Thursday, October 31, 2013

နဂါးခံတွင်းသို့ဝင်မည့်လင်းယုန်(၁)

အမေရိကန် နိုင်ငံနှင့် တရုတ် နိုင်ငံတို့ အကြားတွင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန် ရေးအရ အားပြိုင်မှု ကြီးမား လာသည် နှင့်အမျှ ထိုနှစ်နိုင်ငံ အကြားက စစ်ရေး အားပြိုင်မှု အပေါ် နိုင်ငံ တကာက စိုးရိမ် မှုများ ရှိလာ ခဲ့သည်။ တရုတ် နိုင်ငံက ၎င်း၏ အင်အား ကြီးမား လာမှုသည် ငြိမ်းချမ်းစွာ ဖြစ်ပေါ် တိုးတက်မှုသာ ဖြစ်ကြောင်း အာမခံ နေသည့်တိုင် အမေရိကန် အနေဖြင့် တရုတ်နှင့် စစ်ရေး အရ ထိပ်တိုက် တွေ့နိုင်မည့် အခြေအနေ များကို ကြိုတင် တွက်ဆ ပြင်ဆင လာခဲ့သည်။ အမေရိကန် တို့၏ အဓိက စိုးရိမ်မှုမှာ အမေရိကန် အမျိုးသား အကျိုး စီးပွားကို ကာကွယ်ရန် အတွက် အာရှ ဒေသတွင် စစ်အင်အားကို အသုံးပြုရန် လိုအပ် လာချိန်၌ တရုတ် တို့က နှောက်ယှက် ဟန့်တား လာမည့် အန္တရာယ်ပင် ဖြစ်သည်။ ထိုစိုးရိမ်မှုမှာ အမေရိကန် တပ်မတော်၏ အင်အား ဖြန့်ကျက်မှု သဘော တရား (Force Projection) ကို အခြေခံပြီး ပေါ်လာ ခြင်းပင် ဖြစ်သည်။
အမေရိကန်တို့၏ အင်အားဖြန့်ကျက်မှုသဘောတရား
အမေရိကန် တပ်မတော် အနေဖြင့် ၎င်း၏ အရေး ကြီးသော အမျိုးသား အကျိုး စီးပွား များကို အကောင် အထည် ဖော်ရန် အတွက် ဖြစ်စေ၊ ကာကွယ်ရန် အတွက် ဖြစ်စေ၊ စစ်အင်အားကို အသုံးပြုရန် လိုအပ် လာပါက တပ်အင်အား ဖြန့်ကျက်ခြင်း (Force Projection) ကို အသုံး ပြုရမည် ဖြစ်သည်။ တပ်အင်အား ဖြန့်ကျက်ခြင်း ပြုလုပ် ရာတွင် အမေရိကန် တပ်ဖွဲ့များကို အမေရိကန် နိုင်ငံ မှဖြစ်စေ၊ အခြား စစ်နယ်ဝှမ်း များမှ ဖြစ်စေ၊ လိုအပ်သည့် နေရာသို့ လိုအပ်သည့် အချိန်တွင် လုံလောက်သည့် အင်အား ရောက်ရှိအောင် ပို့ဆောင် ပေးနိုင် ခြင်းသည် အရေး အကြီးဆုံး ဖြစ်သည်။ ထို့ပြင် တပ်အင်အား ဖြန့်ကျက် ရာတွင် တပ်များ ရွှေ့ပြောင်းခြင်း သာမက အရန် တပ်များကို ဆင့်ခေါ်ပြီး စစ်စည်းရုံးမှု ပြုလုပ်ခြင်း၊ လိုအပ်သည့် နေရာသို့ တပ်များ ပို့ဆောင်ခြင်း၊ တပ်ဖြန့် နေရာ ယူခြင်း၊ တိုက်ပွဲ ဝင်ခြင်း၊ တိုက်ပွဲ ပြီးဆုံးပြီး တပ်များ ပြန်လည် ရုပ်သိမ်းခြင်းနှင့် အရန်တပ်များ ဆင့်ခေါ်မှုကို ရပ်ဆိုင်းခြင်း စသော လုပ်ငန်း အဆင့်ဆင့် လည်း ပါဝင်သည်။ ထို့ကြောင့် အမေ ရိကန်သည် ၎င်းတို့၏ တပ်အင်အား ဖြန့်ကျက်မှုကို ထိထိ ရောက်ရောက် ဆောင်ရွက် နိုင်ရန် အတွက် ပြည်ပ နိုင်ငံ များတွင် အမြဲတမ်း သို့မဟုတ် ယာယီ တပ်စွဲ ထားနိုင်ခြင်း (Oversea Presence) နှင့် တိုက်ပွဲ ဝင်ရန် လုံလောက်သော တပ် အင်အားဖြင့် စတင် နေရာ ယူနိုင်ခြင်း (Forcibel Entry) စသော အချက်များ နှင့် ပြည့်စုံရန် လိုအပ် လာပေသည်။ တစ်ဖက် ကလည်း အမေ ရိကန်ကို ဆန့်ကျင် သူများ အနေဖြင့် လည်းကောင်း၊ ဒေသတွင်းရှိ ပြိုင်ဖက် နိုင်ငံ များက လည်းကောင်း အမေရိကန် တပ်မတော်၏ အင်အား ဖြန့်ကျက်မှုကို အနှောက် အယှက် ပေးလာမည့် အန္တရာယ်လည်း ထည့်သွင်း စဉ်းစား လာကြသည်။
