်းကို ထောက်လှမ်ရေး အဖွဲ့ အကြီးအကဲ များနှင့် ပြင်ပမှ အတတ် ပညာရှင်များ ပူးပေါင်း ဖွဲ့စည်း ထားသည့် အမျိုးသား ထောက်လှမ်းရေး ကောင်စီ National Intelligence Council, NIC ကို ကွပ်ကဲရန် တာဝန် ပေးခဲ့သည်။ အမျိုးသား ထောက်လှမ်းရေး ကောင်စီ၏ အဓိက လုပ်ငန်း တာဝန် တစ်ခုမှာ လွှတ်တော်နှင့် သမ္မတထံသို့ ထောက်လှမ်းရေး မှန်းခြေ အစီရင် ခံစာ National Intelligence Estimate , NIE များကို ပြုစု တင်ပြရန် ဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် အမျိုးသား ထောက်လှမ်းရေး ကောင်စီက ပြုစုသည့် အီရတ် အခြေ အနေပေါ် ထောက်လှမ်းရေး မှန်းခြေ အစီရင်ခံစာ ထွက်ပေါ် လာခဲ့ရာ အီရတ် အခြေအနေနှင့် ပတ်သက်ပြီး ဘုရှ် အစီရင် ခံစာနှင့် ကွဲလွဲသည့် အချက် များစွာ ပါဝင် လာခဲ့ သည်ကို တွေ့ရသည်။
ထိုအစီရင် ခံစာက အီရတ်ရှိ အမေရိကန် တပ်ဖွဲ့ အင်အားကို သိသိ သာသာ တိုးမြှင့် ခဲ့သည့်တိုင် အီရတ်တွင် အကြမ်း ဖက်မှုများ လျော့ကျ မသွားကြောင်း၊ ဘာသာရေး အုပ်စုများ အတွင်း ငြိမ်းချမ်းရေး ရမည့် အလားအလာ မရှိ သေးကြောင်းနှင့် အီရတ် အစိုးရ အနေ ဖြင့်လည်း နိုင်ငံကို အုပ်ချုပ် နိုင်စွမ်း မရှိကြောင်း၊ ဘာသာရေး အုပ်စုများ အတွင်း အပြန်အလှန် တိုက်ခိုက် နေမှုများ ကိုလည်း ရပ်တန့် သွားအောင် လုပ်ဆောင် နိုင်ခြင်း မရှိကြောင်း ဖော်ပြ ထားခဲ့ ပါသည်။
အစီရင်ခံစာ ပြုစု သူများက အမေရိကန် တပ်ဖွဲ့များ ဆင်နွဲ နေသည့် သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်မှု များ၏ အောင်မြင်မှု များကို အသိအမှတ် ပြုခဲ့ပြီး ထိုစစ်ဆင် ရေးများကို ရပ်ဆိုင်းပြီး အမေရိကန် တပ်ဖွဲ့များ အနေဖြင့် အီရတ် တပ်ဖွဲ့ များကို အထောက် အကူ ပေးသည့် အခန်း ကဏ္ဍသို့ ပြောင်းလဲ ဆောင်ရွက် ခဲ့လျှင် အကြမ်းဖက် သမားများ ပြန်လည် ခေါင်းထောင် လာနိုင်ကြောင်း သတိပေး ထားခဲ့သည်။ ထို့ပြင် ဘုရှ်၏ အစီရင်ခံစာ တွင် အောင်မြင်မှု အဖြစ် ဖော်ပြထားသည့် ဆူနီ လူမျိုးစု ခေါင်းဆောင် အချို့က အယ်လ် ကေဒါကို ဆန့်ကျင် တိုက်ခိုက် နေမှုနှင့် ပတ်သက်ပြီး ထိုကဲ့သို့ ပူးပေါင်း ဆောင်ရွက် မှုမှာ အကန့် အသတ် ရှိကြောင်းနှင့် ဆူနီ အုပ်စု အားလုံးက ရှီယိုက် အများစု ပါဝင်သည့် အီရတ် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့် ဖြစ်နေပြီ ဟုအဓိပ္ပါယ် ကောက်ယူ၍ မရကြောင်း သတိပေး ထားသည့် အပြင် ရှီယာ အုပ်စုများ ကလည်း အင်အား ကောင်းသည့် ဆူနီ လက်နက်ကိုင် အဖွဲ့များ ပေါ်လာခြင်းကို မလို လားကြောင်း၊ အီရတ် အစိုးရ အနေဖြင့် ဆူနီ အုပ်စုများကို အမှန် တကယ် လက်ကမ်း ကြိုဆိုပြီး ပူးပေါင်း ဆောင်ရွက်မှု မပြု သရွေ့ ဆူနီများက အယ်လ်ကေဒါ အဖွဲ့ကို ထိထိ ရောက်ရောက် ဆန့်ကျင်မှု ဖြစ်ပေါ် မလာ နိုင်ကြောင်း သုံးသပ် ထားပါသည်။ အလား တူပင် အီရတ်တွင် ဖြစ်ပေါ် နေသော အကြမ်းဖက် တိုက်ခိုက်မှု အားလုံးကို အယ်လ်ကေဒါ အဖွဲ့အား အပြစ် ပုံချ၍ မရကြောင်းနှင့် အီရတ်တွင် တစ်ပတ်လျှင် ပျမ်းမျှ အကြမ်းဖက် တိုက်ခိုက်မှု တစ်ထောင်ခန့် ဖြစ်နေသည့် အနက် ၁ဝ% ခန့်သာ အယ်လ်ကေဒါ လက်ချက် ဖြစ်ကြောင်း၊ ကျန် တိုက်ခိုက်မှု များမှာ ရှီယာနှင့် ဆူနီ စစ်သွေးကြွ များ၏ တိုက်ခိုက်မှု ဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။ ထိုအချက်မှာ အယ်လ်ကေဒါကို အဓိက ရန်သူအဖြစ်ပုံဖော် နေသည့် ဘုရှ်၏ မူဝါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပေသည်။
အီရတ် နိုင်ငံ အတွင်းရှိ အုပ်စု ကွဲများ အခြေအနေကို သုံးသပ် ရာတွင်လည်း ဆူနီ အုပ်စုများကို တစ်ညီ တစ်ညွတ်တည်း စုစည်း ခေါင်းဆောင် နိုင်မည့် ခေါင်းဆောင် ပေါ်ပေါက် လာမည့် အခြေအနေ မရှိကြောင်း၊ ထို့ကြောင့် ရှီယာ၊ ဆူနီ ညီညွတ်ရေးမှာ ဖြစ်နိုင်ဖွယ် မရှိ သေးကြောင်း၊ ကာဒ့်များ အနေဖြင့်လည်း ၎င်းတို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာများ ရရှိရေး အတွက်သာ စိတ်ဝင် စားနေပြီး အမျိုးသား ညီညွတ်ရေး အတွက် အပေးအယူ လုပ်လိုစိတ် မရှိကြောင်း ရေးသား ထားရာ ဘုရှ်မျှော်လင့်ေ နသည့် စည်းလုံး ညီညွတ်သည့် ဒီမို ကရေစီ အီရတ် နိုင်ငံ ဆိုသည့် မျှော်မှန်း ချက်မှာ အလှမ်း ဝေးနေဆဲ ဖြစ်သည်ကို ဖော်ပြ နေပါသည်။
အီရတ် လုံခြုံရေး တပ်ဖွဲ့များ အပေါ် သုံးသပ် ရာတွင်မူ အချို့ တပ်ဖွဲ့များ အနေဖြင့် စွမ်းရည် ထက်မြက် လာကြောင်း အသိအမှတ် ပြုခဲ့သည်။ သို့သော် အီရတ် တပ်ဖွဲ့များ သက်သက်ဖြင့် သီးခြား စစ်ဆင် ရေးများ ပြုလုပ် ရန်မှာ မဖြစ် နိုင်သေးကြောင်း၊ အီရတ် တပ်ဖွဲ့များ အနေဖြင့် အမေ ရိကန် တို့၏ အုပ်ချုပ် ထောက်ပံ့မှုနှင့် စစ်ရေး အကူ အညီ အပေါ် မှီခို နေရဆဲ ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ထို့ပြင် အီရတ် တပ်ဖွဲ့များကို အင်အား တိုးချဲ့ နေသော်လည်း ထိုတပ်ဖွဲ့များ ထိထိ ရောက်ရောက် တိုက်ပွဲ ဝင်နိုင်ရန် အတွက်မူ နောက်ထပ် ခြောက်လမှ တစ်နှစ် အထိ အချိန်ယူ ရမည်ဟု ဆိုခဲ့သည်။ ထိုအချက်က အီရတ် တပ်ဖွဲ့များ စွမ်းဆောင်ရည် မြင့်လာသည် နှင့်အမျှ အမေရိကန် တပ်ဖွဲ့များကို လျှော့ချ သွားမည် ဆိုသည့် ဘုရှ်၏ စီမံချက်မှာ အကောင် အထည် ဖော်ရန် မဖြစ်နိုင် သေးကြောင်း သွယ်ဝိုက် ဝေဖန်ရာ ရောက်ပေသည်။
