Tuesday, November 26, 2013

တရုတ်-အာဆီယံဆက်ဆံရေးနှင့် အမေရိကန်အမျိုးသားအကျိုးစီးပွား(၁)

ပြီးခဲ့သည့် ဆယ့်ငါးနှစ် ကာလ ၁၉၉၁ ခုနှစ်တွင် တရုတ်နှင့် အာဆီယံ နိုင်ငံ ခြောက်နိုင်ငံ အကြား ပုံမှန် ပြန်လည် ဆက်သွယ်မှု ပြုသည့် အချိန်က အာဆီယံ နိုင်ငံများ အတွင်းတွင် တရုတ် နိုင်ငံ၏ ကြီးထွား လာသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အင်အား အပေါ် သံသယ စိတ်နှင့် စိုးရိမ် စိတ်များ ရှိနေဆဲ ဖြစ်၏။
အထူး သဖြင့် ၁၉၉၁ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံမှ အမေရိကန် ရေတပ်နှင့် လေတပ် အခြေစိုက် စခန်း များကို ရုပ်သိမ်း သွားပြီး နောက် အမေ ရိကန် တို့၏ အာရှတိုက် ဆိုင်ရာ မူဝါဒက မပြတ်မသား ဖြစ်နေ ချိန်၌ တရုတ် နိုင်ငံ၏ မဟာ ဗျူဟာ ရည်မှန်း ချက်များ အပေါ် အာဆီယံ နိုင်ငံ များက စိုးရိမ် တကြီး စောင့်ကြည့် ခဲ့ကြ၏။ စစ်အေး တိုက်ပွဲ ကာလ အတွင်းက ကျင့်သုံး ခဲ့သည့် တရုတ် နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ၊ တရုတ် ကွန်မြူနစ် ပါတီ၏ သဘောထား များကလည်း စစ်အေး လွန်ကာလ တရုတ် နိုင်ငံ၏ မူဝါဒနှင့် ရည်မှန်း ချက်များ အပေါ် အာဆီယံ နိုင်ငံများက စိုးရိမ် စေသည့် အကြောင်းများ ဖြစ်ခဲ့ ပေသည်။
ဆယ်ငါးနှစ် ကြာခဲ့သည့် အချိန်တွင်မူ တရုတ် နိုင်ငံနှင့် အာဆီယံ အကြားတွင် ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု အနေ အထားသည် အလွန် ခိုင်မာ နေသည် ကို တွေ့ရ ပေသည်။ စီးပွားရေးတွင် တရုတ်- အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဒေသ တည်ဆောက်ရေး အတွက် အခြေခံ လုပ်ငန်း စဉ်များ အပေါ် သဘော တူညီမှု ရထား သကဲ့သို့ ကုန်သွယ် ရေလမ်းကြောင်း၊ လုံခြုံရေး၊ အကြမ်းဖက် ဝါဒ တိုက်ဖျက် ရေးနှင့် အခြားသော သမားရိုးကျ မဟုတ်သည့် ခြိမ်းခြောက်မှု အန္တရာယ် Non Traditional Severity Challenges များတွင်လည်း ပူးပေါင်း ဆောင်ရွက် လျှက်ရှိ နေပြီ ဖြစ်သည်။ ယခုလို အခြေ အနေသို့ ရောက်ရှိ စေရန် အတွက် တရုတ် နိုင်ငံက ဆောင်ရွက် ခဲ့မှု များကို လေ့လာ ကြည့်လျှင် တရုတ် နိုင်ငံ ခြားရေး မူဝါဒ ၏ လိမ္မာ ပါးနပ်မှုကို တွေ့နိုင် ပေသည်။
သံသယများ