ဟန့်တားနှောက်ယှက်မှုမဟာဗျူဟာ (Anti - Access strategy)
ရန်သူ၏ တပ်ဖွဲ့ များကို စစ်မြေပြင်သို့ လွယ်ကူ လျှင်မြန်စွာ မရောက်ရှိ စေရန် တားဆီးခြင်း၊ ထိုတပ်ဖွဲ့ များအတွက် လိုအပ်သော လက်နက် ရိက္ခာ အစရှိသည့် အုပ်ချုပ် ထောက်ပံ့မှု ပစ္စည်း များကို စစ်မြေပြင်သို့ မရောက် ရှိအောင် တားဆီးခြင်း စသည် တို့မှာ စစ်သမိုင်း တစ်လျှောက်တွင် ရန်ဖက် နိုင်ငံများ အတွင်း ကျင့်သုံး ခဲ့ကြသည့် စစ်နည်း ဗျူဟာပင် ဖြစ်သည်။ သို့သော် စစ်အေး ခေတ်လွန် ကာလတွင်မူ ထိုစစ်နည်း ဗျူဟာသည် ပိုမို ကျယ်ပြန့် လာသကဲ့သို့ ပိုမို နက်ရှိုင်း ရှုပ်ထွေး လာသည်ကို တွေ့ရ ပေ၏။ ထိုကဲ့သို့ ဖြစ်ရခြင်း မှာလည်း စစ်အေး ခေတ်လွန် ကာလ၏ ထူးခြားသော စစ်ရေး မဟာ ဗျူဟာ အခြေအနေ နှစ်ခု ကြောင့်ပင် ဖြစ်သည်။
ပထမ အခြေ အနေမှာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲ သွားပြီးသည့် နောက်တွင် အမေရိကန် နိုင်ငံကို သမားရိုးကျ တပ်ဖွဲ့များ၊ သမားရိုးကျ နည်းလမ်း များဖြင့် ရင်ဆိုင် နိုင်သည့် နိုင်ငံ ဟူ၍ မရှိ တော့ခြင်းပင် ဖြစ်သည်။ ဒုတိယ အခြေ အနေမှာ အမေရိကန် တို့အတွက် အဓိက ရန်သူ ဟူ၍ တိတိ ကျကျ မသတ်မှတ် နိုင်သည့် အခြေအနေတွင် တပ်ဖွဲ့များကို မည်သည့် နေရာတွင် စုဖွဲ့ ထားရ မည်ကို ခန့်မှန်းရန် ခက်ခဲ လာခြင်းပင် ဖြစ်သည်။ စစ်အေး တိုက်ပွဲ ကာလ ကမူ အမေရိကန် တပ်ဖွဲ့ များကို ဆိုဗီယက် တို့၏ တပ်အင်အား ဖြန့်ကျက်မှုနှင့် မဟာ ဗျူဟာများ အပေါ် မူတည်ပြီး ဖြန့်ကျက် ထားရှိ ခဲ့ကြသည်။ ယခု အချိန်တွင်မူ အမေရိကန် တို့အပေါ် စိန်ခေါ် မှုသည် နိုင်ငံ များထံမှ ပေါ်လာနိုင် သကဲ့သို့ နိုင်ငံမဲ့ အဖွဲ့ အစည်းများ ထံမှလည်း ပေါ်လာ နိုင်ပေရာ အမေရိကန်တို့ အနေဖြင့် တပ်ဖွဲ့ များကို ဖြစ်နိုင်ဖွယ် ရှိသော နေရာ တိုင်းတွင် ဖြန့်ခွဲ ထားနေရ ပေသည်။ ထို့ကြောင့် ပဋိပက္ခများ၊ အကျပ်အတည်း များ ပေါ်လာ ချိန်တွင် အမေ ရိကန်တို့ အနေဖြင့် လုံလောက်သော အင်အား ရရှိ စေရန် အတွက် တပ်ဖွဲ့များ ထပ်မံ စေလွှတ်ရန် မဖြစ်မနေ လိုအပ် လာပေသည်။
