တရုတ် နိုင်ငံတွင် ထုတ်ဝေသော စစ်ဘက်
ဆိုင်ရာ စာပေ များ၌ ရေးသား ဖော်ပြ ချက်များ အရ တရုတ် နိုင်ငံ အနေဖြင့် ဟန့်တား နှောက်ယှက်ရေး
မဟာ ဗျူဟာကို အောက်ပါ အတိုင်း အသုံးပြု လာနိုင် သည်ဟု အမေရိကန် စစ်ရေး ကျွမ်းကျင် သူများက
သုံးသပ် တင်ပြခဲ့ ကြသည်ကို တွေ့ရ ပေသည်-
စစ်စခန်းချခွင့်၊
နယ်မြေအသုံးပြုခွင့်မရရှိအောင်တားဆီးခြင်း
တရုတ် နိုင်ငံ အနေဖြင့် ပဋိပက္ခ ကာလတွင်
ဒေသတွင်းရှိ အမေ ရိကန်တို့၏ မဟာမိတ် နိုင်ငံများက ၎င်းတို့ နိုင်ငံရှိ အခြေစိုက် စခန်း
များကို အမေရိကန် တပ်ဖွဲ့များ အသုံးပြု ခြင်းအား တားဆီးခြင်း၊ သို့မဟုတ် လေပိုင်နက်ကို
ဖြတ်ကျော် ပျံသန်း ခွင့်မပြုခြင်း၊...
Thursday, October 31, 2013
နဂါးခံတွင်းသို့ဝင်မည့်လင်းယုန်(၂)
၁၉၉၁ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲ ကာလ တစ်လျောက်
လုံးတွင် တရုတ် ကွန်မြူနစ် ပါတီ၏ ဗဟို စစ်ကော်မရှင် နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး
တပ်မတော် တို့က တိုက်ပွဲ ဖြစ်စဉ် များကို မျက်ခြေ မပြတ် စောင့်ကြည့် လေ့လာ ခဲ့ကြ သည်။
စစ်ပွဲ ပြီးဆုံးသည့် အခါ တရုတ် တပ်မတော်မှ ဌာန ကြီးများ၊ စစ်ကျောင်း ကြီးများနှင့်
စစ်ဒေသ ကြီးများက ဗီယက်နမ် စစ်ပွဲ နောက်ပိုင်း အမေရိကန် တပ်မတော်က ဆောင်ရွက် ခဲ့သည့်
စစ်မှု ရေးရာ ပြုပြင် ပြောင်းလဲမှု များ၏ ရလဒ်ကို သုံးသပ် ခဲ့ကြပြီး သုတေသန စာတမ်းများ
တင်သွင်း ခဲ့ကြသည်။
ထိုစာတမ်း များမှ ရရှိသည့် သင်ခန်းစာ
ဖော်ထုတ်ချက် များကို မူတည် ပြီးနောက်...
နဂါးခံတွင်းသို့ဝင်မည့်လင်းယုန်(၁)
အမေရိကန် နိုင်ငံနှင့် တရုတ် နိုင်ငံတို့
အကြားတွင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန် ရေးအရ အားပြိုင်မှု ကြီးမား လာသည် နှင့်အမျှ
ထိုနှစ်နိုင်ငံ အကြားက စစ်ရေး အားပြိုင်မှု အပေါ် နိုင်ငံ တကာက စိုးရိမ် မှုများ ရှိလာ
ခဲ့သည်။ တရုတ် နိုင်ငံက ၎င်း၏ အင်အား ကြီးမား လာမှုသည် ငြိမ်းချမ်းစွာ ဖြစ်ပေါ် တိုးတက်မှုသာ
ဖြစ်ကြောင်း အာမခံ နေသည့်တိုင် အမေရိကန် အနေဖြင့် တရုတ်နှင့် စစ်ရေး အရ ထိပ်တိုက် တွေ့နိုင်မည့်
အခြေအနေ များကို ကြိုတင် တွက်ဆ ပြင်ဆင လာခဲ့သည်။ အမေရိကန် တို့၏ အဓိက စိုးရိမ်မှုမှာ
အမေရိကန် အမျိုးသား အကျိုး စီးပွားကို ကာကွယ်ရန် အတွက် အာရှ ဒေသတွင် စစ်အင်အားကို အသုံးပြုရန်
လိုအပ်...