၁၉၄၉ ခုနှစ်တွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင် ခဲ့ပြီးနောက် ပထမဆုံး အသိအမှတ် ပြုခဲ့သည့် နိုင်ငံ များတွင် အင်ဒို နီးရှား (ဧပြီလ ၁၉၅ဝ ) နှင့် မြန်မာ (ဇွန် ၁၉၅ဝ ) တို့ ပါဝင် ခဲ့ပါသည်။ အာရှ နိုင်ငံများ ဖြစ်သော တရုတ်၊ အန္ဒိယ၊ အင်ဒို နီးရှားနှင့် မြန်မာ တို့သည် ဘက်မလိုက် လှုပ်ရှားမှု၏ အစ ဖြစ်သော ဘန်ဒေါင်း ညီလာခံ (၁၉၅၅) တွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့ ကြသည်။ ထို့အတူ တရုတ် နိုင်ငံသည် ဗီယက်နမ် နိုင်ငံ၏ ပြင်သစ်နှင့် အမေရိကန် နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲများ တွင်လည်း ငွေအား၊ ပစ္စည်း အားနှင့် လူအင်အား များ အကူအညီ ပေးခဲ့သည်။ သို့တိုင်အောင် အာဆီယံ မူလ အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် ထိုင်း၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မလေးရှား စသော နိုင်ငံများ အနေဖြင့် ကွန်မြူနစ် ဝါဒ၏ ခြိမ်းခြောက်မှု အန္တရာယ် ကြောင့် တရုတ် နိုင်ငံနှင့် ပုံမှန် ဆက်ဆံမှု ပြုလုပ်ရန် နှောင့်နှေး ခဲ့သည့် အပြင် ကွန်မြူနစ် အန္တရာယ်ကို ကာကွယ်ရန် အတွက် အမေရိကန်နှင့် ပူးပေါင်းပြီး အရှေ့တောင် အာရှ စာချုပ်အဖွဲ့ SEATO (၁၉၅၄-၁၉၇၇) နှင့် ငါးနိုင်ငံ ကာကွယ်ရေး သဘော တူညီချက် (Five Power Defense Arrangement) တို့ကို ဖွဲ့စည်း ခဲ့သည်ကို တွေ့ရသည်။ တရုတ် နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန် နေသော အင်ဒို နီးရှား နိုင်ငံ သည်ပင်လျှင် ၁၉၆၅ ခုနှစ် စက်တင် ဘာလ ၃ဝ ရက်နေ့ မအောင် မြင်သော အာဏာ သိမ်းမှုတွင် အင်ဒိုနီးရှား ကွန်မြူနစ် ပါတီ ပါဝင် ပတ်သက် ခဲ့ပြီး နောက်ပိုင်းတွင် တရုတ် နိုင်ငံနှင့် သံတမန် အဆက် အသွယ် ဖြတ်တောက် ခဲ့သည်။
အမေ ရိကန်နှင့် တရုတ်တို့ ပြန်ပေါင်း ထုတ်ခဲ့သည့် ၁၉၇ဝ ပြည့်လွန် နှစ်များ မှသာ အာဆီယံ နိုင်ငံများ သည် တရုတ် နိုင်ငံနှင့် ပုံမှန် ဆက်ဆံမှု ပြုလုပ်ရန် စတင် ဆောင်ရွက် ခဲ့ကြသည်။ သို့သော် ဖိလစ်ပိုင်၊ ထိုင်းနှင့် မလေးရှား တို့သည် ၁၉၇ဝ ပြည့်လွန် နှစ်များ နှောင်းပိုင်း မှသာ တရုတ်နှင့် သံတမန် ဆက်ဆံမှု စတင် ခဲ့သည့် တိုင်အောင် စင်္ကာပူနှင့် အင်ဒို နီးရှားတို့သည် ၁၉၉၁ ခုနှစ်မှသာ တရုတ် နိုင်ငံနှင့် ပုံမှန် သံတမန် ဆက်ဆံ မှုများ ပြုလုပ် ခဲ့သည်ကို တွေ့ရသည်။
ကမ္ဘောဒီယား သို့မဟုတ် ပူးပေါင်းဆောင်ရွက်ရေးအစ