ဝန်ကြီးချုပ် မာလီခီ ခေါင်းဆောင်သည့် အစိုးရ အဖွဲ့ အခြေ အနေကို သုံးသပ် ရာတွင်လည်း မာလီခီ အစိုးရ အဖွဲ့ အတွင်းရှိ ကျန်ရှီယာ ပါတီများက ဝန်ကြီးချုပ် အပေါ် ဝေဖန် တိုက်ခိုက် နေမှု များကြောင့် အစိုးရ အဖွဲ့ အနေဖြင့် ထိထိ ရောက်ရောက် စွမ်းဆောင် နိုင်မှု မရှိကြောင်းကို ထောက်ပြ ဝေဖန် ထားခဲ့ပြီး လာမည့် ခြောက်လမှ တစ်နှစ် အတွင်း ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင် ပါတီ အချင်းချင်း သဘောထား ကွဲလွဲမှုများ ပိုများ လာမည်ဟု သုံးသပ်ခဲ့သည်။
ထိုကဲ့သို့ ထောက်လှမ်းရေး အဖွဲ့ အစည်းများက သမ္မတ၏ အယူ အဆနှင့် ကွဲလွဲသော ထင်မြင်ချက် များကို တင်ပြ ခဲ့ခြင်းကြောင့် ဘုရှ်၏ အီရတ် စစ်ပွဲ မူဝါဒကို ဆန့်ကျင် နေသူများ အတွက် လက်နက်ကောင်း တစ်ခု ရသွားခဲ့သည်။ သို့သော် ဘုရှ် အစိုးရ ကမူ ထိုအစီရင် ခံစာတွင် အီရတ် နိုင်ငံ၌ တိုးတက် မှုများ ရှိနေ သည်ကို အသိအမှတ် ပြုထားကြောင်း၊ အတိုက် အခံများ အနေဖြင့် လိုချင်သည့် အချက်များ ကိုသာ ရွေးချယ်ပြီး ပြောဆို နေခြင်း ဖြစ်ကြောင်း တုံ့ပြန် ချေပ ခဲ့သည်။ ထို့ပြင် စက်တင် ဘာလ လယ်တွင် အီရတ်ရှိ အမေရိကန် တပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ်ကြီး ပက်ထရပ်စ်နှင့် သံအမတ်ကြီး ခရော့ကာတို့ တင်သွင်းသည့် အစီရင် ခံစာကို စောင့်ကြည့်ရန် လိုကြောင်း၊ ထိုအစီရင် ခံစာသည် မြေပြင်တွင် လက်တွေ့ ကွင်းဆင်း ဆောင်ရွက် နေရ သူများက တင်သွင်း ခြင်းဖြစ် သောကြောင့် ပိုမို တိကျ ခိုင်လုံမှု ရှိကြောင်း ပြောကြား ခဲ့သည်။
ထိုအချိန်တွင် အီရတ် နိုင်ငံတွင် အခြေ အနေများ တိုးတက်မှု မရှိကြောင်း တင်ပြ ထားသည့် နောက်ထပ် အစီရင်ခံစာ တစ်ခု ထွက်ပေါ် လာပြန်သည်။ ထို အစီရင် ခံစာမှာ အစိုးရ အဖွဲ့၏ လုပ်ငန်း ဆောင်တာ များကို စိစစ် ရသည့် Government Accountability Office, GAO မှပြုစု ခဲ့ခြင်း ဖြစ်သည်။ ထိုအစီရင်ခံစာ တွင်မူ ဘုရှ်က အီရတ် နိုင်ငံတွင် ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတွက် ပြည့်မီ ရမည့်စံ ၁၈ ချက်အနက် ၉ ချက်ကို ပြည့်မီအောင် ဆောင်ရွက် နိုင်သည်ဟု ပြောကြား ထားခြင်းကို ပယ်ချပြီး လက်တွေ့တွင် စံ ၃ ချက်ကိုသာ အပြည့်အဝ အကောင် အထည် ဖော်နိုင်ကာ ကျန် စံ ၄ ချက်ကို တစ်ပိုင်း တစ်စနှင့် စံ ၁၁ ချက်ကိုမူ လုံးဝ အကောင်အထည် ဖော်နိုင်မှု မရှိကြောင်း ဖော်ပြ ခဲ့သည်။
