Saturday, June 22, 2013

အိမ်တိုင်နွယ်ရစ် - လယ် တောဖြစ်ခြင်း

တောဟေ၀န် ဇာတ်လမ်းများ- မောဂ္ဂလိ။  နိုဘယ် စာပေဆုရှင် ရုဒယက် ကစ်ပလင်၏ The Jungle Book ကို ဆရာ ထင်လင်း က ဘာသာပြန် ထားသော စာအုပ်ဖြစ်သည်။ မူရင်း စာအုပ်ရော၊ ရုပ်ရှင်ပါ ကျော်ကြား လှသလို ဆရာထင်လင်း ဘာသာပြန် လိုက်တော့လည်း နံမည်ကြီး ဘာသာပြန် စာအုပ်ဖြစ်ခဲ့သည်။ နိုင်ငံတော်က ချီးမြှင့်သော ဘာသာပြန် စာပေဆုပင် ရရှိခဲ့ည်။  ဆရာထင်လင်း၏ ဘာသာပြန် အရေးအသားများက ချောမွေ့လှသည်။ အထူးသဖြင့် ကစ်ပလင်၏ ကဗျာများကို ပြန်ဆိုထားပုံက မြန်မာလို ရွတ်ဆိုလိုက်လျှင် ချောချော မွေ့မွေ့ အာတွေ့လှသည်။  အင်္ဂလိပ် စာအုပ်များ ကိုသာ အဖတ်များ သည့် ကျွန်တော့် ဖခင်ကပင် ဆရာထင်လင်း...
Read more

ကြိုက်သွားမှာပါ

သူ့ကို ကျွန်တော့် မိခင်တပ်ရင်းမှာ တွေ့ခဲ့ခြင်း ဖြစ်သည်။ လူကထောင်ထောင် မောင်းမောင်း၊ ဗလ ကောင်းကောင်း၊ အသံက လည်း ကျယ်ကျယ်၊ အာဘောင်အာရင်း သန်သန်ဖြင့် ပြောလွန်း သောကြောင့် ရဲဘော်တွေက သူ့နံမည်အရင်းရှေ့မှာ အာဇာနည်လို့ ထပ်တိုးပြီး အခေါ်ခံရသူ ဖြစ်သည်။ နံမည်ကတော့ ထားလိုက်ပါတော့။ ဆရာကြီးကား ရဲဘော်တွေအခေါ် ဆရာကြီး စီကြူ ဖြစ်၏။ ထိုစကားက အင်္ဂလိပ် ဘာသာဖြင့် Company Quartermaster  ကို အတိုကောက် ခေါ်ခြင်း ဖြစ်သည်။ တပ်မတော်ရာထူး အခေါ်အဝေါ် အမှန်အရ ဆိုလျှင် တပ်ခွဲတပ်ကြပ်ကြီး ဖြစ်သည်။ ဒါပေမယ့် တပ်မတော်ထဲမှာတော့ ဘယ်သူမှ ဒီလိုမခေါ် ဆရာကြီးစီကြူဟုသာအမည်တွင်သည်။ တပ်ခွဲတပ်ကြပ်ကြီး...
Read more

ငြိမ်းချမ်းရေးအလှမ်းမဝေးပါ

ရဲထွဋ် ကျွန်တော့ စားပွဲပေါ်က အယ်လ်ဘမ် အဟောင်းလေးထဲမှာ ဓာတ်ပုံတစ်ပုံ ရှိသည်။ ဓာတ်ပုံက အခမ်းအနားတွေ အပြီးမှာ ရိုက် လေ့ရှိသည့် စုပေါင်းဓာတ်ပုံ Group Photo ဖြစ်သည်။ ပုံထဲမှာ စစ်ဝတ်စုံ ၀တ်ထားသူတွေ ပါသလို အရပ်ဝတ် အရပ်စားနဲ့ သူတွေလည်း ပါသည်။ တစ်ချို့က ထိုင်၍တစ်ချို့က ရပ်လျှက်။ နှစ်နှစ်ဆယ်နီးပါး ကြာခဲ့ပြီ ဖြစ်သည့် အတွက် ဓာတ်ပုံက အရောင် ပျက်ချင်ချင်၊ အရွယ်အစား ကလည်း ဟိုတုံးက အသုံးများသည့် ပို့စ်စကဒ်ဆိုက် ဆိုတော့ မျက်နှာတွေက မထင်ရှား။ တကယ်လို့ ပုံကြီးချဲ့ ကြည့်လိုက်မယ် ဆိုရင်တော့ ပုံထဲက လူတွေအားလုံးရဲ့ မျက်ဝန်းတွေထဲမှာ ကြီးမားသည့် လုပ်ငန်း တာဝန်တစ်ခုကို...
Read more

