ကာကွယ်ရေးနှင့်လုံခြုံရေး
တရုတ်နှင့် အာဆီယံ အကြား
ဆက်ဆံရေး တိုးတက် လာသည် နှင့်အမျှ ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု
များလည်း အရှိန်မြင့် လာခဲ့သည်။ ထိုသို့ ပူးပေါင်း ဆောင်ရွက် ရာတွင် စစ်ဘက် ဆိုင်ရာ
ကိုယ်စားလှယ် အဖွဲ့များ အပြန် အလှန် လည်ပတ်ခြင်း၊ စစ်ဘက် သင်တန်း သားများ အပြန် အလှန်
စေလွှတ်ခြင်း မှအစ ပူးတွဲ စစ်ရေး လေ့ကျင့် ခြင်းအထိ ကဏ္ဍ ပေါင်းစုံ ပါဝင် ခဲ့သည်။ ၂ဝဝ၂
ခုနှစ်မှ ၂ဝဝ၆ ခုနှစ် အတွင်းတွင် တရုတ် ကာကွယ်ရေး ဝန်ကြီး၊ တရုတ် ပြည်သူ့ လွတ်မြောက်ရေး
တပ်မတော်မှ ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ် များနှင့် အခြား အဆင့်မြင့် အရာရှိကြီး များသည်
အာဆီယံ ဆယ်နိုင်ငံ လုံးသို့ သွားရောက် ဆွေးနွေး ခဲ့သကဲ့သို့ ထိုနိုင်ငံများမှ အဆင့်မြင့်
အရာရှိ များလည်း တရုတ် နိုင်ငံသို့ အပြန် အလှန် သွားရောက် ဆွေးနွေးခဲ့ ကြသည်။ ထို့အပြင်
တရုတ် နိုင်ငံသည် အာဆီယံ အဖွဲ့ဝင် ဆယ်နိုင်ငံ အနက် ခုနှစ် နိုင်ငံသို့ စစ်လက်နက် ပစ္စည်းများ
တင်ပို့ ရောင်းချလျှက် ရှိပေသည်။
၂ဝဝ၃ ခုနှစ် အောက်တို ဘာလတွင်
တရုတ် နိုင်ငံသည် အာဆီယံ ချစ်ကြည် ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ် ASEAN
Treaty of Amity and Cooperation တွင် ပါဝင် လက်မှတ် ရေးထိုး ခဲ့ပြီး အာဆီယံနှင့် တရုတ်ကြား
ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဟာဗျူဟာ အရ ပူးပေါင်း ဆောင်ရွက်မည့်
ပူးတွဲ ကြေညာချက်ကို ထုတ်ပြန် ခဲ့သည်။ ထိုကြေညာချက် အပေါ် အခြေခံ ပြီးနောက် အာဆီယံနှင့်
တရုတ် နိုင်ငံ တို့သည် ပူးပေါင်း ဆောင်ရွက်ရေး အတွက် ငါးနှစ် စီမံချက် (၂ဝဝ၅-၂ဝ၁ဝ)
ကိုထုတ်ပြန် ခဲ့ရာ ကာကွယ်ရေး နှင့် လုံခြုံရေး ကဏ္ဍတွင် အောက်ပါ အတိုင်း ပူးပေါင်း ဆောင်ရွက်ရန်
ဖော်ပြ ထားသည်ကို တွေ့ရပေသည် -
(က)
|
ကာကွယ်ရေး
ကဏ္ဍတွင် အပြန်အလှန် ယုံကြည် မှုနှင့် နားလည် မှုကို တည်ဆောက်ရန်။
|
(ခ)
|
ကာကွယ်ရေးနှင့်
လုံခြုံရေး ကဏ္ဍတွင် တိုင်ပင် ဆွေးနွေး ညှိနှိုင်း မှုများ ပြုလုပ်ရန်။
|
(ဂ)
|
စစ်ဘက် ဆိုင်ရာ
လေ့ကျင့်ရေး များတွင် ပူးပေါင်း ဆောင်ရွက်ရန်။
|
(ဃ)
|
ပူးတွဲ စစ်ရေး
လေ့ကျင့်မှုများ ပြုလုပ်ရန်။
|
(င)
|
ငြိမ်းချမ်းမှု
ထိန်းသိမ်းရေး စစ်ဆင်မှု Peace Keeping Operation များတွင် ပူးပေါင်း ဆောင်ရွက်ရန်။