GAO ၏ အစီရင်ခံစာက ဘုရှ် အမွှန်းတင် နေသော အီရတ် လုံခြုံရေး တပ်ဖွဲ့များ၏ စွမ်းရည်နှင့် ပတ်သက်ပြီး မေးခွန်း ထုတ်ခဲ့သည့် အပြင် အချို့ တပ်ဖွဲ့များ၏ အစိုးရ အပေါ် သစ္စာ ရှိမှု မှာလည်း သံသယ ဖြစ်ဖွယ်ရာ ကောင်းသည်ဟု ပြောကြား ခဲ့သည်။ ထို့ပြင် အမေရိကန်၏ အကူအညီ မပါဘဲ သီးခြား စစ်ဆင် နိုင်သည့် အီရတ် တပ်ဖွဲ့ အရေ အတွက်မှာ ပြီးခဲ့သည့် မတ်လတွင် ၁ဝ ခုရှိရာမှ ဇူလိုင်လတွင် ခြောက်ခု အထိ လျော့ကျ သွားသည့် အပြင် အီရတ် အစိုးရက နိုင်ငံရေး အကြောင်း ပြချက် များဖြင့် လုံခြုံမှု စစ်ဆင် ရေးများကို ဝင်ရောက် စွတ်ဖက် နေသောကြောင့် အီရတ် တပ်ဖွဲ့များ၏ စွမ်းရည်မှာ ကျဆင်း လာနေ သည်ဟု သုံးသပ်ခဲ့သည်။
သို့သော် အီရတ် အစိုးရ အနေဖြင့် လူနည်းစု ပါတီ များကို ကာကွယ်သည့် ဥပဒေကို ပြဋ္ဌာန်းနိုင် သကဲ့သို့ဘဂ္ဂဒက် မြို့တော် လုံခြုံရေး အတွက် လိုအပ်သော လုံခြုံရေး တပ်ဖွဲ့များ ဖွဲ့စည်း နိုင်ခြင်းတို့ကဲ့သို့ အရေးပါသည့် အောင်မြင်မှု အချို့ ရရှိ ခဲ့သည်ကို အသိအမှတ် ပြုထား ခဲ့သည်။
ထိုကဲ့သို့ ဘုရှ်၏ အီရတ် စစ်ပွဲအပေါ် အကောင်း မြင်နေ မှုနှင့် ကွဲလွဲ နေသည့် အစီရင် ခံစာများ ထွက်ပေါ် လာခြင်းကြောင့် ဘုရှ် အစိုးရ အဖွဲ့ အတွင်းတွင် ဂယက်ရိုက် သွားခဲ့ ရသည်။ ဘုရှ်သည် ပင်တဂွန် ကာကွယ်ရေး ဝန်ကြီး ဌာနတွင် ကြည်း ရေ၊ လေ ဦးစီးချုပ် များနှင့် သွားရောက်ေ တွ့ဆုံပြီး အီရတ် စစ်ပွဲ၏ နောက်ဆုံး အခြေအ နေများကို သုံးသပ်ခဲ့ သကဲ့သို့စက်တင် ဘာလ ၃ ရက်နေ့တွင် ဘဂ္ဂဒက်သို့ ရုတ်တရက် သွားရောက် ခဲ့ပြီး အမေရိကန် တပ်မှူးများ၊ သံတမန် များနှင့် တွေ့ဆုံ ခဲ့သည်။
အီရတ်ရှိ အမေရိကန် တပ်မှူး ဗိုလ်ချုပ်ကြီး ပတ်ထရပ်စ်နှင့် သံအမတ်ကြီး ခရော့ကာတို့ နှစ်ဦးလုံးမှာ လာမည့် အပတ်တွင် လွှတ်တော် ကော်မတီ ကြားနာ မှုများတွင် ထွက်ဆိုချက် ပေးရန် ရှိသကဲ့သို့ ဘုရှ် အနေဖြင့်လည်း စက်တင်ဘာ ၁၅ ရက်နေ့တွင် လွှတ်တော်သို့ အီရတ် နိုင်ငံ အခြေအနေကို အစီရင်ခံစာ တင်သွင်း ရမည် ဖြစ်သည်။ ထိုသို့ တင်ပြ ရာတွင် အီရတ် နိုင်ငံ အတွက် သတ်မှတ် ထားသော စံ ၁၈ ချက်ကို အကောင် အထည် ဖော်နိုင်မှု အခြေ အနေ များနှင့် ပတ်သက်ပြီး ကျန်အဖွဲ့ အစည်းများမှ တင်ပြ ချက်များ အပေါ် ချေပ နိုင်ရေး အတွက် ယခုကဲ့သို့ ခေါင်းချင်းရိုက် နေရခြင်း ဖြစ်ဟန် တူသည်။