ကွဲပြားခြင်း၏တန်ဖိုး

ဘူတာရုံလေးက တိတ်ဆိတ် ငြိမ်သက်စွာပဲ ရှိနေသည်။ ကြားဘူတာငယ် လေးများရဲ့ ထုံးစံအတိုင်း ဘူတာရုံ အဆောက်အဦ သေးသေးလေး ရှိသည်။ ရုံးခန်းထဲမှာ  ရုံပိုင် ဒါမှမဟုတ် ရုံပိုင်လေး တစ်ယောက်နဲ့ လမ်းခွဲကိုင်ဟု ထင်ရသူ နှစ်ယောက်ကို တွေ့ရသည်။ ဘူတာဘေးမှာ ရေတွင်းအိုအို တစ်ခုနှင့် အုပ်ကြွတ် မိုးထားသည့် ယိုင်နဲ့နဲ့၊ ခြေတံရှည် ၀န်ထမ်း အိမ်ယာလေး ရှိသည်။ ခေါင်းမိုးက အုပ်ကြွတ်တစ်ချို့ ကွာနေသဖြင့် ဗီနိုင်းစ အပြာဖြင့် ဖာထေးထား သည်ကိုလည်း တွေ့ရ၏။  ကုက္ကိုပင်အိုကြီး တွေက ဘူတာရုံလေးကို အုပ်အုပ်ဆိုင်းဆိုင်း မိုးကာထားသည်။ ရထားလမ်း တစ်ဖက်မှာတော့ မိုးဦးကျ စိမ်းမြနေသည့် လယ်ကွင်းများကို...
Read more

ဘ၀င်ချသည့် စကားများ (၃)

ဇာတ်ဓားတွေ ရှေ့မှာတုံးက ရေးခဲ့သလိုပင် ကွပ်ကဲမှု ဌာနချုပ်မှာ တာဝန်ကျသည့် လူငယ် ဂျီသရီးဘ၀ကား အတော် ပျော်စရာ ကောင်း သည်။ အလုပ်ဘယ်လောက် များများ နေ၀င်မိုးချုပ် ကြောပိုးအိပ် ပိုးပြီး ခရီးသွား နေရသော၊ ဘယ်အချိန် တိုက်ပွဲ ဖြစ်မလဲလို့ အမြဲသတိထား ပြင်ဆင် နေရသော ခြေလျင်တပ်ရင်းက ဘ၀နှင့်ကား များစွာ ကွာခြားလှသည်။ မြေစိုက် တဲလေးနဲ့ ရုံးဖွင့်ထားဦးတော့ အမိုးအကာ အောက်မှာ စစ်ဝတ်စုံ သပ်သပ်ယပ်ယပ်နဲ့ လုပ်ကိုင်ရသည်။ တပ်ရင်းတုံး ကဆိုလျှင် စစ်ဆင်ရေးကာလ ခြောက်လလောက်ကို စစ်ဝတ်စုံသုံးစုံ၊ အရပ်ဝတ် နှစ်စုံနဲ့ ဒါဝတ်၊ ဒါချွတ် ဘ၀ဖြင့် ဖြတ်သန်းခဲ့ ရသည်။ တစ်နေကုန် ချီတက်ပြီး...
Read more

ဘ၀င်ချသည့် စကားများ (၂)