အမေရိကန်၏ ပြိုင်ဖက်များ အနေဖြင့်လည်း အမေရိကန်၏ စွတ်ဖက်မှု ပမာဏနှင့် အရှိန် အဟုန်ကို လျှော့ချရန်၊ ဖြစ်နိုင်ပါက လုံးဝ ရပ်တန့် သွားစေရန် အတွက် အကောင်းဆုံး အခွင့် အရေးမှာ ပဋိပက္ခ အကြို ကာလတွင် အမေရိကန် တို့၏ တပ်ဖြန့်မှုကို ဟန့်တား ခြင်းပင် ဖြစ်ပြီး လုံလောက်သော အင်အား စုဖွဲ့မှု ရရှိ ထားသည့် အမေရိကန် တို့ကို စစ်မြေပြင်တွင် အရေးနိမ့်အောင် တိုက်ခိုက် ရန်မှာ မဖြစ်နိုင် သည်ကိုလည်း နားလည် ထားကြသည်။ ထို့ကြောင့်ပင် အမေရိကန်၏ ပြိုင်ဖက် များက အမေ ရိကန်တို့ တပ်ဖြန့်မှုကို ဟန့်တား နှောက်ယှက် နိုင်မည့် နည်းလမ်း မှန်သမျှကို ကြံဆ လာကြ သကဲ့သို့ အမေရိကန်တို့ အတွက်လည်း ထိုကဲ့သို့ ဟန့်တား လာမည့် အခြေအနေ ကို အလေးပေး စဉ်စားရန် လိုအပ် လာပေသည်။
ဟန့်တား နှောက်ယှက်မှု မဟာဗျူဟာ (Anti - Access strategy) ဆိုသည့် အသုံးအနှုန်း ကို ၁၉၉ဝ ပြည့်လွန် နှစ်များ အလယ်ပိုင်းတွင် အမေရိကန် စစ်မဟာ ဗျူဟာ ဆောင်းပါး များ၌ စတင် တွေ့ရှိ ခဲ့ရသည်။ ၁၉၉၇ ခုနှစ် အတွက် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာန၏ ကာကွယ်ရေး ဆိုင်ရာ လေ့လာ သုံးသပ်ချက် စာတမ်းတွင် ရန်သူများက ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာကို ကျင့်သုံး လာမည့် အန္တရာယ်ကို စတင် ဖော်ပြ ခဲ့သည်။ ထိုအချိန်မှ စပြီး အမေရိကန် ကာကွယ်ရေး မဟာ ဗျူဟာတွင် ရန်သူ၏ ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာမှ ကာကွယ်ရေးကို ဦးစားပေး အခန်းမှ ထည့်သွင်း လာခဲ့ လေသည်။ အမေရိကန်တို့က ၎င်းတို့၏ ပြိုင်ဖက်များ အနေဖြင့် ဟန့်တား နှောက်ယှက်ရေး မဟာ ဗျူဟာကို ကျင့်သုံး ရာတွင် အမေရိကန် ရှေ့တန်း အခြေစိုက် စခန်း များကို ဒုံးပျံများ၊ ဇီဝ၊ ဓာတုနှင့် အနုမြူ လက်နက် များဖြင့် တိုက်ခိုက်ခြင်း မှအစ ရေမြှုပ် မိုင်းများ၊ မြေပြင်မှ ရေပြင်ပစ် ဒုံးပျံများ၊ ရေငုပ် သဘောင်္ များဖြင့် တိုက်ခိုက်ခြင်း အလယ်၊ ဒေသခံ အကြမ်းဖက် အဖွဲ့ များကို အသုံးပြုပြီး တိုက်ခိုက်ခြင်း အဆုံး နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက် လာနိုင် သည်ဟု သုံးသပ် ခဲ့သည်။ ထို့ပြင် အမေ ရိကန် တို့၏ မဟာမိတ်များ၊ မိတ်ဆွေ နိုင်ငံများကို အမေရိကန် တို့နှင့် ပူးပေါင်း ဆောင်ရွက်မှု မပြုစေရန် အတွက် သံတမန်ရေး၊ စီးပွားရေး၊ နိုင်ငံရေး အရ ဖိအား ပေးမှုများ ကိုလည်း ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာ နည်းလမ်း အဖြစ် ထည့်သွင်း သတ်မှတ် ခဲ့သည်။ ထို့ကြောင့်ပင် ဘုရှ်အစိုးရက နိုင်ငံတကာ ရေးရာ များတွင် လိုအပ်ပါက ကုလ သမဂ္ဂ နှင့် မဟာမိတ် များ၏ သဘောထားကို လျစ်လျူ ရှုပြီး တစ်ကိုယ်တော် ဆောင်ရွက်မည် ဆိုသည့် မူဝါဒကို ကျင့်သုံး ခဲ့ခြင်း ဖြစ်ပေသည်။