Wednesday, October 30, 2013
ဘုရှ်နှင့် လှုပ်လေမြုတ်လေအီရတ်စစ်ပွဲ
၂ဝဝ၇ ခုနှစ် စပိုင်း ထဲက အမေရိကန် နိုင်ငံရေး
လောကတွင် အီရတ် စစ်ပွဲနှင့် ပတ်သက်ပြီး ရီပတ် ဘလီကင် သမ္မတ ဘုရှ်နှင့် ဒီမို ကရက်တို့
ချုပ်ကိုင် ထားသော လွှတ်တော် အကြား အားပြိုင်မှုက ပြင်းထန် လာခဲ့သည်။ တကယ်တော့ ဘုရှ်၏
အီရတ် စစ်ပွဲ မူဝါဒ အပေါ် လွှတ်တော်၏ စိန်ခေါ်မှု များသည် ၂ဝဝ၆ ခုနှစ် ဒီဇင် ဘာလတွင် အီရတ်
လေ့လာရေး အဖွဲ့ (Iraq Study Group) ၏ အစီရင်ခံစာ ထွက်ပေါ် လာချိန် ကပင် စတင် ခဲ့သည်ဟု
ဆိုရမည် ဖြစ်သည်။
အီရတ်
လေ့လာရေး အဖွဲ့
အီရတ် လေ့လာရေး အဖွဲ့သည် ကွန်ဂရက် လွှတ်တော်က
၂ဝဝ၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့သော အဖွဲ့ ဖြစ်သည်။ အဖွဲ့ဝင် အဖြစ်
ရီပတ် ဘလီကင်...
အလှမ်းဝေးနေသေးတဲ့ အီရတ်ငြိမ်းချမ်းရေး
ပြီးခဲ့သည့် ဇူလိုင်လ အတွင်း၌ သမ္မတ ဘုရှ်က
အီရတ် အခြေအနေနှင့် ပတ်သက်သည့် ပဏာမ အစီရင် ခံစာကို ထုတ်ပြန် ခဲ့သည်။ ထိုအစီရင် ခံစာ၌
ဘုရှ်က ကွန်ဂရက် လွှတ်တော်မှ သတ်မှတ် ထားသည့် အီရတ် နိုင်ငံတွင် ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေး
ဖော်ဆောင်ရန် အတွက် ပြည့်မီ ရမည့် စံ (၁၈) ချက်အပေါ် အကောင် အထည် ဖော်နိုင်မှုကို သုံးသပ်
တင်ပြ ခဲ့ရာတွင် စံ ၁၈ ချက်တွင် ၉ ချက်ကို ပြည့်မီ နေကြောင်း နှင့်ကျန် ၉ ချက်တွင်
တိုးတက်မှု လိုနေ သေးကြောင်း သို့သော် နောက်ဆုံး အစီရင်ခံစာ တင်ရမည့် စက်တင် ဘာလတွင်
အခြေအနေတွေ ပိုကောင်း လာမည်ဟု ထင်ကြောင်း ဖော်ပြ ထားခဲ့သည်။ သို့သော် နိုင်ငံရေးနှင့်
စစ်ရေး...
ဘိန်းပန်းဝေနေသော အာဖဂန်နစ္စတန်
၂ဝဝ၆
ခုနှစ် ဆန်းပိုင်းမှ စတင်ပြီး အာဖဂန် နစ္စတန် နိုင်ငံတွင် တာလီဘန် လှုပ်ရှား မှုများ ပိုမို
ကျယ်ပြန့် လာသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ၂ဝဝ၆ ခုနှစ် အတွင်းတွင် ပေါ်ပေါက် ခဲ့သော တာလီဘန်
တို့၏ တိုက်ခိုက်မှု များသည် ၂ဝဝ၅ ခုနှစ် အတွင်း ကထက် လေးဆ တိုးလာ ခဲ့သည်။ ထိုကဲ့သို့
တာလီ ဘန်များ လှုပ်ရှား လာသည်နှင့် အတူ နောက်ဆက်တွဲ ပါလာသည့် ပြဿနာမှာ ဘိန်းစိုက်ပျိုး
ထုတ်လုပ်မှု အကြီးအကျယ် မြင့်တက် လာခြင်းပင် ဖြစ်သည်။
၂ဝဝ၆
ခုနှစ် အတွင်းတွင် အာဖဂန် နိုင်ငံမှ ဘိန်း တန်ချိန် ငါးထောင့် ခြောက်ရာကျော် ထုတ်လုပ်
ခဲ့ရာ ထိုပမာဏ သည် ကမ္ဘာ့ဘိန်း ထုတ်လုပ် မှု၏ ၉ဝ% အထိ ရှိခဲ့သည်။ ၂ဝဝ၅...
Subscribe to:
Posts (Atom)