စားရတာမချိုဘူး ၁၉၈၃ ခုနှစ်အတွင်းက ဖြစ်သည်။ မှောင်ခိုခေတ် ဖြစ်၏။ ထိုင်းနယ်စပ်ကနေ အထမ်းသမားတွေ၊ လှည်းတွေနဲ့ ကရင် ပြည်နယ်၊ မွန်ပြည်နယ်များကို ဖြတ်ပြီး လူသုံးကုန် ပစ္စည်းတွေ၊ စားသောက်ကုန်တွေ သွင်းကြ၊ မြန်မာ နိုင်ငံဘက်က နွား၊ သိုး၊ ၀က်၊ ပုဇွန် စတာတွေ ခိုးထုတ်ကြသည့် အချိန်ကာလ။ နယ်စပ်ဒေသမှာ တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းတွေက အကောက်စခန်းတွေ ဖွင့်ပြီး စီးပွားရေး လုပ်ဆောင်နေသည့် အချိန်။ ထိုအချိန်တွင် ကျွန်တော်တို့ တပ်ရင်းက နယ်မြေတစ်ခုကို ထိုးဖောက်စစ်ဆင်ရေး လုပ်ရသည်။ ထိုနယ်မြေက သာမန် အားဖြင့် တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းက အများဆုံး လှုပ်ရှားပြီး မှောင်ခိုလမ်းကြောင်း...
Read more

ဘ၀င်ချသည့် စကားများ (၁)

စာစု ခေါင်းစဉ်ကို ဘ၀င်ချသည့် စကားများ လို့ပေးထားတော့ ဘ၀င်ကျကို  စာမှားရိုက်သည်ဟု ထင်ကောင်း ထင်နိုင်ပါသည်။ မဟုတ်ပါ။ ဘ၀င်ကျ သည်ဆိုတာက မိမိစိတ်ကို နှစ်သက်စေသည့် စကားဖြစ်၏။ ကျွန်တော် ပြောလိုသည့် ဘ၀င်ချသည့် စကားများ ဆိုတာက ဘ၀င် မြင့်ချင်ချင် ဖြစ်နေသည့်၊ ကိုယ့်ဟာကိုယ်တော့ ဟုတ်လှပြီ ထင်နေသည့် ကျွန်တော့်ကို  အခြေအနေမှန် သိအောင်၊ စဉ်းစား ဆင်ခြင်တတ်အောင် လှုံ့ဆော်ပေးသည့် စကားတွေ ဖြစ်သည်။ တပ်မတော်တွင် တာဝန် ထမ်းဆောင်စဉ်က ကရင် တိုင်းရင်းသားများနှင့် အများဆုံး ထိတွေ့ ခဲ့ရသည်။ ရိုးသား ပွင့်လင်းပြီး ဟောဟောဒိုင်းဒိုင်း ပြောတတ်သည့် ကရင် တိုင်းရင်းသားများ...
Read more

Friday, June 21, 2013

နှလုံးသားကျောက်စာ

၁၉၇၆ နှစ်ဦးမှာ ဖခင်ဖြစ်သူ ခရီးထွက်ရာ နောက်ကို အဖော်လိုက်ရင်း တောင်တန်းဒေသ တစ်ခုသို့ ရောက်ရှိ သွားခဲ့သည်။ ရိုးသား ပွင့်လင်းသော တိုင်းရင်းသားများ၊ တောင်ခိုးနှင့် တိမ်ရောယှက် လိမ်နေသော တောင်တန်း မြင့်မြင့်ကြီးတွေ၊ မတ်စောက် သည့်တောင် ကမ်းပါးယံတွေကို ကပ်ပြီး ဖောက်ထားသည့် မြေသားကားလမ်း ကျဉ်းကျဉ်း၊ ဟိုးအောက်ကို ငုံ့ကြည့်လိုက်ရင် အဖြူရောင် ဖဲကြိုးလေး ချထားသလို ရှိနေသည့် ချောင်းများ၊ ကားလမ်းကို မေးတင်ထားသည့် ထင်းရူးသား အိမ်လေးတွေနှင့် လှချင်တိုင်း လှနေသည့် ဒေသ ဖြစ်သည်။ အဖြူအမဲ ကင်မရာအဟောင်း တစ်လုံးနဲ့ တွေ့သမျှ မှတ်တမ်း တင်ဖြစ်သည်။ ထိုဒေသတွင် ထူးထူးခြားခြား တွေ့ရသည်က...
Read more