အီရတ် ခရီးစဉ်မှ အပြန်တွင် ဘုရှ်က မြေပြင် တပ်မှူး များက အီရတ်၌ ယခု စတင် ရရှိ နေသည့် အောင်မြင်မှု များကို ဆက်လက် ရရှိ နေလျှင် အီရတ် လုံခြုံရေးကို အီရတ် တွေက တာဝန် ယူနိုင်မည့် ကာလမှ မဝေး တော့ဟု ၎င်းကို ပြောကြား ခဲ့သည်ဟု သတင်းထောက် များကို ဖောက်သည် ချခဲ့သည်။ ထိုပြောကြား ချက်မှာ အီရတ်တွင် အမေရိကန် တပ်ဖွဲ့ များကို လက်ရှိ အင်အား အတိုင်း ဆက်ထား ရမည် ဆိုသည့် သဘာပင် ဖြစ်သည်။ ထို့ပြင် အမေရိကန် စစ်သည် များကို တွေ့ဆုံ မိန့်ခွန်း ပြောရာတွင် အမေရိကန် တပ်ဖွဲ့များ ရုပ်သိမ်းမှုကို အောင်မြင်မှုနှင့် အင်အား တောင့်တင်းမှု အခြေ အနေများ အောက်မှသာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တပ်များ လျှော့ချရေး၊ ရုပ်သိမ်း ရေးနှင့် ပတ်သက်လျှင် မြေပြင် တပ်မှူးများ ကသာ ဘက်စုံ၊ ထောင့်စုံက သုံးသပ်ပြီး ချင့်ချင့် ချိန်ချိန်ဖြင့် ဆုံးဖြတ် သွားရမည် ဖြစ်ပြီး မိုင်ထောင်ချီ ဝေးသည့် ဝါရှင်တန်တွင် နိုင်ငံရေး သမားများက သွေးလေေ ချာက်ခြားပြီး ဆုံးဖြတ်ရန် မဟုတ်ကြောင်း ဘုရှ်က ထည့်သွင်း ပြောကြား သွားခဲ့သည်။
ထို့ကြောင့် ဘုရှ်အနေဖြင့် အီရတ်မှ တပ်ဖွဲ့များ လျှော့ချရေးကို လတ်တလော လုပ်ဆောင်မည် မဟုတ် သည်မှာ ထင်ရှား နေပြီ ဖြစ်သည်။ သူပြော နေကြ အတိုင်း ရလဒ် ကောင်းများ ရရန် အတွက် အချိန် စောင့်ရမည်။ ဆက်လက် တိုက်ပွဲ ဝင်ရမည် ဆိုသည့် ဓာတ်ပြား ဟောင်းကိုပင် ပြန်ဖွင့် ပြမည်သာ ဖြစ်သည်။ ထို့ကြောင့် အီရတ်ရှိ တပ်အင်အားကို လျှော့ချ နေလိုသော ကွန်ဂရက် လွှတ်တော်နှင့် ဆက်လက် တိုက်ပွဲ ဝင်လိုသော ဘုရှ်အကြား လွန်ဆွဲ ပွဲသည် ၂ဝဝ၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အထိ ဆက်လက် ရှိနေ ဦးမည်သာ ဖြစ်၏။ ထိုလွန်ဆွဲပွဲ ကြားတွင် စတေး ခံရမည့် သူများ ကတော့ အီရတ်ရောက် အမေရိကန် စစ်သည် များနှင့် အီရတ် ပြည်သူ များသာ ဖြစ်ပါသည်။
ရဲထွဋ်
International Eleven : 13-09-2007
မှီငြမ်းပြုစာစောင်များ

၁။
Securinn, Stabilizing, and Rebuilding Iraq, GAO report, 4-9-2007
၂။
Washington Post, 3-9-2007, 30-8-2007, 24-8-2007

No comments:

Post a Comment