|
ထို့နောက် အာဆီယံ အဖွဲ့သည်
တရုတ် နိုင်ငံ၏ အဆိုပြုချက် ဖြစ်သည့် အာရှ ကာကွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို ပုံမှန်
ကျင်းပရန် အဆိုကို လက်ခံခဲ့ပြီး ပထမဆုံး အာဆီယံ ဒေသ ဆိုင်ရာ အစည်း အဝေး၏ လုံခြုံရေး
ဆိုင်ရာ မူဝါဒ ဆွေးနွေးပွဲ ARF Security Conference ကို ၂ဝဝ၄ ခုနှစ် နိုဝင် ဘာလတွင်
ဘေဂျင်းမြို့၌ ကျင်းပ ခဲ့သည်။ ထိုဆွေးနွေး ပွဲများကို နှစ်စဉ် ကျင်းပရန် စီစဉ်ခဲ့ပြီး
ဒေသတွင်း တင်းမာမှု ကိုဖြစ်ပေါ် စေသည့် အကြောင်း အရာ များမှ အစ အကြမ်းဖက် ဝါဒ အန္တရာယ်နှင့်
သမားရိုးကျ မဟုတ်သော လုံခြုံရေး ပြဿနာ များအထိ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေး လျှက်ရှိ
နေပြီ ဖြစ်သည်။
တရုတ်-အာဆီယံ လွပ်လပ်သော ကုန်သွယ်မှုဇုံ
တရုတ် နိုင်ငံနှင့် အာဆီယံ
အဖွဲ့ဝင် နိုင်ငံများ အကြား ဆက်ဆံရေး တိုးတက် လာခြင်းကြောင့် အကျိုးအမြတ် အများဆုံး
ရရှိခဲ့သော ကဏ္ဍမှာ စီးပွားရေး ကဏ္ဍပင် ဖြစ်၏။ ပြီးခဲ့သည့် ဆယ်စုနှစ်တွင် နှစ်ဘက်ကြား ကုန်သွယ်မှု
ပမာဏ သည် နှစ်စဉ် ပျမ်းမျှ ၂ဝ% တိုးတက် ခဲ့ရာ ၂ဝဝ၄ ခုနှစ်တွင် ဒေါ်လာ ဘီလီယံ တစ်ရာ
အမှတ်သို့ ရောက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ် တွင်မူ ၂၃% တိုးတက်ကာ ဒေါ်လာ ၁၃ဝ.၄ ဘီလီယံ ရှိလာ
ခဲ့သည်။ ထို့ပြင် အခြား နိုင်ငံများနှင့် ကုန်သွယ် ရာတွင် တရုတ် နိုင်ငံ အနေဖြင့် ကုန်သွယ်ရေး
ပိုငွေ ပြခဲ့သ်ာလည်း အာဆီယံ အဖွဲ့ဖြင့် ကုန်သွယ် ရာတွင်မူ အာဆီယံ ဘက်မှ ဒေါ်လာ ၂ဝ ဘီလီယံ
ပိုငွေ ပြခဲ့ သည်ကို ထူးထူး ခြားခြား တွေ့ရ ပါသည်။
အကဲခတ် လေ့လာ သူများက တရုတ်နှင့်
အာဆီယံ အကြား ကုန်သွယ်မှု တိုးတက် လာခြင်းတွင် အဆင့်နှစ် ဆင့် ရှိသည်ဟု သတ်မှတ် ကြသည်။
ပထမအဆင့်မှာ တရုတ်နိုင်ငံနှင့် အာဆီယံကြားဆက်ဆံမှု စတင် တိုးမြှင့် ခဲ့သည့် ၁၉၉၁ ခုနှစ်မှ
၂ဝဝ၁ ခုနှစ် အထိ ဖြစ်သည်။ ဒုတိယ အဆင့်မှာ တရုတ်- အာဆီယံ လွတ်လပ်သော ကုန်သွယ် မှုဇုံ
တည်ထောင် နိုင်ရန် အတွက် အခြေခံ မူများကို သဘော တူခဲ့သည့် ၂ဝဝ၂ ခုနှစ်မှ ယနေ့ အထိ ဖြစ်သည်။
အကယ်၍ တရုတ်နှင့် အာဆီယံ သဘော တူညီချက် အရ အာဆီယံ၏ ပထမ ဦးဆုံး အဖွဲ့ဝင် နိုင်ငံ ခြောက်
နိုင်ငံနှင့် တရုတ် အကြားတွင် ၂ဝ၁ဝ ပြည့်နှစ်၌ လည်းကောင်း၊ ကျန်အဖွဲ့ဝင် နိုင်ငံများနှင့်
၂ဝ၁၅ ခုနှစ် တွင် လည်းကောင်း လွပ်လပ်သော ကုန်သွယ်မှု ဇုံကို အကောင် အထည် ဖော်ရမည် ဖြစ်သည်။