တရုတ် နိုင်ငံနှင့် အာဆီယံ ခြောက်နိုင်ငံ အကြား ပြန်လည် သင့်မြတ် မှု၏ အစမှာ ကမ္ဘော ဒီးယား နိုင်ငံ အရေး အခင်းပင် ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံက ကမ္ဘော ဒီးယား နိုင်ငံကို ကျူးကျော် တိုက်ခိုက်ပြီး ဗီယက်နမ် အလိုကျ ဟမ်ဆာရင် အစိုးရကို တင်မြှောက် ခဲ့သည့် အခါ ထိုကျူးကျော် မှုအပေါ် တရုတ် နှင့် အာဆီယံ နိုင်ငံ များက ဆန့်ကျင် ခဲ့ကြသည်။ ထိုအချိန်တွင် ကမ္ဘော ဒီးယား နိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ် နေသော ထိုင်းနိုင်ငံ အနေဖြင့် ဗီယက်နမ်၏ စစ်ရေး ခြိမ်းခြောက် မှုကို တရုတ် နိုင်ငံဖြင့် တန်ပြန်ရန် လိုအပ်သည် ဟူသော အယူအဆကို အာဆီယံ နိင်ငံများထံ တင်ပြ ခဲ့ပြီး တရုတ် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် ရေးကို စတင် ခဲ့သည်။
တရုတ် နိုင်ငံ အနေ ဖြင့်လည်း ထိုင်း နိုင်ငံသို့ စစ်လက်နက် ပစ္စည်းများ အကူအညီ ပေးခဲ့သည့် အပြင် ထိုင်း နယ်စပ်တွင် အခြေပြု နေသော ခမာနီ တပ်ဖွဲ့ များကို ထိုင်း နိုင်ငံကို ဖြတ်သန်းပြီး စစ်လက်နက် ပစ္စည်းများ ထောက်ပံ့ ပေးခဲ့သည်။ ထို့အပြင် တရုတ်သည် အာဆီယံ အဖွဲ့၏ ရပ်တည်ချက် ဖြစ်သော ဘုရင် သီဟာနု ခေါင်းဆောင်သည့် အစိုးရ ကိုသာ ကုလ သမဂ္ဂမှ အသိအမှတ် ပြုရန် ဆိုသည့် မူဝါဒကို လုံခြုံရေး ကောင်စီ တွင် ထောက်ခံမှု ပေးခဲ့သည်။ နောက်ဆုံးတွင် ကမ္ဘော ဒီးယား နိုင်ငံတွင် ဟွန်ဆန် အစိုးရ ပြုတ်ကျပြီး နိုင်ငံရေး အရ အဖြေ ရှာနိုင်သည် အထိ တရုတ် နိုင်ငံသည် အာဆီယံနှင့် လက်တွဲ ဆောင်ရွက် ခဲ့ခြင်းဖြင့် အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်ရေး လမ်းကြောင်းကို ခိုင်မာအောင် ဖောက်လုပ် ခဲ့ပေသည်။
၁၉၈ဝ ပြည့်နှစ်များ အတွင်းတွင် တရုတ် နိုင်ငံသည် အာဆီယံ နိုင်ငံများနှင့် သာမက ကျန်အာရှ နိုင်ငံများ နှင့် ဆက်ဆံ ရေးတွင် ကောင်းမွန် စေရန် အတွက် အရေး ပါသော ပြုပြင် ပြောင်းလဲမှု နှစ်ရပ်ကို ပြုလုပ် ခဲ့သည်။ ပထမ အပြောင်း အလဲမှာ တရုတ် ကွန်မြူနစ် ပါတီက ဒေသ တွင်းရှိ ကွန်မြူနစ် ပါတီများ အပေါ် ပါတီချင်း ဆက်ဆံရေး ထားရှိပြီး အကူအညီ ပေးနေ မှုများကို ဖြတ်တောက်ပြီး အစိုးရချင်း ဆက်ဆံရေးကို ဦးစားပေး ခဲ့ခြင်း ဖြစ်သည်။ ဒုတိယ အပြောင်း အလဲမှာ ၁၉၈၉ ခုနှစ်တွင် ပင်လယ် ရပ်ခြား တရုတ် အမျိုး သားများ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံ များတွင် နိုင်ငံသား အဖြစ် ခံယူပြီး ဥပဒေနှင့် အညီ နေထိုင်ရန် ဥပဒေ ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သည်။
