အာရှသား များက ဒီမိုကရေစီ စနစ် အပေါ်
ဘယ်လို ရှုမြင် သည်ကို လေ့လာ လိုလျှင် အရှေ့ အာရှ ဒေသသည် အသင့်တော်ဆုံး ဖြစ်သည်။
ထိုဒေသတွင် အာရှ၏ သက်တမ်း အရှည်ဆုံး ဒီမို ကရေစီ နိုင်ငံ ဖြစ်သည့် ဂျပန်ရှိသည်။ ၁၉၈၀
ပြည့်လွန် နှစ်များ နှောင်းပိုင်းတွင် ဒီမိုကရေစီ ဘက်သို့ ကူးပြောင်း လာသော
ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) လို နိုင်ငံတွေ ရှိသည်။ စစ်အေး တိုက်ပွဲ ပြီးဆုံး
ပြီးနောက် နိုင်ငံရေး စနစ် ပြောင်းခဲ့သည့် မွန်ဂို လီးယားလို့ နိုင်ငံ ရှိသည်။ အလားတူပင်
တစ်ပါတီ စနစ် ကျင့်သုံး နေသည့် တရုတ် နိုင်ငံ ရှိသကဲ့သို့ တစ်နိုင်ငံ စနစ် နှစ်မျိုးမူနှင့်
ကျင့်သုံး နေသည့် ဟောင်ကောင်လို...
Tuesday, March 25, 2014
အမေရိကန်သမ္မတရွေးကောက်ပွဲအကြောင်းတစေ့တစောင်း
နိုင်ငံ
တကာတွင် ကျင်းပ နေသည့် ရွေးကောက် ပွဲများ အနက် အမေရိကန် သမ္မတ ရွေးကောက် ပွဲသည် ကမ္ဘာ့
ပြည်သူ များ၏ စိတ်ဝင် စားမှု အခံရဆုံး ရွေးကောက်ပွဲ ဖြစ်သည်။ သို့သော် အမေရိကန် နိုင်ငံ၏
သမ္မတ ရွေးချယ်မှု စနစ်တွင် အခြား နိုင်ငံ များနှင့် မတူပဲ ထူးခြား ချက်များ ရှိနေ သည်ကို
သတိ ပြုမိသူ နည်းမည် ထင်ပါသည်။
သမ္မတရွေးချယ်ရေးအဖွဲ့
တကယ်တော့
အမေရိကန် သမ္မတကို မဲဆန္ဒရှင် များက တိုက်ရိုက် ရွေးချယ် တင်မြှောက်ခြင်း မဟုတ်ပေ။ သမ္မတ
ရွေးချယ်ရေး အဖွဲ့ Electoral College ကသာ မဲပေး ရွေးချယ်ခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်း
မှာလည်း အမေရိကန် အခြေခံ ဥပဒေ ရေးဆွဲ စဉ်က...
အစားထိုးဖို့မလွယ်ပါ
ကမ္ဘာကြီး ပူနွေး လာမှု၊ ရာသီဥတု ပြောင်းလဲမှု၊ ရေနံ ဈေးနှုန်း
ကြီးမြင့်မှုများ ပေါင်းစပ် လိုက်သည့် အခါ အခြား စွမ်းအင် အရင်း အမြစ်များ (Alternative Energy) ဆိုသည့် စကားလုံးက ခေတ်စား
လာတော့သည်။ ရုပ်ကြွင်း လောင်စာ တွေကို ကာဘွန် ထုတ်လုပ်မှု လျော့နည်းသည့် စွမ်းအင် အရင်း
အမြစ်များ၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် များဖြင့် အစား ထိုးရန် တောင်းဆို မှုတွေ
များလာသည်။ သို့သော် ထိုစွမ်းအင် အရင်း အမြစ် တွေက လူတွေကို ကောင်းကျိုး တွေချည်း ပေးမှာလား။
အသေအချာ လေ့လာလျှင် ထိုအစားထိုး စွမ်းအင် အရင်း အမြစ် တွေနှင့် ပတ်သက်ပြီး လုပ်စရာတွေ
အများကြီး ကျန်နေ သေးသည်ကို တွေ့ရမည်...
Subscribe to:
Posts (Atom)