ထိုသို့ အကောင်အထည် ဖော်ပြီး
သွားပါက လူဦးရေး ၁.၇ ဘီလီယံနှင့် ဂျီဒီပီ နှစ် ထရီလီယံ ဒေါ်လာ ရှိသာ ကုန်သွယ်မှု ဈေးကွက်ကြီး
ပေါ်ပေါက် လာမည် ဖြစ်သည်။ ဤကဲ့သို့ အာဆီယံနှင့် စီးပွားရေးနှင့် လုံခြုံရေး ရာများတွင်
ပိုမို ပူးပေါင်း ဆောင်ရွက် ခဲ့ရာတွင် တရုတ် အနေဖြင့် မဟာဗျူဟာ ရည်မှန်းချက် သုံးခု
ထားရှိ ခဲ့သည် ဟုလည်း အကဲခတ် များက ဆိုကြ ပါသည်။ ပထမ ရည်မှန်းချက်မှာ တရုတ် နိုင်ငံ၏
စီးပွားရေး ဆက်လက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံ လိုအပ်ချက် ဖြစ်သော တည်ငြိမ်သည့်
ဒေသ ပတ်ဝန်းကျင် အခြေအနေကို ရရှိစေရန် ဖြစ်သည်။ ဒုတိယ အနေဖြင့်မူ တရုတ် နိုင်ငံ အင်အား
ကြီးထွား လာမှုအပေါ် စိုးရိမ်မကင်း ဖြစ်နေသည့် အာရှဒေသ နိုင်ငံများ အနေဖြင့် တရုတ် နိုင်ငံ၏
တိုးတက် မှုသည် ငြိမ်းချမ်းစွာ ဖြစ်ပေါ် တိုးတက်မှု ဖြစ်ပြီး ဒေသ တစ်ခုလုံး ၏ အကျိုး စီးပွားကို
အထောက်အကူ ဖြစ်သည်ဟု လက်ခံ လာစေရန် ဖြစ်သည်။ နောက်ဆုံး ရည်မှန်းချက် မှာမူ တရုတ် နိုင်ငံသည်
အာဆီယံ နိုင်ငံ များ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုတွင် အဓိက ကျသော အခန်း ကဏ္ဍမှ ပါဝင်
ခြင်းဖြင့် နှစ်ဘက် အကြား မဟာဗျူဟာ ဆက်ဆံ မှုကို ပိုမို ခိုင်မြဲ စေလို ခြင်းပင် ဖြစ်သည်။
အာဆီယံ နိုင်ငံများ အနေဖြင့်
တရုတ် နိုင်ငံနှင့် ကုန်သွယ်ရေး အရ ပိုမို ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေ သော်လည်း
ရေရှည်တွင် တရုတ်နိုင်ငံက နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီး မြှပ်နှံမှုများကို အာဆီယံ
လက်ထဲမှ လုယူ သွားမည့် အလားအလာကို စိုးရိမ် မှုများ ရှိနေဆဲ ဖြစ်သည်။ ထိုအချက်ကို အသိအမှတ်
ပြုသည့် အနေဖြင့် တရုတ် နိုင်ငံက အာဆီယံ နိုင်ငံများတွင် ပိုမို ရင်းနှီး မြှပ်နှံ
မှုများ ပြုလုပ်ရန် ကတိပြု ခဲ့သော်လည်း တရုတ်၏ ၁၉၉၅ ခုနှစ်မှ ၂ဝဝ၄ ခုနှစ် အတွင်း အာဆီယံ
နိုင်ငံ များတွင် ပြုလုပ် ခဲ့သည့် ရင်းနှီး မြှပ်နှံမှု တစ် ဘီလီယံသည် အီးယူ၏ ၆၈.၅ ဘီလီယံ၊
အမေရိကန်၏ ၄၂.၃ ဘီလီယံနှင့် ဂျပန်၏ ၃၂ ဘီလီယံ တို့နှင့် နှိုင်းယှဉ် လျှင် မပြောပ လောက်သည်ကို
တွေ့ရ ပေသည်။ တရုတ်၏ ပြိုင်ဖက် တရုတ် (တိုင်ပေ) ကပင် ၈.၉ ဘီလီယံ ရင်းနှီး မြှပ်နှံခဲ့ရာ