၁၉၉၁ ခုနှစ် ဇူလိုင်လ တွင်မူ အာဆီယံ အဖွဲ့သည် တရုတ် နိုင်ငံခြားရေး ဝန်ကြီးကို ၂၄ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးသို့ တက်ရောက်ရန် ဖိတ်ကြား ခဲ့သည်။ ထိုအချိန်မှ စတင်ပြီိး တရုတ် နိုင်ငံသည် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးသို့ ပုံမှန် တက်ရောက် ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် တရုတ် နိုင်ငံသည် အာဆီယံ ဒေသ ဆိုင်ရာ အစည်း အဝေး ASEAN Regional Forum, ARF သို့ စတင် တက်ရောက် ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင်မူ အာဆီယံ ဆွေးနွေးဘက် နိုင်ငံ  Dialogue Partner ဖြစ်လာ ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တရုတ် သမ္မတ ကျန်စီမင်းနှင့် အာဆီယံ ခေါင်းဆောင် များသည် မလေးရှား နိုင်ငံ ကွာလာ လမ်ပူ မြို့တွင် ထိပ်သီး အစည်းအဝေး ပြုလုပ် ပြီးနောက် တရုတ်နှင့် အာဆီယံ အကြားတွင် အိမ်နီး ချင်းကောင်း မူဝါဒ နှင့် အပြန်အလှန် ယုံကြည်မှု အပေါ် အခြေ ခံသည့် ပူးပေါင်း ဆောင်ရွက်ရေးကို ထုတ်ပြန် ကြေညာ ခဲ့သည်။ ၂ဝဝ၃ ခုနှစ် အောက်တို ဘာလတွင် တရုတ်နှင့် အာဆီယံ ခေါင်းဆောင် များသည် ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက် ရေးအတွက် ပူးပေါင်း ဆောင်ရွက်မည့် ပူးတွဲ ကြေညာ ချက်ကို လက်မှတ် ရေးထိုး ခဲ့ကြ ပြန်သည်။ ထို့အချက် များက တရုတ်နှင့် အာဆီယံ အကြား ဆက်ဆံ ရေးမှာ မှန်မှန်ကြီး တိုးတက် နေသည်ဟု ညွှန်ပြ နေသော်လည်း တရုတ်နှင့် အာဆီယံ အကြားတွင် ဖြေရှင်းရန် ကျန်နေသော ပြဿနာများ ရှိနေဆဲ ဖြစ်သည်။ ထိုအထဲတွင် အဓိက အကျဆုံးမှာ တောင်တရုတ် ပင်လယ် အတွင်း နယ်မြေ ပိုင်ဆိုင်မှု အငြင်း ပွားမှု ပြဿနာပင် ဖြစ်သည်။
စပရက် လေကျွန်း သို့မဟုတ် နောက်ဆုံး အတားအဆီး