၂၁ ရာစုသို့ ဝင်ရောက် လာချိန်တွင် အမေရိကန် စစ်ပညာရှင် အများ အပြားက ပြိုင်ဖက် နိုင်ငံများက ကျင့်သုံး လာနိုင်ဖွယ် ရှိသော ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာ များကို အလေးထား လေ့လာ ခဲ့ကြသည်။ ထိုအထဲတွင် အာရုံ စူးစိုက်မှု အခံရဆုံးမှာ အမေရိကန် တို့က ပြိုင်ဖက် နိုင်ငံ ဖြစ်လာ နိုင်သည်ဟု သတ်မှတ်ထား ခံရသော တရုတ် နိုင်ငံပင် ဖြစ်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်အခြေခံသဘောတရားများ
တရုတ် တပ်မတော်၏ စစ်အခြေခံ သဘော တရားများ၊ မဟာ ဗျူဟာနှင့် နည်းဗျူဟာ များတွင် ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာ ဆိုသည့် အသုံး အနှုန်းနှင့် သဘောတရား များကို သီးခြား ဖော်ပြ ထားမှု မရှိပေ၊ တရုတ်တို့၏ အခြေခံ သဘော တရား များနှင့် မဟာဗျူဟာ များမှာ အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်သည့် ပဋိပက္ခ နှင့် စစ်ပွဲ ပုံသဏ္ဍန်၊ တရုတ် တပ်မတော်၏ ကန့်သတ်ချက် များနှင့် အမေ ရိကန်တို့၏ သာလွန် ကြီးမား လှသည့် စစ်အင်အား တို့အပေါ် မူတည် ချမှတ် ထားခြင်း ဖြစ်ပေရာ အမေရိကန် လေ့လာ သူများ ကတော့ ထိုစစ် အခြေခံ သဘော တရာများ အတွင်းက တရုတ် တို့၏ ဟန့်တား နှောက်ယှက်မှု မဟာ ဗျူဟာ အပေါ် သဘောထား များကို ရှာဖွေ ခဲ့ကြသည်။
ခေတ်သစ် အခြေ အနေ အောက်မှ ပြည်သူ့စစ် (People War Under Modern Condition)
၁၉၇၈ ခုနှစ်မှ ၁၉၈၅ ခုနှစ် ကြားတွင် ကျင့်သုံး ခဲ့သော စစ်အခြေခံ သဘော တရား ဖြစ်ပြီး ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန်က ချမှတ် ခဲ့ခြင်း ဖြစ်သည်။ ဤစစ် အခြေခံ သဘော တရားတွင် မော်စီတုန်း၏ ပြည်သူ့စစ် အခြေခံ သဘော တရား၌ ကျင့်သုံး ခဲ့သည့် ရန်သူကို တရုတ် နိုင်ငံ အတွင်း ပိုင်းထိ နက်ရှိုင်းစွာ မြူဆွယ် ကျုံးသွင်းပြီး ပြည်သူ့ စစ်မဟာ ဗျူဟာဖြင့် ရေရှည် စစ်ပွဲ ဆင်နွဲကာ ချေမှုန်းရေး အစား နယ်စပ် ဒေသ တွင်ပင် ကျူးကျော် လာသော ရန်သူကို ဟန့်စစ်ဆင်ပြီး ပြည်သူ့စစ်နှင့် သမားရိုးကျ စစ်ပေါင်းစပ် ချေမှုန်းရန် သတ်မှတ် ခဲ့သည်။ ထိုအချိန်က တရုတ် နိုင်ငံ သည် ဆိုဗီယက် တို့ကို ဦးတည် ရန်သူ အဖြစ် သတ်မှတ် ထားချိန် ဖြစ်သောကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ စစ်ရေး၊ စီးပွားရေး အချက် အခြာ နေရာ များသို့ ဆိုဗီယက်တို့ တိုက်ခိုက် လာမည့် အန္တရာယ်ကို ဦးစားပေး စဉ်းစား ခဲ့ခြင်း ဖြစ်သည်။
ကန့်သတ် စစ်ပွဲနှင့် ဒေသန္တရစစ်