တရုတ်အ နေဖြင့် အာဆီယံ နိုင်ငံများ စိုးရိမ်မှုကို ပြေပျောက် စေရန် အတွက် များစွာ လုပ်ဆောင်
ပေးရန် လိုသည်မှာ ထင်ရှား နေပေသည်။
တရုတ် နိုင်ငံသည် လုံခြုံရေးနှင့်
စီးပွားရေး ကဏ္ဍ များတွင် သာမက ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တရား ဥပဒေ
စိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်ရေးနှင့် အခြား ကဏ္ဍ များတွင်လည်း အာဆီယံ နိုင်ငံများနှင့်
ပူးပေါင်း ဆောင်ရွက် မှုကို တိုးမြှင့် ဆောင်ရွက်လျှက် ရှိနေသည်။ ထိုလုပ်ဆောင်မှု များကို
တရုတ် ဝန်ကြီးချုပ် ၀မ်ကြားပေါင်က ချစ်ကြည် ရင်းနှီးသော အိမ်နီးချင်းများ၊ လုံခြုံ
စိတ်ချ ရသော အိမ်နီး ချင်းများ၊ ပြည့်စုံ ကြွယ်ဝသော အိမ်နီး ချင်းများ ဟု အဓိပ္ပါယ်ရသည်
တရုတ် ဘာသာဖြင့် mulin, anlin, fulin မူဝါဒ
အဖြစ် ထုတ်ဖော် ပြောကြား ခဲ့သည်။
တရုတ် အနေဖြင့် အာဆီယံ အပေါ်
အဆိုပါ မူဝါဒဖြင့် ပူးပေါင်း ဆောင်ရွက် ရေးကို မြှင့်တင်ရန် ဆောင်ရွက် နေသကဲ့သို့ အာဆီယံ
အနေ ဖြင့်လည်း တရုတ်နှင့် ပူးပေါင်း ဆောင်ရွက် ရာတွင် အာဆီယံ နိုင်ငံ များ၏ အမျိုးသား
အကျိုး စီးပွားပေါ် မူတည်ပြီး သုံးသပ်ေ ဆာင်ရွက် နေသည်ကို တွေ့ရပါသည်။ အာဆီယံ အနေဖြင့်
တရုတ်နိုင်ငံ၏ အင်အား ကြီးမား လာမှုကို အခွင့်အလမ်း အဖြစ် ရှုမြင် သကဲ့သို့ စိန်ခေါ်မှု
အဖြစ်လည်း ရှုမြင်လျှက် ရှိသည်။ အတိတ် အတွေ့ အကြုံ များကြောင့် တရုတ် နိုင်ငံ အနေဖြင့်
အသစ် ပိုင်ဆိုင် လာသည့် စစ်ရေး၊ စီးပွားရေး အင်အားများကို ဒေသ ဆိုင်ရာ အရေးအခင်း များတွင်
မည်ကဲ့သို့ အသုံး ချမည် ဆိုသည့် အပေါ် အာဆီယံ ခေါင်းဆောင်များ အနေဖြင့် စိုးရိမ် စိတ်များလည်း
ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အာဆီယံသည် တရုတ်နှင့် ဆက်ဆံရာတွင် ပူးပေါင်း ဆောင်ရွက်မှုနှင့်
အင်အား ချိန်ဆမှု ဆိုသည့် အခြေခံ နှစ်ရပ် ပေါ်တွင် ရပ်တည် ဆောင်ရွက် နေသည်ကို တွေ့ရမည်
ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်ရေး
အာဆီယံ အနေဖြင့် တရုတ် နိုင်ငံကို
ဒေသတွင်း ကုန်သွယ်ရေး၊ စီးပွားရေး နှင့် လုံခြုံရေး ဆိုင်ရာ များတွင် ပါဝင် လာအောင်
ဆွဲဆောင် စည်းရုံးခြင်း အားဖြင့် ဒေသတွင်း တည်ငြိမ် ရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးသည်
တရုတ် နိုင်ငံ၏ အရေး ပါသော အကျိုး စီးပွား ဖြစ်လာအောင် ဆောင်ရွက် ခဲ့သည်။ အာဆီယံ အနေဖြင့်