တောင်တရုတ် ပင်လယ် အတွင်းမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အရင်းအမြစ် ကြွယ်ဝ လှသော စပရတ်လေ (Spratly) ကျွန်းစု များကို ပိုင်ဆိုင် ကြောင်း တရုတ်၊ ဘရူးနိုင်း၊ တရုတ် (တိုင်ပေ)၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံတို့ ပိုင်ဆိုင် ကြောင်း ကြေညာ ထားကြသည်။ လူမနေသည့် သန္တာ ကျွန်းပေါင်း များစွာဖြင့် ဖွဲ့စည်း ထားသည့် စပရက်လေ ကျွန်းမှာ စွမ်းအင် အရင်းအမြစ် ကြွယ်ဝသည့် အပြင် အရှေ့ အာရှ ကုန်သွယ် ရေလမ်းကြောင်း တွင်လည်း အချက်အခြာ ကျသော နေရာတွင် တည်ရှိ နေသည်။ ထိုအချက် နှစ်ချက် လုံးက တရုတ် နိုင်ငံ အနေဖြင့် စပရတ်လေ ကျွန်းများကို ပိုင်ဆိုင် နိုင်ရေး အတွက် အလေး အနက် ထား ဆောင်ရွက် လာအောင် တွန်းအား ပေးနေ ခြင်းပင် ဖြစ်၏။
တရုတ် နိုင်ငံသည် ၁၉၉၃ ခုနှစ်မှ စတင်ပြီး ရေနံ တင်သွင်းသော နိုင်ငံ ဖြစ်လာခဲ့ပြီး ၂ဝဝ၄ခုနှစ်မှ စ၍ ဂျပန် နိုင်ငံကို ဖြတ်ကျော်ကာ ကမ္ဘာ ပေါ်တွင် ဒုတိယမြောက် ရေနံ အများဆုံး တင်သွင်းသည့် နိုင်ငံ ဖြစ်လာ ခဲ့သည်။ တရုတ် နိုင်ငံတွင် တရုတ် ကွန်မြူနစ် ပါတီ အနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တည်ငြိမ်မှု များကို ထိန်းသိမ်း နိုင်ရန် အတွက် လက်ရှိ စီးပွားရေး တိုးတက် မှုနှုန်း အတိုင်း ဆက်လက် တိုးတက်ရန် လိုအပ် နေပေသည်။ ထိုစီးပွားရေး တိုးတက်မှု နှုန်းကို ဆက်လက် ထိန်းသိမ်း ထားနိုင် ရန်မှာလည်း စိတ်ချရသည့် ရေနံ စွမ်းအင် အရင်းအမြစ် များကို ရရှိ ထားရန် လိုနေ ပေသည်။ ထိုကြောင့် ရေနံ အရင်း အမြစ် များကို အခြား ကမ္ဘာ့ ဒေသ များတွင် ရှာဖွေ သကဲ့သို့ နိုင်ငံ၏ ကမ်းလွန် ပင်လယ် ပြင်တွင်လည်း ရှာဖွေရန်မှာ တရုတ် နိုင်ငံအတွက် အရေး ကြီးသော အမျိုးသား အကျိုး စီးပွား ဖြစ်နေ သည်မှာ ထင်ရှား နေပေသည်။
လက်ရှိ အချိန်တွင် တောင်တရုတ် ပင်လယ် ပြင်တွင် အခြား နိုင်ငံများမှ ကမ်းလွန် ရေနံတွင်း ၁၂ဝ ကျော် တူးဖော် ထားပြီး တစ်နှစ်လျှင် ရေနံ တန်ချိန် သန်း ၃ဝ မှ၅ဝ ကြား ထုတ်လုပ်လျှက် ရှိနေ ပေသည်။ ထိုပမာဏ သည် တရုတ် နိုင်ငံ၏ နှစ်စဉ် ထုတ်လုပ်မှု ၃ဝ% ကျော် ရှိသည့် အပြင် တရုတ် နိုင်ငံ၏ တောင်တရုတ် ပင်လယ်ပြင် ရေနံတွင်း များမှ ထုတ်လုပ် နေသည့် ပမာဏ ထက် အဆ လေးဆယ်ကျော် များနေ သည်ကို တွေ့ရ သည်။ ထို့ပြင် တရုတ် နိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုနှင့် ရေနံ တင်သွင်းမှု ၈ဝ% သည် မလက္ကာ ရေလက်ကြား တို့မှ တဆင့် တောင်တရုတ် ပင်လယ်ကို ဖြတ်သန်း သွားနေရာ စပရက်လေ ကျွန်းများသည် တရုတ် နိုင်ငံ၏ ကုန်သွယ် ရေလမ်းကြောင်း လုံခြုံရေး အတွက်ပါ အရေးပါ နေသည်ကို တွေ့ရမည် ဖြစ်သည်။
