Tuesday, January 21, 2014

ဈေးကွက်ပြိုင်ဆိုင်မှုနှင့်မီဒီယာကျင့်ဝတ်များ

လွတ်လပ်သော မီဒီယာသည် ဒီမို ကရေစီ စနစ်တွင် အရေး ကြီးသည့် စတုတ္ထ မဏ္ဍိုင် ဖြစ်သည် ဆိုသည်ကို အားလုံးက လက်ခံ ထားပြီး ဖြစ်သည်။ စတုထ္တ မဏ္ဍိုင် အနေဖြင့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး မဏ္ဍိုင် သုံးရပ်ကို တည့်မတ်အောင် ထိန်းကျောင်း ပေးရမည်၊ ပြည်သူ အတွက် အသိပေး သင့်သော သတင်း အချက် အလက် များကို ဖြန့်ဝေ ပေးရမည် ဆိုသည် ကိုလည်း မည်သူမျှ အငြင်း ပွားမည် မဟုတ်ပေ။ သို့သော် ၂၄/၇ ဟု ဆိုသည့် တစ်နေ့တွင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက် သတင်း ထုတ်လွှင့် နေသည့် အချိန် မျိုးတွင် ပုံနှိပ် မီဒီယာ တွေက ရေဒီယို၊ ရုပ်မြင် သံကြား တွေနှင့် အပြိုင် ပရိသတ် ရအောင် လုပ်နေ ရသည်။ ရေဒီယို၊...
Read more

ရွေးကောက်ပွဲနှင့် စတုတ္ထမဏ္ဍိုင်တာဝန်

ဒီမို ကရေစီ စနစ်၏ အဓိက လက္ခဏာ တစ်ရပ်မှာ ကာလ အပိုင်း အခြား သတ်မှတ်ပြီး ပုံမှန် ကျင်းပသည့် ရွေးကောက် ပွဲများ ဖြစ်သည်။ ရွေးကောက်ပွဲ များတွင် ပြည်သူ တို့က ပါတီများ၊ ကိုယ်စားလှယ် လောင်းများ၏ အတိတ်က လုပ်ဆောင် ချက်များ၊ ရှေ့ဆက် အကောင် အထည် ဖော်မည့် မူဝါဒ များကို မှတ်ကျောက်တင် ဆန်းစစ် ကြသည်။ ဒါတွေကို မူတည်ပြီး ရွေးချယ်မှု ပြုကြသည်။ ထိုကဲ့သို့ ပြည်သူတွေ၊ မဲဆန္ဒ ရှင်တွေက မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ် နိုင်ဖို့ အတွက် သတင်း အချက် အလက်တွေ လိုသည်။ ထိုသတင်း အချက် အလက် များကို ဖြည့်ဆည်း ပေးနိုင် သည်က သတင်း မီဒီယာများ ဖြစ်သည်။ ထို့ကြောင့်လည်း ဒီမို ကရေစီ စနစ်၏ နောက်ထပ် လက္ခဏာ...
Read more

ဘက်မလိုက်တဲ့မီဒီယာ

မည်သည့် ရွေးကောက် ပွဲတွင် မဆို ရွေးကောက်ပွဲ အကြို မဲဆွယ် စည်းရုံးမှု ကာလတွင် မီဒီယာများ အနေဖြင့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် လောင်းများနှင့် ပတ်သက်ပြီး ပြည်သူ များကို အသိပေး ရမည် ဖြစ်သည်။ ထို တာဝန်ကို မီဒီယာ များက မည်ကဲ့သို့ ထမ်းဆောင် မည်ဆိုသည့် အချက်သည် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲ ဖြစ်ပေါ် ရေးတွင် အရေး ကြီးသည့် အချက်ဟု ဆိုနိုင် ပါသည်။ လွတ်လပ်မှုနှင့် ယုံကြည်စိတ်ချရမှု ရွေးကောက်ပွဲ သတင်း ရေးသား မှုနှင့် ပတ်သက်လျှင် အများဆုံး ပြောလေ့ရှိသော၊ ကြားရလေ့ ရှိသော စကားလုံးမှာ မီဒီယာ လွတ်လပ်ခွင့် ဆိုသော စကား လုံးပင် ဖြစ်မည် ထင်သည်။...
Read more