တရုတ်ကို အထီးကျန် ထားခြင်းထက် အပြု သဘောဆောင် ပူးပေါင်း ဆက်ဆံခြင်း အားဖြင့် တရုတ်
နိုင်ငံသည် တာဝန် သိသော ဒေသတွင်း နိုင်ငံ အဖြစ် ရောက်ရှိ လာမည်ဟု ယူဆ ခဲ့သည်။ ထို့ကြောင့်လည်း
တရုတ် နိုင်ငံက အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကြိုးစားမှု မှန်သမျှကို ကြိုဆို
ခဲ့ကြခြင်း ဖြစ်သည်။
အထူးသဖြင့် တရုတ် နိုင်ငံ၏
လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှု များနှင့် တရုတ်နှင့် အာဆီယံ နိုင်ငံ အချို့ အကြား တည်ရှိ
နေသည့် ရေပြင် နယ်နမိတ် အငြင်းပွား မှုများကို ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး ဖြေရှင်း
နိုင်ရန် အတွက် အာဆီယံ ဒေသ ဆိုင်ရာ ဆွေးနွေးပွဲ ARF တွင် တရုတ် ပါဝင် လာအောင် ဆောင်ရွက်
ခဲ့သည်။ အာဆီယံ ဒေသ ဆိုင်ရာ ဆွေးနွေးပွဲ များသည် အမေရိကန် အပါအဝင် အာရှ- ပစိဖိတ်ဒေသမှ
နိုင်ငံပေါင်း ၂၅ နိုင်ငံ ဖြင့် ဖွဲ့စည်း ထားပြီး အဓိက ရည်ရွယ် ချက်မှာ ဒေသတွင်း လုံခြုံရေး
ပြဿနာများ၊ အငြင်း ပွားမှု များကို ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ရန် အတွက် နိုင်ငံများ
အကြား အပြန်အလှန် ယုံကြည်မှု ရှိအောင် ဆွေးနွေး နိုင်သည့် စင်မြင့် အဖြစ် ဖွဲ့စည်း ထားခြင်း
ဖြစ်သည်။ ထိုကဲ့သို့ တရုတ် နိုင်ငံ ပါဝင် လာအောင် ဆောင်ရွက် ခြင်းဖြင့် ယခင် က တရုတ်
နိုင်ငံက အာဆီယံ ဒေသ ဆိုင်ရာ အစည်း အဝေးကို အမေ ရိကန်တို့က အာရှ ဒေသ အရေး အခင်း များတွင်
ဝင်ရောက် စွတ်ဖက်ရန် နည်းလမ်း အဖြစ် အသုံးပြု နေသည်ဟု ထင်မြင် နေသည့် သံသယကို ပြေပျောက်
စေသည့် အပြင် တရုတ်နှင့် အာရှ ဒေသတွင်း နိုင်ငံများ အကြား ယုံကြည်မှု တည်ဆောက်ရာ နေရာ
အဖြစ် ရောက်ရှိ အောင် ဖန်တီး နိုင်ခဲ့ သည်ကို တွေ့ရသည်။
အင်အားချိန်ဆမှု
နိုင်ငံရေး အကဲခတ် လေ့လာသူ
Denny Roy က အာဆီယံ၏ တရုတ်အပေါ် အင်အား ချိန်ဆမှုကို သိမ်မွေ့သည့် ချဉ်းကပ်မှု အဖြစ် သုံးသပ်
ပြခဲ့သည်။ ၎င်း၏ အဆိုအရ အာဆီယံသည် တရုတ်နှင့် ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက် သကဲ့သို့
တစ်ဖက် ကလည်း အမေရိကန်၊ ဂျပန်၊ ဥရောပ သမဂ္ဂနှင့် အိန္ဒိယ နိုင်ငံ တို့နှင့် အာဆီယံ အကြား
ဆက်ဆံရေး ကိုလည်း တိုးတက်အောင် ဆောင်ရွက် လျှက်ရှိသည်။ အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယ
နိုင်ငံ တို့သည် အာဆီယံ ဒေသ ဆိုင်ရာ အစည်းအဝေး ARF အဖွဲ့ဝင်များ