ထို့ကြောင့် ၁၉၈ဝ ပြည့်လွန် နှစ်များမှ စတင်ပြီး တရုတ် ရေတပ် အနေဖြင့် ကမ်းရိုးတန်း ကာကွယ်ရေး ကိုသာ အလေးပေး ထမ်းဆောင် ရာမှ အနာဂတ်တွင် တောင်တရုတ် ပင်လယ်နှင့် မလက္ကာ ရေလက်ကြား အလွန် ဒေသ များရှိ တရုတ် နိုင်ငံ၏ အကျိုး စီးပွား များကို ကာကွယ် နိုင်သည့် စွမ်းရည် ရရှိစေရန် အတွက် ခေတ်မီ အောင် ပြုပြင် ပြောင်းလဲ မှုများကို တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် လာခဲ့သ ည်ကို တွေ့ရ ပေသည်။
၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ် ပြည်သူ့ အမျိုးသား ကွန်ဂရက်က တရုတ် နိုင်ငံ၏ ရေပိုင် နက်နှင့် ပတ်သက်သော ဥပဒေ တစ်ခုကို ပြဋ္ဌာန်း ခဲ့ရာတွင် စပရတ်လေ ကျွန်းစု အားလုံးကို တရုတ် နိုင်ငံက ပိုင်ဆိုင်ကြောင်း ဖော်ပြ ခဲ့သည့် အပြင် ထိုနယ်နမိတ်ကို ကာကွယ်ရန် အတွက် လိုအပ်ပါက စစ်အင်အားကို အသုံးပြုမည် ဖြစ်ကြောင်း အတိအလင်း ဖော်ပြ ခဲ့ပေသည်။ ထို့နောက် တရုတ် တပ်မတော်က Woody ကျွန်ပေါ်တွင် လေယာဉ် ပြေးလမ်း တစ်ခု ဖောက်လုပ်ခြင်း၊ ဖိလစ်ပိုင်က ပိုင်ဆိုင်ကြောင်း ကြေညာ ထားသည့် Mischief ကျွန်းကို သိမ်းပိုက်ပြီး စခန်း ဆောက်လုပ် ခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။ တရုတ် နိုင်ငံ၏ လုပ်ဆောင်ချက် များကြောင့် အာဆီယံ အဖွဲ့ အနေဖြင့် ၁၉၉၅ ခုနှစ် မတ်လတွင် စပရတ်လေ ကျွန်းစု ပိုင်ဆိုင်မှု အပေါ် အငြင်းပွား နေမှုအား ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းဆိုသည့် ကြေညာချက်ကို ထုတ်ပြန် ခဲ့ရသည့် အပြင် တရုတ် နိုင်ငံမှ ကန့်ကွက် နေသည့် ကြားမှ စပရတ်လေ ကျွန်း အရေး အခင်းကို အာဆီယံ ဒေသ ဆိုင်ရာ ဆွေးနွေးပွဲ တွင် ထည့်သွင်း ဆွေးနွေး ခဲ့ကြသည်။
သို့သော် တရုတ် နိုင်ငံ အနေဖြင့် စပရတ်လေ ကျွန်း အရေးအခင်းတွင် မိမိ သဘောထားကို ခိုင်မာစွာ ရပ်တည် သကဲ့သို့ တစ်ဖက် ကလည်း အာဆီယံ နိုင်ငံများနှင့် ဆက်ဆံ ရေးတွင် စပရတ်လေ ကျွန်း အရေးအခင်း က အဟန့် အတား မဖြစ်ေ အာင်လည်း ဆောင်ရွက် ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့်ပင် ၂ဝဝ၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ တွင် အာဆီယံနှင့် တရုတ် နိုင်ငံ အကြား တောင် တရုတ် ပင်လယ် အတွင်း အငြင်းပွား မှုများနှင့် ပတ်သက်ပြီး ပူးတွဲ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန် ခဲ့သည်။ ထို ကြေညာချက် အရ စပရက်လေ ကျွန်းစုကို ပိုင်ဆိုင် ကြောင်း ကြေညာ ထားသည့် နိုင်ငံများ အနေဖြင့် အငြင်း ပွားမှုကို အရှိန် အဟုန် မြင့်စေ မည့် လုပ်ရပ် များကို ရှောင်ရှားရန်နှင့် လက်ရှိ လူနေ ထိုင်ခြင်း မရှိသော ကျွန်းများ ပေါ်တွင် တပ်စွဲခြင်း၊ အရပ်သားများ နေထိုင်ခြင်းတို့ မပြုလုပ်ရန် သဘော တူညီ ခဲ့ကြသည်။
တရုတ် နိုင်ငံက စပရတ်လေ ကျွန်း အငြင်း ပွားမှုတွင် ယခု ကဲ့သို့ အာဆီယံနှင့် ပြေလည်အောင် လုပ်ဆောင် ခဲ့ခြင်း၏ အဓိက အကြောင်း အရင်းမှာ အမေရိကန် နိုင်ငံက ထိုအငြင်း ပွားမှုကို အကြောင်း ပြုပြီး အာဆီယံနှင့် တရုတ်အကြား သပ်လျှို လာမည့် အရေးကို တားဆီး ရန်ပင် ဖြစ်သည်။ ထို့ပြင် တရုတ် ခေါင်းဆောင်များ အနေဖြင့် နယ်မြေ ပိုင်ဆိုင်မှုကို အငြင်းပွား နေမည့် အစား ပိုင်ဆိုင်ကြောင်း ကြေညာ ထားသည့် နိုင်ငံများ ပူးပေါင်းပြီး ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ များကို ပူးပေါင်း ရှာဖွေ ထုတ်လုပ် ခွဲဝေ ခံစားသည့် ပိုမို လက်တွေ့ ကျသည့် နည်းလမ်းကို ကျင့်သုံး ရန်လည်း ရည်ရွယ် သည်ဟု ယူဆ ရပါသည်။ ထို့ကြောင့်ပင် ၂ဝဝ၅ ခုနှစ် မတ်လတွင် တရုတ်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် ရေနံ ကုမ္ပဏီများ အကြား တောင်တရုတ် ပင်လယ်တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပူးပေါင်း ရှာဖွေရန် သဘော တူညီ ချက်ကို လက်မှတ် ရေးထိုး နိုင်ခဲ့ သည်ကို တွေ့ရသည်။ ယခု ကဲ့သို့ တောင်တရုတ် ပင်လယ် အတွင်း အငြင်း ပွားမှုကို အရှိန်လျော့ သွားအောင် ဆောင်ရွက် လိုက်ခြင်းဖြင့် တရုတ်နှင့် အာဆီယံ ကြား ဆက်ဆံရေးကို အနှောက် အယှက် ဖြစ်စေသည့် နောက်ဆုံး အတားအဆီးကို ဖယ်ရှား လိုက်နိုင်သည် ကတော့ အမှန်ပင်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
ရဲထွဋ်
မှီငြမ်းပြုစာစောင်များ

၁။
Jing-dong Yuan, CHINA-ASEAN RELATIONS:PERSPECTIVES, PROSPECTS AND IMPLICATIONS FOR U.S. INTERESTS, US Army, Strategic Study Institute, October, 2006
၂။
Christopher J. Pehrson, MEETING THE CHALLENGE OF CHINA'S RISING POWER ACROSS THE ASIAN LITTORAL,. US Army, Strategic Study Institute, July , 2006

No comments:

Post a Comment