၁၉၈၅ ခုနှစ်သို့ ရောက်ရှိချိန်တွင် တရုတ် ခေါင်းဆောင် များက နိုင်ငံတကာ ဆက်ဆံရေး အခြေ အနေများ ပြောင်းလဲ လာမှုကြောင့် ဆိုဗီယက် တို့နှင့် စစ်ဖြစ် နိုင်မည့် အခြေ အနေမှာ မရှိ သလောက် ဖြစ်သွား ပြီဟု သုံးသပ် ခဲ့ကြသည်။ ထို့ပြင် နိုင်ငံများ အကြားတွင် အကြွင်းမဲ့ စစ်ပွဲထက် ကန့်သတ်ရည် မှန်းချက်ကို ရရှိ စေရန် အတွက် ကန့်သတ် စစ်အင်အားကို အသုံး ပြုသည့် ဒေသန္တရစစ်၊ ကန့်သတ် စစ်များသာ ဖြစ်ရန် အလားအလာ ပိုများကြောင်း၊ ထိုစစ်ပွဲ များသည် အချိန် တိုတောင်းပြီး စစ်ရေး နည်းလမ်း သာမက နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်း များကပါ အဆုံးအဖြတ် အခန်းမှ ပါဝင်လာ နိုင်ကြောင်း သုံးသပ် ခဲ့သည်။ ထို့ကြောင့် ၁၉၈၅ ခုနှစ် မေလနှင့် ဇွန်လတွင် ပြုလုပ်သည့် ဗဟိုစစ် ကော်မရှင် အစည်းအဝေး၌ တိန်ရှောက်ဖိန် က အနုမြူ စစ်ပွဲ ဖြစ်ပွားရန် အလား အလာ မရှိတော့ ကြောင်းနှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အနေဖြင့် မဟာ ဗျူဟာ အခြေ အနေ သစ်နှင့် ကိုက်ညီအောင် တပ်မတော်ကို တည်ဆောက် ရမည် ဖြစ်ကြောင်း ပြောကြားပြီး အနာဂတ် စစ်ပွဲများသည် စစ်ရှိန် မြင့်သည့် ဒေသန္တရ စစ်ပွဲများ ဖြစ်လိမ့် မည်ဟု သုံးသပ်သွား ခဲ့သည်။ ထိုအယူ အဆအရ တရုတ် တပ်မတော်သည် နိုင်ငံ မြောက်ပိုင်း ကိုသာမက ကျန်နယ် နမိတ်များ၊ ရေပြင် နယ်နမိတ်များနှင့် ကုန်သွယ် ရေလမ်းကြောင်း များကိုပါ ကာကွယ်ရန် လိုအပ်လာ ခဲ့သည်။ ထို့ပြင် ကန့်သတ်စစ်၊ ဒေသန္တရ စစ်ပွဲကို ဆင်နွဲ နိုင်ရန် အတွက် လိုအပ်သည့် လျှင်မြန်စွာ လှုပ်ရှား စစ်ကစား နိုင်မှုနှင့် ပူးပေါင်း စစ်ဆင်မှု စွမ်းရည် များကို ရရှိစေရန် ဖွဲ့စည်းပုံ၊ လေ့ကျင့်ရေး၊ စက်လက်နက် ပစ္စည်း တပ်ဆင်မှု စသည့် ကဏ္ဍများတွင် ပြုပြင် ပြောင်းလဲမှု အများအပြား ဆောင်ရွက် ခဲ့ရသည်။ ထိုအချိန် တွင်ပင် တရုတ် တပ်မတော်၏ စစ်ရေး အတွေး အခေါ်များ အပေါ် ကြီးမားသော အကျိုး သက်ရောက် မှုကို ဖြစ်ပေါ်ေ စသည့် ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲ ဖြစ်ပွား ခဲ့လေသည်။
ဆက်လက် ဖော်ပြပါမည်
ရဲထွဋ်
International Eleven : 05-07-2007
မှီငြမ်းပြုစာစောင်များ

၁။
အောင်မျိုး(မောင်)၊တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အကြောင်းတစေ့တစောင်း၊ ပြည့်စုံစာအုပ်တိုက်၊ ၂ဝဝ၇
၂။
Cliff, Roger and Others, Entering the Dragon's Lair : Chinese Antiaccess Strategies and Their Implications for the United States , RAND Corporation, 2007
၃။
Mulvenon, James C. and Others, Chinese Responses to US Military Transformation and Implications for the Department of Defence, RAND Corporation, 2006

1 comment:

  1. အရမ်းကောင်းပါသည်...ဆက်လပ်အားပေးနေမယ် ဦးရဲ

    ReplyDelete