ဖြစ်နေပြီး ဥရောပ သမဂ္ဂဖြင့်မူ အာဆီယံ-အီးယူ အစည်း အဝေး (ASEM) လမ်းကြောင်းမှ ဆောင်ရွက်
လျှက်ရှိ နေသည်ကို တွေ့ရ ပါသည်။
အာဆီယံ နိုင်ငံများ အထဲတွင်
စင်္ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင် တို့ကမူ အာရှ တိုက်တွင် အမေရိကန် တပ်ဖွဲ့များ ဆက်လက်
ထားရှိမှုကို လိုလား နေပြီး အမေရိကန် ရေတပ်ဖွဲ့နှင့် လေတပ် ဖွဲ့များ ရပ်နားခွင့် ပြုခြင်း၊
ပူးပေါင်း စစ်ရေး လေ့ကျင့် မှုများ ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်လျှက် ရှိသည်။ သို့သော်
ထိုနိုင်ငံများ အနေဖြင့် အမေရိကန် စစ်စခန်များ တည်ဆောက်ခွင့် ပြုခြင်းနှင့် တရားဝင်
စစ်ရေး မဟာမိတ် ပြုခြင်း အစ ရှိသည့် တရုတ် နိုင်ငံနှင့် ဆက်ဆံ ရေးတွင် ထိခိုက် စေမည့်
လုပ်ရပ်မျိုးကို ရှောင်ရှားလျှက် ရှိသည်။ ယျေဘူယျ အားဖြင့် ခြုံငုံ ပြောရလျှင် အာဆီယံသည်
ဒေသ တည်ငြိမ်ရေး အတွက် အင်အားကြီး နိုင်ငံ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ပြီး ဒေသတွင်း
အင်အား ချိန်ခွင် လျှာကို ထိန်းသိမ်း နိုင်အောင် ဆောင်ရွက်လျှက် ရှိသကဲ့သို့ တစ်ဖက်
ကလည်း အာဆီယံ အဖွဲ့၏ လွပ်လပ်သော အနေ အထားကို ခိုင်မာအောင် ထိန်းသိမ်း ထားရန် ကြိုးစား
နေသည်ဟု ဆိုနိုင် ပါသည်။ ထို့ပြင် အာဆီယံက ၎င်းနှင့် အမေရိကန် အပါအဝင် အခြား အင်အားကြီး
နိုင်ငံ များနှင့် ဆက်ဆံ မှုများ ကို တရုတ်က ၎င်းအပေါ် ထိန်းချုပ်ရေး မူဝါဒ Containment Policy ကျင့်သုံး သည်ဟု ထင်မြင်မှု မရှိစေရန် သတိထား ဆောင်ရွက် လျှက်လည်း ရှိပေသည်။
မည်သို့ပင် ဖြစ်စေ အာဆီယံ၏ အင်အား ချိန်ဆမှု မူဝါဒ မှန်ကန် မှုကြောင့် တရုတ်ရော အမေရိကန်
ကပါ အာဆီယံ အဖွဲ့ကြီးကို အာရှ ဒေသတွင် ပထဝီ နိုင်ငံရေး အရ လည်းကောင်း၊ စီးပွားရေး အရ
လည်းကောင်း အရေးပါသော အဖွဲ့ အဖြစ် လက်ခံ လာပြီဟု ဆိုရပေမည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ
၁။
|
Jing-dong
Yuan, CHINA-ASEAN RELATIONS:PERSPECTIVES, PROSPECTS
AND IMPLICATIONS FOR U.S. INTERESTS, US Army, Strategic Study Institute,
October, 2006
|
၂။
|
Christopher
J. Pehrson, MEETING THE CHALLENGE OF CHINA'S
RISING POWER ACROSS THE ASIAN LITTORAL,. US Army, Strategic Study Institute,
July , 2006
|
No comments:
Post a Comment