အာဆီယံ၏
အခန်းကဏ္ဍ
၁၉၈ဝ ပြည့်လွန် နှစ်များ အထိ အာရှတိုက်၏
ပထဝီ နိုင်ငံရေး စင်မြင့်တွင် အမေရိကန်၊ ဆိုဗီယက်၊ တရုတ်နှင့် ဂျပန် တို့သည်သာ အဓိက
ဇာတ်လိုက်များ ဖြစ်ခဲ့ ကြသည်။ ၂၁ ရာစုသို့ ဝင်လာ ချိန်တွင်မူ အာဆီယံ သည် အာရှ ဒေသတွင်
အရေး ပါသည့် ဒေသ ဆိုင်ရာ အဖွဲ့အစည်း တစ်ခု အဖြစ်သို့ ရောက်လာကာ အမေရိကန်၊ တရုတ်၊ ဂျပန်၊
ရုရှား တို့နှင့် တန်းတူ ရည်တူ ရပ်တည် နေပြီ ဖြစ်သည်။
ထိုကဲ့သို့ အာရှ ဒေသ ရေးရာ များတွင် အာဆီယံ
ရှေ့တန်း ရောက်လာ ခြင်းကို အဆင့် လေးဆင့် ဖြင့် ခွဲခြား သုံးသပ် နိုင်သည်။ ပထမ အဆင့်မှာ
၁၉၇၈ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံက ကမ္ဘော ဒီးယား နိုင်ငံကို ကျူးကျော်...
Tuesday, November 26, 2013
တရုတ်-အာဆီယံဆက်ဆံရေးနှင့် အမေရိကန်အမျိုးသားအကျိုးစီးပွား(၂)
ကာကွယ်ရေးနှင့်လုံခြုံရေး
တရုတ်နှင့် အာဆီယံ အကြား
ဆက်ဆံရေး တိုးတက် လာသည် နှင့်အမျှ ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု
များလည်း အရှိန်မြင့် လာခဲ့သည်။ ထိုသို့ ပူးပေါင်း ဆောင်ရွက် ရာတွင် စစ်ဘက် ဆိုင်ရာ
ကိုယ်စားလှယ် အဖွဲ့များ အပြန် အလှန် လည်ပတ်ခြင်း၊ စစ်ဘက် သင်တန်း သားများ အပြန် အလှန်
စေလွှတ်ခြင်း မှအစ ပူးတွဲ စစ်ရေး လေ့ကျင့် ခြင်းအထိ ကဏ္ဍ ပေါင်းစုံ ပါဝင် ခဲ့သည်။ ၂ဝဝ၂
ခုနှစ်မှ ၂ဝဝ၆ ခုနှစ် အတွင်းတွင် တရုတ် ကာကွယ်ရေး ဝန်ကြီး၊ တရုတ် ပြည်သူ့ လွတ်မြောက်ရေး
တပ်မတော်မှ ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ် များနှင့် အခြား အဆင့်မြင့် အရာရှိကြီး များသည်
အာဆီယံ...
တရုတ်-အာဆီယံဆက်ဆံရေးနှင့် အမေရိကန်အမျိုးသားအကျိုးစီးပွား(၁)
ပြီးခဲ့သည့် ဆယ့်ငါးနှစ်
ကာလ ၁၉၉၁ ခုနှစ်တွင် တရုတ်နှင့် အာဆီယံ နိုင်ငံ ခြောက်နိုင်ငံ အကြား ပုံမှန် ပြန်လည်
ဆက်သွယ်မှု ပြုသည့် အချိန်က အာဆီယံ နိုင်ငံများ အတွင်းတွင် တရုတ် နိုင်ငံ၏ ကြီးထွား
လာသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အင်အား အပေါ် သံသယ စိတ်နှင့် စိုးရိမ် စိတ်များ
ရှိနေဆဲ ဖြစ်၏။
အထူး သဖြင့် ၁၉၉၁ ခုနှစ်တွင်
ဖိလစ်ပိုင် နိုင်ငံမှ အမေရိကန် ရေတပ်နှင့် လေတပ် အခြေစိုက် စခန်း များကို ရုပ်သိမ်း
သွားပြီး နောက် အမေ ရိကန် တို့၏ အာရှတိုက် ဆိုင်ရာ မူဝါဒက မပြတ်မသား ဖြစ်နေ ချိန်၌
တရုတ် နိုင်ငံ၏ မဟာ ဗျူဟာ ရည်မှန်း ချက်များ အပေါ် အာဆီယံ နိုင်ငံ များက စိုးရိမ်...
