ပြီးခဲ့သည့် အောက်တို ဘာလ ၁ ရက်နေ့တွင်
အမေရိကန် ကာကွယ်ရေး မူဝါဒ၌ အရေး ပါသော အပြောင်းအလဲ တစ်ခု ပေါ်ပေါက် ခဲ့သည်။ ထို့နေ့က ရမ်းစဖဲလ် လက်ထက်က စတင် ခဲ့သည့် ကာကွယ်ရေး မဟာဗျူဟာ
ပြန်လည် သုံးသပ် ချက်၏ ရလဒ်အဖြစ် အမေရိကန် တပ်မတော် သည် အာဖရိက ဒေသ ကွပ်ကဲမှု ဌာနချုပ်
(United State Africa Command , AFRICOM) ကို
တရားဝင် စတင် လုပ်ငန်း ဆောင်ရွက်သည့် အခမ်း အနားကို ကျင်းပ ခဲ့သည်။
ဒေသကွပ်ကဲမှုဌာနချုပ်များ
ဒေသ ကွပ်ကဲမှု ဌာနချုပ် များသည် အမေရိကန်
ကာကွယ်ရေး မူဝါဒတွင် အရေး အကြီးဆုံး အစိတ်အပိုင်း ဖြစ်သည်။ ထိုဌာနချုပ် များကို ပေါင်းစည်း ကွပ်ကဲမှု ဌာနချုပ်...
Wednesday, February 26, 2014
အိုဘားမားရဲ့ အာဖဂန်မဟာဗျူဟာသစ်
သုံးလကျော် အာဖဂန် စစ်ပွဲ အတွက် မဟာဗျူဟာ
သစ်ကို စဉ်းစား ပြီးနောက် အိုဘားမားက ၎င်း၏ မဟာ ဗျူဟာကို ဒီဇင်ဘာလ ၁ ရက်နေ့၌ ၀က်စ်ပွိုင့်
စစ်တက္ကသိုလ် ဗိုလ်လောင်း များကို မိန့်ခွန်း ပြောကြား ရင်းဖြင့် ချပြ ခဲ့သည်။ သို့သော်
ထိုမဟာ ဗျူဟာ သစ်က အောင်ပွဲ ရမည် ဆိုသည့် ယုံကြည်မှု တွေထက် အောင်ပွဲ အပေါ် သံသယတွေ ပေါ်လာ
အောင်သာ လုပ်ဆောင် ပေးနိုင် ခဲ့သည်။
အခြေခံမဏ္ဍိုင်သုံးခု
အိုဘားမား၏ မဟာဗျူဟာသည် မဏ္ဍိုင် သုံးခု
ပေါ်တွင် အခြေခံသည်။ ပထမ မဏ္ဍိုင်မှာ စစ်ရေး ဖြစ်ပြီး အိုဘားမားက လာမည့် ၁၈ လအတွင်း တာလီဘန်
တို့၏ စစ်ရေး စွမ်းရည်ကို ရိုက်ချိုး နိုင်ရန်
အတွက် နောက်ထပ် တပ်အင်အား...
အမေရိကန် ဘယ်ကိုသွားမလဲ
အိုဘားမား အစိုးရ တာဝန် ယူချိန်တွင် အမေရိကန်
နိုင်ငံသည် သမိုင်း တွင်မည့် မဟာဗျူဟာ အပြောင်း အလဲ ကာလနှင့် ရင်ဆိုင် နေရ ပေပြီ။
အီရတ်နှင့် အာဖဂန် စစ်ပွဲ များကြောင့် အမေရိကန် တပ်မတော်သည် မနိုင်ဝန် ထမ်းနေ ရသည့်
အခြေအနေ ရောက်ဖို့ နီးနီး လာနေပြီ ဖြစ်သည်။ ဘဏ္ဍာရေးနှင့် စီးပွားရေး ပျက်ကပ် ကြောင့်
အမေ ရိကန် တို့၏ အမျိုး မျိုးသော အကျိုး စီးပွား များကို အကောင် အထည် ဖော်ရာတွင် ငွေကြေး
ကန့်သတ် ချက်တွေ ရှိလာသည်။ ထွန်းသစ်စ အင်အားကြီး နိုင်ငံများ၊ သံယံဇာတ အရင်း အမြစ်များ
ရှားပါး လာမှု၊ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ လာမှု၊ ယိုယွင်း ပျက်စီး နေသော နိုင်ငံများ၊
နိုင်ငံမဲ့ အစွန်းရောက်...
Subscribe to:
Posts (Atom)