တရုတ်နိုင်ငံအတွက်ရေနံ
မရှိမဖြစ်ရေနံ
၁၉၉၀ ပြည့်လွန် နှစ်များ အတွင်း အရှိန် အဟုန်ဖြင့် တိုးတက် လာခဲ့သော စီးပွားရေး
ဖွံ့ဖြိုး မှုများ နှင့်အတူ တရုတ် နိုင်ငံ၏ ရေနံ လိုအပ်ချက် သည်လည်း မြင့်မား လာခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် တစ်နေ့လျှင် ရေနံစည် တစ်သန်းခွဲ ကျော်သာ အသုံးပြု ခဲ့ရာမှ ၁၉၉၃
ခုနှစ်တွင် တစ်နေ့လျှင် ရေနံစည် သုံးသန်း နီးပါးခန့် အသုံးပြု ခဲ့ရပြီး ရေနံ တင်ပို့သည့်
နိုင်ငံ အဖြစ်မှ ရေနံ တင်သွင်း ရသည့် နိုင်ငံ အဖြစ်သို့ ရောက်ရှိ သွားခဲ့သည်။ ၂၀၀၄
ခုနှစ် တွင်မူ တစ်နေ့လျှင် ရေနံစည် ၆.၅ သန်း သုံးစွဲ ခဲ့ပြီးနောက် ဂျပန်နိုင်ငံကို
ကျော်တက်ကာ ကမ္ဘာပေါ်တွင် ဒုတိယ မြောက် ရေနံ အများဆုံး...
တိုနီဘလဲအကြောင်းတစေ့တစောင်း
ဗြိတိသျှ ဝန်ကြီးချုပ် တိုနီ ဘလဲက မေလ
၁ဝ ရက်နေ့တွင် ၎င်း အနေဖြင့် ပါတီ ခေါင်းဆောင် ရာထူးမှ ဇွန်လ ၂၇ ရက်နေ့တွင် အနားယူ တော့မည်
ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ ထိုကြေညာ ချက်နှင့် အတူ လေဘာပါတီ သမိုင်းတွင် သက်တမ်း
အရှည်ဆုံး တာဝန် ထမ်းဆောင် ခဲ့သော၊ လေဘာ ပါတီကို သုံးကြိမ်ဆက်တိုက် ရွေးကောက်ပွဲ အနိုင်
ရအောင် စွမ်းဆောင် ခဲ့သော တိုနီ ဘလဲ၏ နိုင်ငံရေး ဘဝလည်း အဆုံးသတ် တော့မည် ဖြစ်သည်။
နိုင်ငံရေးဘဝအစ
၁၉၅၃ ခုနှစ် မေလ ၆ ရက်နေ့ တွင် မွေးဖွားခဲ့သော
တိုနီ ဘလဲသည် အောက်စဖိုဒ့် တက္ကသိုလ်မှ ကျောင်းပြီး သည့် ၁၉၇၅ ခုနှစ်တွင် လေဘာ ပါတီသို့
ဝင်ရောက်ပြီး နိုင်ငံရေး လှုပ်ရှား မှုများကို...
Thursday, October 31, 2013
နဂါးခံတွင်းသို့ဝင်မည့်လင်းယုန်(၃)
တရုတ် နိုင်ငံတွင် ထုတ်ဝေသော စစ်ဘက်
ဆိုင်ရာ စာပေ များ၌ ရေးသား ဖော်ပြ ချက်များ အရ တရုတ် နိုင်ငံ အနေဖြင့် ဟန့်တား နှောက်ယှက်ရေး
မဟာ ဗျူဟာကို အောက်ပါ အတိုင်း အသုံးပြု လာနိုင် သည်ဟု အမေရိကန် စစ်ရေး ကျွမ်းကျင် သူများက
သုံးသပ် တင်ပြခဲ့ ကြသည်ကို တွေ့ရ ပေသည်-
စစ်စခန်းချခွင့်၊
နယ်မြေအသုံးပြုခွင့်မရရှိအောင်တားဆီးခြင်း
တရုတ် နိုင်ငံ အနေဖြင့် ပဋိပက္ခ ကာလတွင်
ဒေသတွင်းရှိ အမေ ရိကန်တို့၏ မဟာမိတ် နိုင်ငံများက ၎င်းတို့ နိုင်ငံရှိ အခြေစိုက် စခန်း
များကို အမေရိကန် တပ်ဖွဲ့များ အသုံးပြု ခြင်းအား တားဆီးခြင်း၊ သို့မဟုတ် လေပိုင်နက်ကို
ဖြတ်ကျော် ပျံသန်း ခွင့်မပြုခြင်း၊...
Subscribe to:
Posts (Atom)